သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်းပဋိပက္ခတွေကြား မြေဇာပင် ဖြစ်ရသူတွေ ကာကွယ်ရေး ကုလအကြီးအကဲပန်ကြား

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres

ကမ္ဘာတဝှမ်း ပဋိပက္ခတွေကြား ပိတ်မိနေတဲ့ အရပ်သားပြည်သူသန်းပေါင်းများစွာကို ကာကွယ်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ကမ္ဘာတဝှမ်းက ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။ ပဋိပက္ခတွေအတွင်းမှာ ပိတ်မိနေတဲ့သူတွေဟာ အမြဲတမ်းလိုလို ရောပြီး တိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။

ဒီကနေ့ စနေနေ့မှာကျရောက်တဲ့ ကမ္ဘာ့လူသားချင်းစာနာမှုအထိမ်းအမှတ်နေ့ အကြို သောကြာနေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောကြားလိုက်တာဖြစ်ပြီး၊ နိုင်ငံတကာဥပဒေအရ အရပ်သားပြည်သူတွေ၊ လူသားချင်းစာနာမှုအထောက်အကူပေးရေးဝန်ထမ်းတွေ နဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့လိုအပ်ကြောင်း၊ ဒါပေမဲ့ ကမ္ဘာတဝှမ်းက စစ်ဖြစ်ပွားနေတဲ့နေရာတွေမှာ ၊ ၂ ဘက်ပါဝင်ပတ်သက်နေသူတွေဟာ သူတို့လိုက်နာရမယ့် တာဝန်တွေကို လိုက်နာခြင်းမရှိဘဲ မထီမဲ့မြင်ပြုလုပ်နေတယ်လို့ သူကပြောပါတယ်။

ပဋိပက္ခတွေထဲမှာ ပိတ်မိနေတဲ့သူတွေဟာ ပစ်မှတ်တွေမဟုတ်ဘူးဆိုတာ ကမ္ဘာကြီးကို ပြောဖို့အတွက်ကျနော်တို့ ဒီကိုရောက်နေတာပါလို့ ဂူတာရက်စ်က ပြောပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံက ၂၀၀၈ ခုနှစ်ကစတင်ပြီး ကမ္ဘာ့လူသားချင်းစာနာမှုအထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်လိုက်ချိန်ကစပြီး၊ အကူအညီပေးရေးလုပ်သား ထောင်ပေါင်းများစွာလည်း တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုအဖွဲ့အကြီးအကဲ Stephen O’Brien က ပြောပါတယ်။

မနှစ်က တိုက်ခိုက်မှု ၁၅၈ ခုအတွင်းမှာ အကူအညီပေးရေးလုပ်သား ၂၈၈ ယောက် ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတယ်လို့ သူကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG