သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး ကြေညာစာတမ်းစိန်ရတု မြန်မာနဲ့ နိုင်ငံတကာအခြေအနေ ကုလထောက်ပြ


၇၅နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk (ဒီဇင်ဘာ ၁၁၊ ၂၀၂၃)
၇၅နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk (ဒီဇင်ဘာ ၁၁၊ ၂၀၂၃)

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း သက်တမ်း ၇၅ နှစ် ပြည့်ချိန်မှာပဲ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားက လူ့အခွင့်အရေး ဆုတ်ယုတ်မှု အခြေအနေတွေကို နိုင်ငံတကာ ခေါင်းဆောင်တွေ၊ ကုလသမဂ္ဂတာဝန်ရှိသူတွေ ထောက်ပြကြပါတယ်။ ပဋိပက္ခတွေကြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်မှုတွေကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ထောက်ပြခဲ့တာပါ။

“သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေ၊ အထူးသဖြင့် ဂါဇာဒေသနဲ့ အစ္စရေး၊ ဆူဒန်၊ ယူကရိန်း၊ မြန်မာအပြင် တခြားဒေသတွေက မချိမဆန့် ခံစားနေရတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေကို သတိရမိပါတယ်။” လို့ မဟာမင်းကြီး Volker Turk က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဒီကနေ့ပဲ ပြောသွားတာပါ။

ဒုတိယ ကမ္ဘာစစ်အပြီးနဲ့ ဂျူးလူမျိုးတွေ သန်းချီ အသတ်ခံခဲ့ရတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကြီး ကြုံခဲ့ရပြီး လူတိုင်းရဲ့ အခြေခံရပိုင်ခွင့်တွေကို ကာကွယ်ဖို့အတွက် ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို သဘောတူ အတည်ပြုခဲ့တာပါ။ လူတိုင်း မွေးဖွားချိန်ကတည်းက တူညီတဲ့ ဂုဏ်သိက္ခာနဲ့ တန်းတူအခွင့်အရေး ရှိတယ်ဆိုတာကို ကြေညာစာတမ်းမှာ အသိအမှတ်ပြုထားပါတယ်။ ဒါပေမဲ့လ ကြေညာစာတမ်း စိန်ရတု ၇၅ နှစ် ပြည့်တဲ့ အခါသမယမှာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာတချို့မှာ လူ့အခွင့်အရေးကို အကြီးအကျယ် ခြိမ်းခြောက်ခံနေရတဲ့ အခြေအနေနဲ့ အခက်အခဲတွေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေက ထောက်ပြနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG