သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆားလင္းႀကီး သတ္ျဖတ္မႈအေပၚ အထူးစိုးရိမ္ (ကုလေျပာခြင့္ရ)


ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric. (ဇြန္ ၂၀၊ ၂၀၁၇)

(Zawgyi / Unicode)

စစ္ကိုင္းတိုင္း ဆားလင္းႀကီးၿမိဳ႕နယ္မွာ ဒီသီတင္းပတ္ အေစာပိုင္းက ေဒသခံ ရြာသားေတြ ရက္ရက္စက္စက္ သတ္ျဖတ္ခံခဲ့ရတဲ့အေပၚ အထူူးစိုးရိမ္ေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္႐ုံးက ေျပာဆိုလိုက္ၿပီး ျမန္မာလုံၿခံဳေရး တပ္ဖဲြ႔ေတြရဲ႕ အၾကမ္းဖက္လုပ္ရပ္ေတြအေပၚ ျပစ္တင္႐ႈတ္ခ်လိုက္ပါတယ္။

“စစ္ကိုင္းတိုင္း အေနာက္ေျမာက္ဘက္ ဆားလင္းႀကီးၿမိဳ႕နယ္မွာ လူ ၁၁ ေယာက္ ရက္ရက္စက္စက္ အသတ္ခံရတဲ့ သတင္းအေပၚ အလြန္အမင္း စိုးရိမ္မိပါတယ္။ မၾကာေသးခင္က ေဒသခံ လက္နက္ကိုင္အဖဲြ႔ေတြရဲ႕ တိုက္ခိုက္မႈကို လက္တုံ႔ျပန္ပုံရတဲ့ အဂၤါေန႔အေစာပိုင္းက ျဖစ္ရပ္မွာ စစ္တပ္က ပစ္ခတ္ၿပီး မီး႐ႈိ႕ခဲ့တာလို႔လည္း ဆိုပါတယ္။” လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က ဗုဒၶဟူးေန႔ နယူးေယာက္ ကုလသမဂၢ႐ုံးခ်ဳပ္ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆိုလိုက္တာပါ။

ဒုံးေတာေက်းရြာက သတ္ျဖတ္မႈနဲ႔ ပတ္သက္လို႔ ေဒသခံေတြနဲ႔ မိသားစုဝင္တခ်ဳိ႕ကေတာ့ လုံၿခံဳေရးတပ္ဖဲြ႔ေတြရဲ႕ လက္ခ်က္အျဖစ္ ဗြီအိုေအကို ေျပာဆိုထားေပမယ့္ ျမန္မာစစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ စြပ္စဲြခ်က္ဟာ မမွန္ေၾကာင္း ျငင္းဆိုထားၿပီး အေသးစိတ္သိရဖို႔ ထပ္မံစုံစမ္းေနတယ္လို႔ ေျပာပါတယ္။

ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္႐ုံးကေတာ့ ခိုင္လုံတဲ့ သတင္းေတြအရ ေသဆုံးသူေတြထဲမွာ ကေလး ၅ ေယာက္ ပါဝင္ေၾကာင္း ေျပာဆိုထားတာပါ။

စစ္တပ္အပါအဝင္ ျမန္မာလုံၿခံဳေရးတပ္ဖဲြ႔ေတြရဲ႕ အၾကမ္းဖက္ လုပ္ရပ္ေတြအေပၚ ကုလသမဂၢက အျပင္းထန္ဆုံး ႐ႈတ္ခ်ေၾကာင္းနဲ႔ အခုေနာက္ဆုံး အၾကမ္းဖက္ လုပ္ရပ္မ်ဳိးဟာ လုံးဝ လက္ခံႏိုင္စရာ မရွိတာေၾကာင့္ ႏိုင္ငံတကာ အသိုင္းအဝန္းက တညီတၫြတ္တည္း တုံ႔ျပန္ဖို႔လည္း ေတာင္းဆိုခဲ့ပါတယ္။

ျမန္မာစစ္အာဏာပိုင္ေတြကေတာ့ ကုလသမဂၢ အဖဲြ႔အစည္းေတြရဲ႕ ထုတ္ျပန္ခ်က္ေတြဟာ လက္ေတြ႔အေျခအေနေတြကို ထင္ဟပ္မႈမရွိဘူးဆိုၿပီး တုံ႔ျပန္ထားဖူးပါတယ္။

ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ ႐ုံးကေတာ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီး ေနာက္ပိုင္းကစလို႔ ဒီဇင္ဘာလ ၈ ရက္ေန႔အထိ အလြန္အကၽြံ အင္အားသုံးတာ၊ ဖမ္းဆီးစဥ္ ေသဆုံးတာေတြ အပါအဝင္ ျမန္မာလုံၿခံဳေရးတပ္ဖဲြ႔ေတြ လက္ခ်က္နဲ႔ အရြယ္မေရာက္ေသးသူ ၇၅ ေယာက္ အပါအဝင္ လက္နက္မဲ့ အရပ္သား ေသဆုံးသူ ၁,၃၀၀ ေက်ာ္ ရွိခဲ့ေၾကာင္း ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ဆားလင်းကြီး သတ်ဖြတ်မှုအပေါ် အထူးစိုးရိမ် (ကုလပြောခွင့်ရ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ဒီသီတင်းပတ် အစောပိုင်းက ဒေသခံ ရွာသားတွေ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့အပေါ် အထူူးစိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ပြောဆိုလိုက်ပြီး မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

“စစ်ကိုင်းတိုင်း အနောက်မြောက်ဘက် ဆားလင်းကြီးမြို့နယ်မှာ လူ ၁၁ ယောက် ရက်ရက်စက်စက် အသတ်ခံရတဲ့ သတင်းအပေါ် အလွန်အမင်း စိုးရိမ်မိပါတယ်။ မကြာသေးခင်က ဒေသခံ လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်ပုံရတဲ့ အင်္ဂါနေ့အစောပိုင်းက ဖြစ်ရပ်မှာ စစ်တပ်က ပစ်ခတ်ပြီး မီးရှို့ခဲ့တာလို့လည်း ဆိုပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ဗုဒ္ဓဟူးနေ့ နယူးယောက် ကုလသမဂ္ဂရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

ဒုံးတောကျေးရွာက သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ဒေသခံတွေနဲ့ မိသားစုဝင်တချို့ကတော့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လက်ချက်အဖြစ် ဗွီအိုအေကို ပြောဆိုထားပေမယ့် မြန်မာစစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စွပ်စွဲချက်ဟာ မမှန်ကြောင်း ငြင်းဆိုထားပြီး အသေးစိတ်သိရဖို့ ထပ်မံစုံစမ်းနေတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးကတော့ ခိုင်လုံတဲ့ သတင်းတွေအရ သေဆုံးသူတွေထဲမှာ ကလေး ၅ ယောက် ပါဝင်ကြောင်း ပြောဆိုထားတာပါ။

စစ်တပ်အပါအဝင် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် လုပ်ရပ်တွေအပေါ် ကုလသမဂ္ဂက အပြင်းထန်ဆုံး ရှုတ်ချကြောင်းနဲ့ အခုနောက်ဆုံး အကြမ်းဖက် လုပ်ရပ်မျိုးဟာ လုံးဝ လက်ခံနိုင်စရာ မရှိတာကြောင့် နိုင်ငံတကာ အသိုင်းအဝန်းက တညီတညွတ်တည်း တုံ့ပြန်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။

မြန်မာစစ်အာဏာပိုင်တွေကတော့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေဟာ လက်တွေ့အခြေအနေတွေကို ထင်ဟပ်မှုမရှိဘူးဆိုပြီး တုံ့ပြန်ထားဖူးပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရုံးကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းကစလို့ ဒီဇင်ဘာလ ၈ ရက်နေ့အထိ အလွန်အကျွံ အင်အားသုံးတာ၊ ဖမ်းဆီးစဉ် သေဆုံးတာတွေ အပါအဝင် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ အရွယ်မရောက်သေးသူ ၇၅ ယောက် အပါအဝင် လက်နက်မဲ့ အရပ်သား သေဆုံးသူ ၁,၃၀၀ ကျော် ရှိခဲ့ကြောင်း ပြောဆိုထားပါတယ်။

XS
SM
MD
LG