သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သက္ရွိဇီဝမ်ဳိးကြဲ ထိန္းသိမ္းေစာင့္ေရွာက္ေရး ကုလသမဂၢနဲ႔ ကမာၻ႔ေခါင္းေဆာင္ေတြ တိုက္တြန္း


ကုလသမဂၢအႀကီးတန္း တာ၀န္ရွိသူေတြနဲ႔ ကမာၻ႔ေခါင္းေဆာင္ေတြ ဗုဒၶဟူးေန႔ကျပဳလုပ္တဲ့ သက္ရွိဇီ၀မ်ိဳးကဲြဆုိင္ရာ ကုလသမဂၢညီလာခံျမင္ကြင္း။ (ဓာတ္ပံု - UNTV via REUTERS စက္တင္ဘာ ၃၀၊ ၂၀၂၀)

[Zawgyi/Unicode]

သက္ရွိဇီ၀မ်ိဳးကဲြေတြကို ထိန္းသိမ္းေစာင့္ေရွာက္ဖို႔ကိစၥကို အျမန္ဆုံးလုပ္ေဆာင္ၾကဖို႔ ကုလသမဂၢအႀကီးတန္း တာ၀န္ရွိသူေတြနဲ႔ ကမာၻ႔ေခါင္းေဆာင္ေတြက ဗုဒၶဟူးေန႔ကျပဳလုပ္တဲ့ သက္ရွိဇီ၀မ်ိဳးကဲြဆုိင္ရာ ကုလသမဂၢညီလာခံမွာ ေတာင္းဆုိလိုက္ပါတယ္။

ကမာၻေပၚကလူသားေတြရဲ႕ တည္ရွိမႈဟာ မိမိတု႔ိပတ္၀န္းက်င္မွာရွိတဲ့ သဘာ၀ပတ္၀န္းက်င္းကို ထိန္းသိမ္းေစာင့္ေရွာက္ႏုိင္စြမ္းေပၚမွာ လုံး၀မူတည္ေနတယ္လို႔ ၇၅ ႀကိမ္ေျမာက္ကုလသမဂၢအေထြေထြညီလာခံရဲ႕ ဥကၠ႒ Volkan Bozkir က ညီလာခံအဖြင့္မိန္႔ခြန္းမွာ ေျပာပါတယ္။

ႏွစ္စဥ္ႏွစ္တုိင္းလို သစ္ေတာဧရိယာ ဟက္တာ ၁၃ သန္းေလာက္ ဆုံးရႈံးၿပီး သက္ရွိမ်ိဳးစိတ္ေတြသန္းနဲ႔ခ်ီၿပီး မ်ိဳးတုံးေပ်ာက္ကြယ္ႏုိင္တဲ့ အႏၲရာယ္ရွိေၾကာင္း၊ ဒါ့အျပင္ လြန္ခဲ့တဲ့ ႏွစ္ ၅၀အတြင္း ေက်ာ႐ုိးရွိသတၱ၀ါအေရအတြက္ ၆၈ ရာခိုင္ႏႈန္းေလာက္ က်ဆင္းခဲ့တယ္လို႔ ေျပာပါတယ္။

ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ကလည္း ဇီ၀မ်ိဳးစိတ္ေတြ ဆုံးရႈံးေနတာေတြကို မဆုံးရႈံးရေအာင္လုပ္ဖို႔နဲ႔ ေနာက္မ်ိဳးဆက္ေတြအတြက္ ပိုမိုေကာင္းမြန္းတဲ့ ပတ္၀န္းက်င္တခုကို ဖန္းတီးတည္ေဆာက္ဖို႔ ႀကီးမားတဲ့ ရည္မွန္းခ်က္ေတြ ထားရွိေရး ေတာင္းဆုိလိုက္ပါတယ္။

"လြန္ခဲ့တဲ့ ၁၀ ႏွစ္က က်ေနာ္တုိ႔ဟာ က်ေနာ္တုိ႔ရဲ႕ ကမာၻႀကီးကို ကာကြယ္ေပးႏုိင္မယ့္ သႏိၷ႒ာန္ေတြကို ခ်မွတ္ခဲ့ၾကပါတယ္။ အမ်ားအားျဖင့္ေတာ့ မေအာင္ျမင္ခဲ့ပါဘူး။ ဒါေပမဲ့ ႀကိဳးပမ္းအားထုတ္ လုပ္ေဆာင္ၾကတဲ့အခါ က်ေနာ္တို႔ရဲ႕ စီးပြားေရးေတြအေပၚ၊ လူသားထုအေပၚနဲ႔ ကမာၻႀကီး က်န္းမာသန္စြမ္းေရးအေပၚ အက်ဳိးသက္ေရာက္မႈေတြရွိတယ္ဆုိတာ ျငင္းလို႔မရပါဘူး။ သဘာဝတရားဟာ ခံႏုိင္စြမ္းအားႀကီးမားၿပီး ထိခုိက္ပ်က္စီးေစတဲ့ က်ေနာ္တို႔ရဲ႕ အဆက္မျပတ္လုပ္ရပ္ေတြကို ေလ ွ်ာ့ခ်မယ္ဆုိရင္ ျပန္ၿပီး ထူေထာင္လာႏုိင္မွာပါ" လို႔ အတြင္းေရးမွဴးခ်ဳပ္ ဂူတာရက္စ္က ေျပာပါတယ္။

ကမာၻ႔ႏုိင္ငံ ၁၀၀ ေက်ာ္က ေခါင္းေဆာာင္ေတြ၊ ေဒသတြင္းနဲ႔ ႏုိင္ငံတကာအဖဲြ႔အစည္းေတြက ဇီ၀မ်ိဳးကဲြဆုိင္ရာ ကုလသမဂၢညီလာခံမွာ တက္ေရာက္စကားေျပာခဲ့ၾကၿပီး ၂၀၂၀ အလြန္ ဇီ၀မ်ိဳးကဲြဆုိင္ရာ မူေဘာင္ေတြရဲ႕ ရည္မွန္းခ်က္ေတြခ်မွတ္ဖို႔နဲ႔ ေအာင္ျမင္ႏုိင္မယ့္ နည္းလမ္းေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သက်ရှိဇီဝမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်ရေး ကုလသမဂ္ဂနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ တိုက်တွန်း

သက်ရှိဇီဝမျိုးကွဲတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ကိစ္စကို အမြန်ဆုံးလုပ်ဆောင်ကြဖို့ ကုလသမဂ္ဂအကြီးတန်း တာဝန်ရှိသူတွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေက ဗုဒ္ဓဟူးနေ့ကပြုလုပ်တဲ့ သက်ရှိဇီဝမျိုးကွဲဆိုင်ရာ ကုလသမဂ္ဂညီလာခံမှာ တောင်းဆိုလိုက်ပါတယ်။

ကမ္ဘာပေါ်ကလူသားတွေရဲ့ တည်ရှိမှုဟာ မိမိတု့ိပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝပတ်ဝန်းကျင်းကို ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းပေါ်မှာ လုံးဝမူတည်နေတယ်လို့ ၇၅ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဥက္ကဋ္ဌ Volkan Bozkir က ညီလာခံအဖွင့်မိန့်ခွန်းမှာ ပြောပါတယ်။

နှစ်စဉ်နှစ်တိုင်းလို သစ်တောဧရိယာ ဟက်တာ ၁၃ သန်းလောက် ဆုံးရှုံးပြီး သက်ရှိမျိုးစိတ်တွေသန်းနဲ့ချီပြီး မျိုးတုံးပျောက်ကွယ်နိုင်တဲ့ အန္တရာယ်ရှိကြောင်း၊ ဒါ့အပြင် လွန်ခဲ့တဲ့ နှစ် ၅၀အတွင်း ကျောရိုးရှိသတ္တဝါအရေအတွက် ၆၈ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကလည်း ဇီဝမျိုးစိတ်တွေ ဆုံးရှုံးနေတာတွေကို မဆုံးရှုံးရအောင်လုပ်ဖို့နဲ့ နောက်မျိုးဆက်တွေအတွက် ပိုမိုကောင်းမွန်းတဲ့ ပတ်ဝန်းကျင်တခုကို ဖန်းတီးတည်ဆောက်ဖို့ ကြီးမားတဲ့ ရည်မှန်းချက်တွေ ထားရှိရေး တောင်းဆိုလိုက်ပါတယ်။

"လွန်ခဲ့တဲ့ ၁၀ နှစ်က ကျနော်တို့ဟာ ကျနော်တို့ရဲ့ ကမ္ဘာကြီးကို ကာကွယ်ပေးနိုင်မယ့် သန္နိဋ္ဌာန်တွေကို ချမှတ်ခဲ့ကြပါတယ်။ အများအားဖြင့်တော့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ ကြိုးပမ်းအားထုတ် လုပ်ဆောင်ကြတဲ့အခါ ကျနော်တို့ရဲ့ စီးပွားရေးတွေအပေါ်၊ လူသားထုအပေါ်နဲ့ ကမ္ဘာကြီး ကျန်းမာသန်စွမ်းရေးအပေါ် အကျိုးသက်ရောက်မှုတွေရှိတယ်ဆိုတာ ငြင်းလို့မရပါဘူး။ သဘာဝတရားဟာ ခံနိုင်စွမ်းအားကြီးမားပြီး ထိခိုက်ပျက်စီးစေတဲ့ ကျနော်တို့ရဲ့ အဆက်မပြတ်လုပ်ရပ်တွေကို လေ ျှာ့ချမယ်ဆိုရင် ပြန်ပြီး ထူထောင်လာနိုင်မှာပါ" လို့ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောပါတယ်။

ကမ္ဘာ့နိုင်ငံ ၁၀၀ ကျော်က ခေါင်းဆောာင်တွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဇီဝမျိုးကွဲဆိုင်ရာ ကုလသမဂ္ဂညီလာခံမှာ တက်ရောက်စကားပြောခဲ့ကြပြီး ၂၀၂၀ အလွန် ဇီဝမျိုးကွဲဆိုင်ရာ မူဘောင်တွေရဲ့ ရည်မှန်းချက်တွေချမှတ်ဖို့နဲ့ အောင်မြင်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။

XS
SM
MD
LG