သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“လူသန်းပေါင်း ၁၈၀ အတွက် အရေးပေါ်အကူအညီ ဒေါ်လာ ၄၆.၄ ဘီလီယံ လိုအပ်”


ကုလ လူသားချင်းစာနာထောက်ထားရေးအကြီးအကဲ Martin Griffiths
ကုလ လူသားချင်းစာနာထောက်ထားရေးအကြီးအကဲ Martin Griffiths

ကမ္ဘာတဝှမ်း အခြေအနေဆိုးထဲရောက်နေရတဲ့ လူသန်းပေါင်း ၁၈၀ ကို ကူညီဖို့ လာမယ့်နှစ်မှာ ဒေါ်လာ ၄၆.၄ ဘီလီယံ လိုအပ်တယ်လို့ ကုလသမဂ္ဂက တနင်္လာနေ့က ပြောလိုက်ပါတယ်။ ၂၀၂၄ အတွက် ကမ္ဘာ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေက အတော့်ကို စိတ်ပျက်စရာကောင်းလှပါတယ်လို့လည်း ဆိုပါတယ်။

ပဋိပက္ခတွေ၊ ဥတုရာသီဆိုင်ရာ အရေးပေါ် အခြေအနေတွေ၊ စီးပွါးရေး ပြိုကျနေတာတွေကြောင့် ဘဝအခြေမလှသူတွေအတွက် အကြီးအကျယ် ထိခိုက်စရာဖြစ်နေရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ လူသားချင်းစာနာထောက်ထားမှု ဝန်ထမ်းတွေဟာ လူမဆန်ဆုံး အခြေအနေတွေမှာ အသက်တွေကယ်တင်၊ ငတ်မွတ်မှုကို တိုက်ဖျက်၊ ကလေးတွေကို ကာကွယ်၊ ပျံ့နှံလာတဲ့ရောဂါတွေကို ပြန်တွန်းထုတ်၊ ခိုနားစရာတွေ တည်ဆောက်၊ ကျန်းမာရေးနဲ့အညီဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားနေကြပါတယ်လို့ ကုလ လူသားချင်းစာနာထောက်ထားရေးအကြီးအကဲ မာတင် ဂရစ်ဖစ် က ကြေညာချက်မှာ ပြောပါတယ်။

နိုင်ငံတကာအသိုက်အဝန်းက ကူညီတာကလိုအပ်ချက်ကို မမီဘူးဖြစ်နေပါတယ်လို့ သူကဆိုပါတယ်။ ၂၀၂၃ တုန်းက ၅၆.၇ ဘီလီယံ တောင်းခံခဲ့ရာမှာ ၃၅ ရာနှုန်းကိုပဲ ရရှိခဲ့တာပါ။ ၂၀၂၄ အတွက်တောင်းခံရာမှာတော့ အလိုအပ်ဆုံးသူတွေအတွက် လျှော့ချတောင်းခံထားတာဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

“လူသန်းပေါင်း ၁၈၀ အတွက် အရေးပေါ်အကူအညီ ဒေါ်လာ ၄၆.၄ ဘီလီယံ လိုအပ်”
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG