[ Zawgyi / Unicode ]
ဧၿပီလ (၂၅)ရက္ ကမာၻ႔ငွက္ဖ်ားေရာဂါေန႔ အထိမ္းအမွတ္အျဖစ္ ေရာဂါတိုက္ဖ်က္ေရး ေအာင္ျမင္ေနမႈကို အေျခခံၿပီး ကမာၻႀကီးမွာ ငွက္ဖ်ားေရာဂါလုံးဝကင္းစင္တဲ့အထိ ဆက္လက္လုပ္ေဆာင္သြားဖို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ကေတာင္းဆိုလိုက္ပါတယ္။
COVID-19 ကပ္ေဘးေရာဂါနဲ႔ အျခားအက်ပ္အတည္းအေျမာက္အမ်ားရွိေနေပမဲ့လည္း ၂၀၂၀ျပည့္ႏွစ္အကုန္မွာ ႏိုင္ငံေပါင္း ၂၄ ႏိုင္ငံအတြင္း ငွက္ဖ်ားေရာဂါကူးစက္မႈမရွိေအာင္ သုံးႏွစ္နဲ႔ အထက္ၾကာ တဲ့အထိ ထိန္းခ်ဳပ္ႏိုင္ခဲ့တယ္လို႔ သတင္းေတြမွာ ေဖၚျပထားပါတယ္။ မၾကာေသးခင္ကပဲ El Salvador၊ Algeria နဲ႔ Sri Lanka ႏိုင္ငံေတြအပါအဝင္ ဒီကေန႔အခ်ိန္ထိ ႏိုင္ငံေပါင္း ၃၈ႏိုင္ငံမွာ ငွက္ဖ်ားေရာဂါ ကင္းစင္ေၾကာင္း WHO ကအသိအမွတ္ျပဳထားပါတယ္။
ငွက္ဖ်ားေရာဂါပေပ်ာက္ေရး ပန္းတိုင္နဲ႔ အကြာအေ၀း ဘယ္ေလာက္ပဲ ေရာက္ေနေရာက္ေန ႏိုင္ငံအားလံုးအတြက္ ျဖစ္ႏိုင္ေျခရွိတဲ့ ရည္မွန္းခ်က္ျဖစ္တယ္လို႔ WHO ၫြန္ၾကားေရးမႉးခ်ဳပ္ Tedros Adhanom Ghebreyesus ကေျပာၾကားခဲ့ပါတယ္။
"လာမယ့္ ငါးႏွစ္အတြင္း ငွက္ဖ်ားေရာဂါ လံုး၀ပေပ်ာက္ဖို႔ အဆင့္ထိေရာက္ႏိုင္တဲ့ အလားအလာရွိေနတဲ့ ႏိုင္ငံေပါင္း ၂၅ ႏိုင္ငံကို WHO က ေဖၚထုတ္ႏိုင္ခဲ့ပါတယ္။ အတူတကြလုပ္ေဆာင္ၿပီး တဦးခ်င္းစီရဲ႕ ေအာင္ျမင္မႈအေပၚတည္ေဆာက္၊ ေရရွည္တည္တံ့တဲ့ ရန္ပံုေငြနဲ႔ ေထာက္ပံ့ေပးျခင္းအားျဖင့္ က်ေနာ္တို႔ဟာ ငွက္ဖ်ားေရာဂါကင္းစင္တဲ့ ကမၻာႀကီးအျဖစ္ အိပ္မက္ကို မက္ႏိုင္ၾကမွာျဖစ္ပါတယ္။”
ငွက္ဖ်ားဟာ ကာကြယ္၊ ကုသႏိုင္တဲ့ ေရာဂါတခုျဖစ္ပါတယ္။ ဒါေပမဲ့လည္း ႏွစ္စဥ္ လူေပါင္း ၄၀၀၀၀၀ ေက်ာ္ေသဆုံးၿပီး အမ်ားစုကေတာ့ အာဖရိကတိုက္ ဆာဟာရ ရပ္၀န္းေဒသက ကေလးငယ္ေတြျဖစ္ပါတယ္။ ဒါအျပင္ ႏွစ္စဥ္ ငွက္ဖ်ားေရာဂါကူးစက္သူေပါင္း သန္း ၂၀၀ ေက်ာ္ရွိပါတယ္။
[ Unicode ]
ငှက်ဖျားကင်းစင်သော ကမ္ဘာကြီးဖြစ်မြောက်ရေး WHO မျှော်မှန်း
ဧပြီလ (၂၅)ရက် ကမ္ဘာ့ငှက်ဖျားရောဂါနေ့ အထိမ်းအမှတ်အဖြစ် ရောဂါတိုက်ဖျက်ရေးအောင်မြင်နေမှုကို အခြေခံပြီး ကမ္ဘာကြီးမှာ ငှက်ဖျားရောဂါလုံးဝကင်းစင်တဲ့အထိ ဆက်လက်လုပ်ဆောင်သွားဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတောင်းဆိုလိုက်ပါတယ်။
COVID-19 ကပ်ဘေးရောဂါနဲ့ အခြားအကျပ်အတည်းအမြောက်အများရှိနေပေမဲ့လည်း ၂၀၂၀ပြည့်နှစ်အကုန်မှာ နိုင်ငံပေါင်း ၂၄ နိုင်ငံအတွင်း ငှက်ဖျားရောဂါကူးစက်မှုမရှိအောင် သုံးနှစ်နဲ့ အထက်ကြာ တဲ့အထိ ထိန်းချုပ်နိုင်ခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ မကြာသေးခင်ကပဲ El Salvador၊ Algeria နဲ့ Sri Lanka နိုင်ငံတွေအပါအဝင် ဒီကနေ့အချိန်ထိ နိုင်ငံပေါင်း ၃၈နိုင်ငံမှာ ငှက်ဖျားရောဂါ ကင်းစင်ကြောင်း WHO ကအသိအမှတ်ပြုထားပါတယ်။
ငှက်ဖျားရောဂါပပျောက်ရေး ပန်းတိုင်နဲ့ အကွာအဝေး ဘယ်လောက်ပဲ ရောက်နေရောက်နေ နိုင်ငံအားလုံးအတွက် ဖြစ်နိုင်ခြေရှိတဲ့ ရည်မှန်းချက်ဖြစ်တယ်လို့ WHO ညွန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus ကပြောကြားခဲ့ပါတယ်။
"လာမယ့် ငါးနှစ်အတွင်း ငှက်ဖျားရောဂါ လုံးဝပပျောက်ဖို့ အဆင့်ထိရောက်နိုင်တဲ့ အလားအလာရှိနေတဲ့ နိုင်ငံပေါင်း ၂၅ နိုင်ငံကို WHO က ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ အတူတကွလုပ်ဆောင်ပြီး တဦးချင်းစီရဲ့ အောင်မြင်မှုအပေါ်တည်ဆောက်၊ ရေရှည်တည်တံ့တဲ့ ရန်ပုံငွေနဲ့ ထောက်ပံ့ပေးခြင်းအားဖြင့် ကျနော်တို့ဟာ ငှက်ဖျားရောဂါကင်းစင်တဲ့ ကမ္ဘာကြီးအဖြစ် အိပ်မက်ကို မက်နိုင်ကြမှာဖြစ်ပါတယ်။”
ငှက်ဖျားဟာ ကာကွယ်၊ ကုသနိုင်တဲ့ ရောဂါတခုဖြစ်ပါတယ်။ ဒါပေမဲ့လည်း နှစ်စဉ် လူပေါင်း ၄၀၀၀၀၀ ကျော်သေဆုံးပြီး အများစုကတော့ အာဖရိကတိုက် ဆာဟာရ ရပ်ဝန်းဒေသက ကလေးငယ်တွေဖြစ်ပါတယ်။ ဒါအပြင် နှစ်စဉ် ငှက်ဖျားရောဂါကူးစက်သူပေါင်း သန်း ၂၀၀ ကျော်ရှိပါတယ်။