သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ၄၀၀၀၀ ကျော် မြန်မာပြည်ပြန်ပို့ဖို့ အိန္ဒိယစီစဉ်


အိန္ဒိယနိုင်ငံအတွင်းရောက်ရှိနေကြတဲ့ ရိုဟင်ဂျာမွတ်ဆလင်
အိန္ဒိယနိုင်ငံအတွင်းရောက်ရှိနေကြတဲ့ ရိုဟင်ဂျာမွတ်ဆလင်

အိန္ဒိယနိုင်ငံအတွင်းရောက်ရှိနေကြတဲ့ ရိုဟင်ဂျာမွတ်ဆလင် ၄သောင်းလောက်ကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့ အိန္ဒိအစိုးရက စီစဉ်နေတဲ့အကြောင်း အိန္ဒိယဒုတိယပြည်ထဲရေးဝန်ကြီး Kiren Rijijuက ပြီးခဲ့တဲ့သီတင်းပတ်ကုန်က သတင်းဌာနတွေကို ပြောပါတယ်။

ဝန်ကြီးချုပ် နာရိန်ဒြာမိုဒီရဲ့ ဟိန္ဒူအမျိုး သားရေးအစိုးရအဖွဲ့မှာ အရေးပါတဲ့ဝန်ကြီးတဦးဖြစ်သူ မစ္စတာ Rijiju က ရိုဟင်ဂျာတွေဟာ တရားမဝင်လာရောက်ခဲ့ ကြသူတွေဖြစ်တာကြောင့် အိန္ဒိယမှာနေထိုင်ခွင့်မရှိကြောင်း၊ ဌာနေ ကိုပြန်ပို့ခံရမှာဖြစ်ကြောင်း၊ UNHCR မှာ မှတ်ပုံတင် ထားသူတွေဖြစ်ပေမဲ့ မသက်ဆိုင်ကြောင်း၊ အိန္ဒိယအနေနဲ့ ကုလသ မဂ္ဂဆိုင်ရာ ဒုက္ခသည်များလက်ခံရေးစာချုပ်ကို လက်မှတ် ရေးထိုးထားတာမရှိကြောင်း သူကပြောပါတယ်။

အိန္ဒိယ UNH CR ရုံးက ရိုဟင်ဂျာပေါင်း ၁သောင်း၆ထောင့် ၅ရာကို မှတ်ပုံတင်ထားပါတယ်။ ၂၀၁၂ခု ရခိုင်ပြည်နယ်အတွင်း အကြမ်း ဘက်မှု ပထမအကြိမ်ဖြစ်ပွါးပြီး ရိုဟင်ဂျာတွေ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ လတုန်းကလည်း မောင်တောနယ်စပ်စခန်း ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ကြောင့်ရိုဟင်ဂျာဒုက္ခသည် သောင်းနဲ့ချီ ပြီး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြပါတယ်။

ဒုတိယဝန်င်္ကြီး Kiren Rijijuက အိန္ဒိဗဟိုအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပါ အဝင် တရားမဝင်ရောက်နေကြသူတွေကို ဖမ်းဆီးပြီးပြည်နှင်ဒဏ်ပေးဖို့ ပြည်နယ်အာဏာပိုင်တွေကို ညွှန်ကြားချက်ပေး ထားပြီးပြီလို့ ပြီးခဲ့တဲ့အပတ်အတွင်း လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။မစ္စတာ Rijiju ဟာ မြန်မာနိုင်ငံကို မကြာခင်ကပဲ သွားရောက်ခဲ့သူဖြစ်ပေမဲ့ အဲဒီတုန်းက ရိုဟင်ဂျာကိစ္စကို ပြောဆိုဆွေး နွေးမှုရှိမရှိတော့ မသိရပါဘူး။ အိန္ဒိယမှာ ရိုဟင်ဂျာ တွေဟာ Jammu, Uttarpradesh, Haryanaနဲ့ မြောက်ပိုင်းမှာ Delhi တောင်ပိုင်းမှာ Hyderabad အနောက်ပိုင်းမှာ Rajasthan ဒေသတွေမှာ နေထိုင်ကြပါတယ်။ အခုလို မြန်မာပြည်ကိုပြန်ပို့ မယ့်ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတွေကို အိန္ဒိယဘက်ကဆွေးနွေးနေတယ်လို့ဆိုပါတယ်။

Human rights Watch လူ့အခွင့်အရေးစောင့်ကြည့်မှု အဖွဲ့ကတော့ အိန္ဒိယဟာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဝင်ဖြစ်တာ ကြောင့် ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ တာဝန်ရှိတယ်လို့ဆိုပါတယ်။ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း ရိုဟင်ဂျာတွေကို ပြန်ပို့ဖို့စီစဉ်တာဟာ အသိတရားကင်းမဲ့တဲ့လုပ်ရပ်ပဲလို့ ဝေဖန်ပါ တယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီအနေနဲ့ မြန်မာနိုင်ငံကို စက်တင်ဘာလဆန်းမှာ ရောက်လာဖို့ရှိပြီး ရိုဟင်ဂျာအရေးဆွေး နွေးလိမ့်မယ်လို့လည်း အကဲခတ်တွေက သုံးသတ်ကြပါတယ်။

ရိုဟင်ဂျာ ၄၀၀၀၀ ကျော် မြန်မာပြည်ပြန်ပို့ဖို့ အိန္ဒိယစီစဉ်
please wait

No media source currently available

0:00 0:02:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG