သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက် ရာဇဝတ်မှုဆိုင်ရာမူကြမ်း ကုလမှာ သဘောတူညီမှုရ


ကုလသမဂ္ဂ
ကုလသမဂ္ဂ

ကုလသမဂ္ဂအနေနဲ့ ပထမဆုံး အင်တာနက် ရာဇဝတ်မှုဆိုင်ရာ သဘောတူစာချုပ်မူကြမ်းကို ထုတ်ပြန်လိုက်ပါပြီ။

လူ့အခွင့်အရေးအဖွဲ့တွေ ကန့်ကွက်တဲ့ကြားက ဒီအင်တာနက် Online ရာဇဝတ်မှုတွေကို ပစ်မှတ်ထားတဲ့ ဥပဒေမူအတွက် ၃ နှစ်ကြာ ညှိုနှိုင်းခဲ့အပြီး အခုနောက်ဆုံး နယူးယောက်မှာ မူကြမ်းရေးဆွဲရေးကော်မတီ အဖွဲ့ဝင်နိုင်ငံတွေ ၂ ပတ်ကြာဆွေးနွေးခဲ့ပြီးတဲ့နောက်မှာ အားလုံးက သဘောတူခဲ့ကြတာပါ။

ဒါပေမဲ့ မနေ့က အခုလို သဘောတူခဲ့တဲ့ ဒီမူကြမ်းကို လာမဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်ပြပြီး၊ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နောက်ဆုံး တရားဝင် အတည်ပြုပေးချက် ရယူရပါဦးမယ်။

ဒီမူကြမ်းရေးဆွဲရေးကော်မတီ ဥက္ကဋ္ဌ အယ်ဂျီးရီးယားနိုင်ငံ သံတမန် Faouzia Boumaiza Mebarki က၊ အခု သမိုင်းဝင် သဘောတူစာချုပ် မူကြမ်းကို အားလုံးက သဘောတူလိုက်တဲ့အတွက် ဂုဏ်ယူမိတယ်၊ အားလုံးကို ကျေးဇူးပါလို့ ထောက်ခံသူတွေကို ဝမ်းသာအားရ ပြောခဲ့ပါတယ်။

တကယ်တော့ ဒီမူကြမ်းအဆိုကို ရုရှားက ပြီခဲ့တဲ့ ၇ နှစ်၊ ၂၀၁၇ ခုနှစ်ကထဲက စ တင်သွင်းခဲ့အပြီး၊ ဖိနှိပ်မှုဖြစ်မှာစိုးရိမ်တဲ့အတွက် အမေရိကန်၊ ဥရောပနိုင်ငံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်တဲ့ကြားက ကုလသမဂ္ဂက မူကြမ်းရေးဆွဲရေး ကော်မတီကို ဖွဲ့စည်းတာဝန်ပေးခဲ့တာပါ။

ဒီ ဥပဒေကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အတည်ပြုပေးပြီးရင်တော့ အင်တာနက်ကနေ ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ မတရားလုပ်မှုတွေကနေ၊ ငွေကြေးလိမ်လည် ခဝါချမှုတွေအထိ ပိုပြီး ထိထိရောက်ရောက် အရေးယူနိုင်မယ်လို့ တောင်အာဖရိကနိုင်ငံ ကိုယ်စားလှယ်က ပြောပါတယ်။

အခုလို ထိရောက်အောင် အကောင်အထည်ဖော်နိုင်ရေး ဒီမူကြမ်းထဲမှာပဲ အင်တာနက်နဲ့ နည်းပညာအားနည်းတဲ ဖွံဖြိုးဆဲနိုင်ငံတွေကို နည်းပညာဆိုင်ရာ အကူအညီနဲ့ ကျွမ်းကျင်မှုမြှင့်တင်ရေး သင်တန်းတွေပေးဖို့ ထည့်သွင်းထားတယ်လို့လည်း ဒီကိုယ်စားလှယ်ကပဲ ရှင်းပြခဲ့ပါတယ်။

အင်တာနက် ရာဇဝတ်မှုဆိုင်ရာမူကြမ်း ကုလမှာ သဘောတူညီမှုရ
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG