သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ႏိုင္ငံမွာ ငွက္ဖ်ားေရာဂါကင္းစင္ၿပီ (WHO)


malaria

{{Zawgyi/Unicode}}

တ႐ုတ္ႏိုင္ငံမွာ ငွက္ဖ်ားေရာဂါ ျဖစ္ပြါးမႈ မရွိတာ ၄ ႏွစ္ထဲ ေရာက္လာခဲ့တဲ့ေနာက္ တ႐ုတ္ႏိုင္ငံကို ငွက္ဖ်ားကင္းစင္တဲ့ ႏိုင္ငံ အျဖစ္ WHO ကမာၻ႔က်န္းမာေရး အဖြဲ႔ႀကီးက ေၾကညာလိုက္ပါတယ္။

တ႐ုတ္ႏိုင္ငံကို ငွက္ဖ်ားကင္းစင္တဲ့ ႏိုင္ငံအျဖစ္ အခုလို သတ္မွတ္ေပးလိုက္တာဟာ ကမာၻတလႊား ငွက္ဖ်ားတိုက္ဖ်က္ေရး လုပ္ငန္းအတြက္ အားျပန္ေကာင္းလာေစမယ္လို႔ သူယံုၾကည္ေၾကာင္း WHO ရဲ႕ ကမာၻ႔ငွက္ဖ်ားေရာဂါ တိုက္ဖ်က္ေရး အစီအစဥ္ အႀကီးအကဲ Pedro Alfonso က ေျပာၾကားလိုက္ပါတယ္။

၂၀၁၉ ခုႏွစ္ထဲမွာ ကမာၻတလႊား ငွက္ဖ်ား ေရာဂါ ေဝဒနာရွင္ေပါင္း ၂၂၉ သန္းေလာက္ ရွိတယ္လို႔ WHO က ခန္႔မွန္းထားတာ ျဖစ္ၿပီး ျခင္ကေနကူးစက္ ျဖစ္ပြါးတဲ့ ငွက္ဖ်ားဒဏ္ေၾကာင့္ ကမာၻတလႊား ေသဆံုးရသူ ၄ သိန္းေက်ာ္ရွိတယ္လို႔ ေျပာပါတယ္။

ကမာၻ႔ငွက္ဖ်ားေရာဂါျဖစ္ပြါးမႈအားလံုးရဲ႕ ၉၄ % ဟာ အာဖရိကေဒသကျဖစ္ပါတယ္။

ပစိဖိတ္ေဒသအေနာက္ပိုင္းတခြင္မွာ ေတာ့ ဒီေရာဂါကူးစက္မယ့္ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရသူက သန္းေပါင္း ၇၃၀ ေလာက္ရွိမယ္လို႔ WHO က ခန္႔မွန္းထားတာ ျဖစ္ၿပီး ဒီေဒသထဲမွာ တ႐ုတ္ႏိုင္ငံက ငွက္ဖ်ားေရာဂါ လံုးဝမျဖစ္ေတာ့တဲ့ ပထမဆံု ႏိုင္ငံျဖစ္တယ္လို႔လည္း ေျပာပါတယ္။

ဒါပမယ့္ တ႐ုတ္ႏိုင္ငံဟာ လာအို၊ ဗီယက္နမ္း၊ ထိုင္းနဲ႔ ျမန္မာတို႔လို ငွက္ဖ်ား အႏၲရာယ္ႀကီးတဲ့ ႏိုင္ငံေတြနဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနတာ ျဖစ္တဲ့ အတြက္ အႏၲရာယ္ေတာ့ ရွိေနေသးတာေၾကာင့္ မွန္ကန္တဲ့ စီမံခန္႔ခြဲမႈနဲ႔ ဂ႐ုစိုက္ဖို႔ လိုအပ္ေၾကာင္း WHO က ေျပာပါတယ္။

...........................................

တ႐ုတ္ႏိုင္ငံမွာ ငွက္ဖ်ားေရာဂါကင္းစင္ၿပီ (WHO)
please wait

No media source currently available

0:00 0:01:12 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}
တရုတ်နိုင်ငံမှာ ငှက်ဖျားရောဂါ ဖြစ်ပွါးမှု မရှိတာ ၄ နှစ်ထဲ ရောက်လာခဲ့တဲ့နောက် တရုတ်နိုင်ငံကို ငှက်ဖျားကင်းစင်တဲ့ နိုင်ငံ အဖြစ် WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကြေညာလိုက်ပါတယ်။

တရုတ်နိုင်ငံကို ငှက်ဖျားကင်းစင်တဲ့ နိုင်ငံအဖြစ် အခုလို သတ်မှတ်ပေးလိုက်တာဟာ ကမ္ဘာတလွှား ငှက်ဖျားတိုက်ဖျက်ရေး လုပ်ငန်းအတွက် အားပြန်ကောင်းလာစေမယ်လို့ သူယုံကြည်ကြောင်း WHO ရဲ့ ကမ္ဘာ့ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အစီအစဉ် အကြီးအကဲ Pedro Alfonso က ပြောကြားလိုက်ပါတယ်။

၂၀၁၉ ခုနှစ်ထဲမှာ ကမ္ဘာတလွှား ငှက်ဖျား ရောဂါ ဝေဒနာရှင်ပေါင်း ၂၂၉ သန်းလောက် ရှိတယ်လို့ WHO က ခန့်မှန်းထားတာ ဖြစ်ပြီး ခြင်ကနေကူးစက် ဖြစ်ပွါးတဲ့ ငှက်ဖျားဒဏ်ကြောင့် ကမ္ဘာတလွှား သေဆုံးရသူ ၄ သိန်းကျော်ရှိတယ်လို့ ပြောပါတယ်။

ကမ္ဘာ့ငှက်ဖျားရောဂါဖြစ်ပွါးမှုအားလုံးရဲ့ ၉၄ % ဟာ အာဖရိကဒေသကဖြစ်ပါတယ်။

ပစိဖိတ်ဒေသအနောက်ပိုင်းတခွင်မှာ တော့ ဒီရောဂါကူးစက်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရသူက သန်းပေါင်း ၇၃၀ လောက်ရှိမယ်လို့ WHO က ခန့်မှန်းထားတာ ဖြစ်ပြီး ဒီဒေသထဲမှာ တရုတ်နိုင်ငံက ငှက်ဖျားရောဂါ လုံးဝမဖြစ်တော့တဲ့ ပထမဆုံ နိုင်ငံဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါပမယ့် တရုတ်နိုင်ငံဟာ လာအို၊ ဗီယက်နမ်း၊ ထိုင်းနဲ့ မြန်မာတို့လို ငှက်ဖျား အန္တရာယ်ကြီးတဲ့ နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာ ဖြစ်တဲ့ အတွက် အန္တရာယ်တော့ ရှိနေသေးတာကြောင့် မှန်ကန်တဲ့ စီမံခန့်ခွဲမှုနဲ့ ဂရုစိုက်ဖို့ လိုအပ်ကြောင်း WHO က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG