ကုလသမဂ္ဂရဲ့ လူသားချင်းစာနာကူညီမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Kyung-wha Kang ဟာ မြန်မာနိုင်ငံတွင်း ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်ကို သွားရောက်ဖို့ရှိပြီး ပဋိပက္ခတွေကြောင့် ဒုက္ခရောက်ကြသူ ဒေသခံတွေရဲ့ လူသားချင်းစာနာကူညီမှု လိုအပ်ချက်တွေကို လေ့လာမှာဖြစ်ပါတယ်။ ဆက်သွယ်စုံစမ်း မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ကုလသမဂ္ဂရဲ့ လူသားချင်းစာနာကူညီမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ်လည်းဖြစ်၊ ကုလသမဂ္ဂအရေးပေါ် ကူညီကယ်ဆယ်ရေး ဆိုင်ရာ ဒုတိယအကြီးအကဲလည်းဖြစ်တဲ့ Kyung-wha kang ဟာ အခု ဇွန်လ ၁၀ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ အစိုးရပိုင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်သလို အဓိကကတော့ ပဋိပက္ခတွေရှိနေတဲ့ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်ဖက်ကို သွားရောက်လေ့လာမှာဖြစ်တယ်လို့ နယူးယောက် OCHA ကုလသမဂ္ဂလူသားချင်းစာနာကူညီမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး ပြောခွင့်ရသူ Amanda Pitt က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
“ကုလသမဂ္ဂရဲ့ လူသားချင်းစာနာကူညီမှုရေးရာ လက်ထောက် အတွင်းရေးမှူးချုပ် Kyung-wha Kang ဟာ အခု သီတင်းပတ်အတွင်း မြန်မာနိုင်ငံကို သွားရောက်ပါလိမ့်မယ်။ အရင်ဆုံးတော့ နေပြည်တော်မှာ အစိုးရအရာရှိတွေနဲ့ တွေ့ဆုံပါမယ်။ ပြီးတော့ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေကို သွားဖို့ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ဘာသာရေးနဲ့လူမျိုးရေးအဓိကရုဏ်းတွေကြောင့် လူဦးရေ တသိန်းလေးသောင်းကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရသလို၊ ကချင်ပြည်နယ်အတွင်းမှာတော့ လွန်ခဲ့တဲ့သုံးနှစ်အတွင်း ပဋိပက္ခတွေကြောင့် လူဦးရေ တသိန်းကျော် ဒုက္ခသည်ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် Ms.Kang ဟာ အဲဒီ ပြည်နယ်နှစ်ခုကို သွားရောက်ပြီးတော့ ဒုက္ခသည်စခန်းတွင်းမှာ နေထိုင်ကြသူတွေ၊ အကြမ်းဖက်မှုကြောင့် ထိခိုက်နစ်နာမှုရှိတဲ့ လူမှုအသိုင်းအဝိုင်းတွေနဲ့ တွေ့ဆုံပါမယ်။ လူသားချင်းစာနာကူညီမှု လိုအပ်ချက်တွေကို လေ့လာမှာဖြစ်ပါတယ်။”
နေပြည်တော်ကို သွားရောက်စဉ်မှာ တွေ့ဆုံမယ့် မြန်မာတာဝန်ရှိသူတွေထဲမှာတော့ မြန်မာဒုတိယ သမ္မတ၊ နယ်စပ်ရေးရာဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ လူမှုဖူလုံရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးတို့ ပါဝင်မယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်ကိုတော့ ဇွန်လ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ သွားရောက်မှာဖြစ်ပြီး စစ်တွေနဲ့ ပေါက်တောမြို့နယ်တွင်းက ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုမှာပါ။ ကချင်ပြည်နယ်ကိုတော့ ဇွန်လ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့တွေမှာ သွားရောက်မှာဖြစ်ပြီး ဝိုင်းမော်မြို့နယ်တွင်းက ကချင်စစ်ပြေး ဒုက္ခသည်စခန်းကို လေ့လာကြည့်ရှုဖို့ရှိပါတယ်။ ဒီခရီးစဉ်ဟာ နိုင်ငံရေးနဲ့မဆိုင်ဘဲ လူသားချင်းစာနာ ကူညီမှုလုပ်ငန်းတွေအတွက်သာ ဖြစ်တယ်လို့လည်း ပြောခွင့်ရသူ Amanda Pitt က ပြောပါတယ်။
“မြန်မာနိုင်ငံမှာရှိနေစဉ်မှာတော့ သူ့အနေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကိုရော အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကိုပါ တွေ့ဆုံမယ်လို့ ယူဆပါတယ်။ အစိုးရတာဝန်ရှိသူတွေကိုလည်း တွေ့မှာပါ။ ဒါပေမယ့် သူ့ခရီးစဉ်ဟာ နိုင်ငံရေးကိစ္စရပ်တွေမဟုတ်ဘဲ လူသားချင်း စာနာကူညီမှုတွေ ဘယ်လိုပေးနိုင်မလဲဆိုတဲ့ အကြပ်အတည်းအခြေအနေတွေကို လေ့လာဖို့ပါ။”
အခု သူလာတဲ့အချိန်ဟာဆိုရင် ကချင်ပြည်နယ်မှာ ပဋိပက္ခတွေဖြစ်ခဲ့တာ သုံးနှစ်ပြည့်နဲ့ ရခိုင်မှာဆိုရင် ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့ နှစ်နှစ်ပြည့်ကာလတွေနဲ့ တိုက်တိုက်ဆိုင်ဆိုင်ကြုံကြိုက်နေပါတယ်။
ရခိုင်ပြည်နယ်တွင်း အကူအညီပေးရေးဆောင်ရွက်နေတဲ့ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ ရုံးတွေ လူနေအိမ်တွေကို စစ်တွေမှာ အခု နှစ်ဆန်းပိုင်းတုန်းက အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တာကြောင့်၊ ရခိုင်ပြည်နယ်တွင်း ကုလသမဂ္ဂနဲ့ အခြားအဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့ရေးလုပ်ငန်းတွေမှာ အတန်ငယ် အနှောက်အတားတွေ ရှိခဲ့ပါတယ်။
အကူအညီပေးရာမှာ ရခိုင်လူမျိုးတွေထက် မွတ်ဆလင် လူမှုအသိုင်းအဝိုင်းကို ပိုပြီး ဘက်လိုက်မှုရှိတယ်လို့ ဒေသခံ ရခိုင်လူမျိုးတွေဖက်က ယူဆခဲ့ကြတာပါ။ Ms.Kang ရဲ့ အခု ရခိုင်ပြည်နယ်ခရီးစဉ် အတွင်းမှာတော့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးအခြေအနေတွေအပေါ် သုံးသပ်မှာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ခရီးစဉ်ပြီးရင်တော့ လက်ထောက်အတွင်းရေးမှုးချုပ် Kang အနေနဲ့ သတင်းစာရှင်းလင်းပွဲတရပ်ပြုလုပ်ဖွယ်ရှိတယ်လို့လည်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။