သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်က အဓမ္မလုပ်အားခိုင်းစေမှု ကုလစုံစမ်းတွေ့ရှိ


အကျဉ်းသားတွေကို ရှေ့တန်းမှာ ပေါ်တာအဖြစ် မြန်မာစစ်တပ် အသုံးပြုပုံ။ (ယခင်မှတ်တမ်းဓာတ်ပုံ)
အကျဉ်းသားတွေကို ရှေ့တန်းမှာ ပေါ်တာအဖြစ် မြန်မာစစ်တပ် အသုံးပြုပုံ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က အဓမ္မ လုပ်အားခိုင်းစေနေတာတွေကိုရပ်တန့်ဖို့နဲ့ အလုပ်သမားသမဂ္ဂတွေအပေါ် အကြမ်းဖက်တိုက်ခိုက်နေတာတွေကိုရပ်တန့်ဖို့ စုံစမ်းစစ်ဆေးခဲ့တဲ့ ကုလသမဂ္ဂက ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။

မြန်မာစစ်ကောင်စီဟာ နိုင်ငံတကာသဘောတူညီချက်တွေဖြစ်တဲ့ အဓမ္မလုပ်အားခိုင်းစေမှု တားမြစ်တဲ့ဥပဒေတွေနဲ့ လွတ်လပ်စွာဖွဲ့စည်းလုပ်ဆောင်ခွင့်တွေကို ချိုးဖေါက်နေတဲ့အထောက်အထားတွေကိုတွေ့ရှိရတယ်လို့ စုံစမ်းစစ်ဆေးခဲ့တဲ့ ကုလသမဂ္ဂရဲ့နိုင်ငံတကာအလုပ်သမ္မားများအဖွဲ့ချုပ် ILO ကပြောထားပါတယ်။

မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံတကာအလုပ်သာမားဥပေဒတွေကိုလိုက်နာခြင်းမရှိဘူးဆိုတဲ့ စွပ်စွဲချက်ကိုစုံစမ်းစစ်ဆေးဖို့ စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်ကို ILO က၂၀၂၂ ခုနှစ်မတ်လမှာ ဖွဲ့စည်းတာဝန်ပေး အပ်ခဲ့တာပါ။ ILO အနေနဲ့ အခုလို အဆင့်မြင့်စုံစမ်းစစ်ဆေးမှုမျိုးကို ILO စတင်တည်ထောင်တဲ့ ၁၉၁၉ ခုနှစ်နောက်ပိုင်း ၁၃ ကြိမ်ပဲ ပြုခဲ့ဖူးပါတယ်။

မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ အလုပ်သမားသမဂ္ဂတွေနဲ့ အရပ်သား ပြည်သူတွေရဲ့လွတ်လပ်ခွင့်တွေအပေါ်ဖိနှိပ် ကန့်သတ်တာ၊ အဓ္ဓမလုပ်အားစေခိုင်းမှုမျိုးစုံ၊ စစ်ရေးစစ်ရာကိစ္စတွေအတွက်အဓ္ဓမလုပ်အားစေခိုင်းတာ၊ အလုပ်သမား သမဂ္ဂဖွဲ့ဝင်တွေ၊ ခေါင်းဆောင်တွေကို တရားမဝင်ဖမ်းဆီးထောင်ချတာ၊ နှိပ်စက်တာ၊ သတ်ဖြတ်တာ၊ စောင့်ကြည့်တာ၊ ပြည်ပကိုထွက်ပြေးရစေတာ စတာတွေကို စစ်ကောင်စီကကျူးလွန်ခဲ့တဲ့ အထောက်အထားတွေကိုတွေ့ရှိရတယ်လို့ စုံစမ်းရေးကော်မရှင်ကဖေါ်ထားပါတယ်။

ဒီအစီရင်ခံဖေါ်ပြချက်တွေကို ၃ လအတွင်းလက်ခံ၊ လက်မခံ အကြောင်းပြန်ရမှာဖြစ်ပါတယ်။ လက်ခံရင်ရပ်တန်ဖို့၊ ပြင်ပြောင်းလဲဖို့လုပ်ရမှာဖြစ်ပါတယ်။ လက်မခံရင် ICJ နိုင်ငံတကာခုံရုံးမှာတက်ရောက်ဖြေရှင်းနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG