သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပထမဆံုး ငွက္ဖ်ားကာကြယ္ေရး ထိုးေဆး WHO အတည္ျပဳ


ကင္ညာႏိုင္ငံက ကေလးငယ္တဦး ငွက္ဖ်ားကာကြယ္ေဆး စမ္းသပ္ အထိုးခံေနစဥ္။

[ Zawgyi ]

ကမၻာေပၚမွာ ပထမဦးဆုံး ငွက္ဖ်ားကာကြယ္ေဆးကို ကမၻာ့က်န္းမာေရးအဖဲြ႕ႀကီး WHO က ဗုဒၶဟူးေန႔မွာ အတည္ျပဳ လိုက္ပါတယ္။ ဒီ ငွက္ဖ်ားကာကြယ္ေရး ထိုးေဆးရဲ႕အမည္က Mosquirix ျဖစ္ၿပီး၊ Glaxo Smith Kline ကုမၸဏီက ထုတ္လုပ္တာျဖစ္ပါတယ္။

အခုလို ပထမဆုံး ငွက္ဖ်ားကာကြယ္ေဆး ထုတ္လုပ္ႏိုင္တာနဲ႕ပတ္သက္ၿပီး WHO အဖဲြ႕ရဲ႕ အႀကီးအကဲ Tedros ကေတာ့ "သမိုင္း၀င္ျဖစ္ရပ္ႀကီး" လို႔ တင္စား ေျပာဆို လိုက္ပါတယ္။

အခုလို ဒီကာကြယ္ေဆးကို အတည္ျပဳဖို႔ ဆုံးျဖတ္ရတာဟာ ဂါနာ ၊ ကင္ညာ နဲ႕ မာလာဝီ ႏိုင္ငံေတြမွာ စမ္းသပ္ေလ့လာခ်က္ေတြအေပၚ အေျခခံ ဆုံးျဖတ္ခဲ့တာ ျဖစ္တယ္လို႔ WHO အဖဲြ႕ကေျပာပါတယ္။ကေလးေပါင္း ၈ သိန္းေက်ာ္ကို ၂၀၁၉ ခုႏွစ္ကတည္းက ကာကြယ္ေဆးေတြ ထိုးေပးခဲ့ၿပီး ေစာင့္ၾကည့္ေလ့လာခဲ့ပါတယ္။

ဒီကာကြယ္ေဆးကို လြန္ခဲ့တဲ့ႏွစ္ေပါင္း ၃၀ ေက်ာ္ ၁၉၈၇ ခုႏွစ္ကတည္းက Glaxo Smith Kline ကုမၸဏီက စတင္ စမ္းသပ္လာခဲ့တာျဖစ္ပါတယ္။ ကာကြယ္ေဆးေၾကာင့္ ငွက္ဖ်ားျဖစ္ပြားမႈႏႈန္း ၃၀ ရာႏႈန္း ေလွ်ာ့ခ်ႏိုင္မွာျဖစ္ပါတယ္။ ကာကြယ္ေဆးဟာ ၄ လုံး ဆက္ထိုးဖို႔ လိုအပ္ပါတယ္။

ကာကြယ္ေဆးေတြကို ငွက္ဖ်ားေရာဂါဆိုးရြားတဲ့ အာဖရိကႏိုင္ငံေတြမွာ စတင္ အသုံးျပဳသြားသင့္တယ္လို႔ WHO ကေျပာပါတယ္။ ကာကြယ္ေဆးဟာ အာဖရိကတိုက္က ငွက္ဖ်ားေရာဂါ တိုက္ဖ်က္ေရးအတြက္ အမ်ားႀကီး ထိေရာက္မႈ ရွိႏိုင္တယ္လို႔ ေဆးသိပၸံပညာရွင္ေတြက ျမင္ပါတယ္။

အာဖရိကတိုက္မွာ ငွက္ဖ်ားေၾကာင့္ႏွစ္စဥ္ ဖ်ားနာမႈေပါင္း သန္း ၂၀၀ ေက်ာ္ရွိၿပီး၊ ေသဆုံးသူ ၄ သိန္းေက်ာ္ ရွိပါတယ္။

ပထမဆံုး ငွက္ဖ်ားကာကြယ္ေရး ထိုးေဆး WHO အတည္ျပဳ
please wait

No media source currently available

0:00 0:00:35 0:00
တိုက္႐ိုက္ လင့္ခ္



[ Unicode ]

ပထမဆုံး ငှက်ဖျားကာကွယ်ရေး ထိုးဆေး WHO အတည်ပြု

ကမ္ဘာပေါ်မှာ ပထမဦးဆုံး ငှက်ဖျားကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ဗုဒ္ဓဟူးနေ့မှာ အတည်ပြု လိုက်ပါတယ်။ ဒီ ငှက်ဖျားကာကွယ်ရေး ထိုးဆေးရဲ့အမည်က Mosquirix ဖြစ်ပြီး၊ Glaxo Smith Kline ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပါတယ်။

အခုလို ပထမဆုံး ငှက်ဖျားကာကွယ်ဆေး ထုတ်လုပ်နိုင်တာနဲ့ပတ်သက်ပြီး WHO အဖွဲ့ရဲ့ အကြီးအကဲ Tedros ကတော့ "သမိုင်းဝင်ဖြစ်ရပ်ကြီး" လို့ တင်စား ပြောဆို လိုက်ပါတယ်။

အခုလို ဒီကာကွယ်ဆေးကို အတည်ပြုဖို့ ဆုံးဖြတ်ရတာဟာ ဂါနာ ၊ ကင်ညာ နဲ့ မာလာဝီ နိုင်ငံတွေမှာ စမ်းသပ်လေ့လာချက်တွေအပေါ် အခြေခံ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ WHO အဖွဲ့ကပြောပါတယ်။ကလေးပေါင်း ၈ သိန်းကျော်ကို ၂၀၁၉ ခုနှစ်ကတည်းက ကာကွယ်ဆေးတွေ ထိုးပေးခဲ့ပြီး စောင့်ကြည့်လေ့လာခဲ့ပါတယ်။

ဒီကာကွယ်ဆေးကို လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော် ၁၉၈၇ ခုနှစ်ကတည်းက Glaxo Smith Kline ကုမ္ပဏီက စတင် စမ်းသပ်လာခဲ့တာဖြစ်ပါတယ်။ ကာကွယ်ဆေးကြောင့် ငှက်ဖျားဖြစ်ပွားမှုနှုန်း ၃၀ ရာနှုန်း လျှော့ချနိုင်မှာဖြစ်ပါတယ်။ ကာကွယ်ဆေးဟာ ၄ လုံး ဆက်ထိုးဖို့ လိုအပ်ပါတယ်။

ကာကွယ်ဆေးတွေကို ငှက်ဖျားရောဂါဆိုးရွားတဲ့ အာဖရိကနိုင်ငံတွေမှာ စတင် အသုံးပြုသွားသင့်တယ်လို့ WHO ကပြောပါတယ်။ ကာကွယ်ဆေးဟာ အာဖရိကတိုက်က ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် အများကြီး ထိရောက်မှု ရှိနိုင်တယ်လို့ ဆေးသိပ္ပံပညာရှင်တွေက မြင်ပါတယ်။

အာဖရိကတိုက်မှာ ငှက်ဖျားကြောင့်နှစ်စဉ် ဖျားနာမှုပေါင်း သန်း ၂၀၀ ကျော်ရှိပြီး၊ သေဆုံးသူ ၄ သိန်းကျော် ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG