သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ပြန်ပို့ရေး အိန္ဒိယအစီအစဉ် ကုလစိုးရိမ်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ဒုတိယ ပြောခွင့်ရ Farhan Haq
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ဒုတိယ ပြောခွင့်ရ Farhan Haq

မြန်မာနိုင်ငံက ရောက်လာတဲ့ ဒုက္ခသည်တွေ အပါအဝင် အိန္ဒိယ နိုင်ငံတွင်းမှာ တရားမဝင် နေထိုင်ကြသူတွေကို နေရပ်ရင်း ပြန်ပို့ဖို့ စီစဉ်နေကြောင်း သတင်းတွေနဲ့ ပတ်သက်လို့ကုလသမဂ္ဂက စိုးရိမ်ကြောင်း ပြောဆိုလိုက်ပါတယ်။

ဒုက္ခသည်တွေအပေါ် ပြုမူဆက်ဆံမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ဒုက္ခသည်အဖြစ် မှတ်ပုံတင် စာရင်းသွားထားတဲ့ သူတွေကို အရေးယူအပြစ်ပေးခံရနိုင်တဲ့ တိုင်းပြည်တွေကို ပြန်ပို့လို့ မဖြစ်နိုင်ကြောင်း နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာ မနေ့တုန်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ ဒုတိယ ပြောခွင့်ရ Farhan Haq က ပြောဆိုခဲ့တာပါ။

အိန္ဒိယနိုင်ငံ အနေနဲ့ ကုလသမဂ္ဂရဲ့ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုး မထားပေမဲ့ နိုင်ငံတကာမှာ လိုက်နာရမယ့် ကျင့်ဝတ်တွေအတိုင်း ဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ အိန္ဒိယ နိုင်ငံတွင်းမှာ တရားမဝင် နေထိုင်ကြသူတွေကို ဖော်ထုတ်ပြီး ဌာနေပြန်ပို့ရေး ဆောင်ရွက်ဖို့ ဗဟိုအစိုးရက ပြည်နယ် အာဏာပိုင်တွေကို ညွှန်ကြားထားတဲ့အကြောင်း အိန္ဒိယ ဒုတိယ ပြည်ထဲရေး ဝန်ကြီး Kiren Rijiju က လွှတ်တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း တင်ပြခဲ့တာပါ။

အိန္ဒိယ နိုင်ငံတွင်းမှာ ဒုက္ခသည် အဖြစ် မှတ်ပုံတင် စာရင်းသွင်းပြီး အထောက်အထား ထုတ်ပေးထားသူ ၁ သောင်း ၆ ထောင့် ၅ ရာလောက် ရှိတယ်လို့လည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာရတယ်လို့ဆိုတဲ့ ရိုဟင်ဂျာတွေဟာလည်း ပြန်ပို့ခံရမယ့် အစီအစဉ်မှာ ပါဝင်လာဖွယ်ရှိတဲ့အတွက် လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့တွေကလည်း စိုးရိမ်တဲ့ သဘောထားတွေကို ပြောဆိုထားကြတာပါ။ တရားမဝင် နေထိုင်သူတွေ နေရပ်ရင်း ပြန်ပို့ဖို့အတွက် အိန္ဒိယအာဏာပိုင်တွေက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ ပြောဆိုနေတယ်လို့လည်း အိန္ဒိယနိုင်ငံက သတင်းတချို့ကဖော်ပြနေကြပါတယ်။

ဒုက္ခသည်ပြန်ပို့ရေး အိန္ဒိယအစီအစဉ် ကုလစိုးရိမ်
please wait

No media source currently available

0:00 0:01:35 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG