သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတြင္း ေနရပ္စြန္႔ဒုကၡသည္ ၂သိန္းခဲြနီးပါးရွိလာၿပီ (ကုလေျပာခြင္႔ရ Dujarric)


Stéphane Dujarric

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ပဋိပကၡေတြ၊ ႏိုင္ငံေရး မတည္ၿငိမ္မႈေတြနဲ႔ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေနရပ္စြန္႔ခြာရသူေတြ သိသိသာသာ တိုးလာေနၿပီး၊ စာနာမႈအကူအညီေတြလည္း အေရးတႀကီး လိုအပ္ေနတယ္လို႔ ကုလသမဂၢက ေျပာလိုက္ပါတယ္။

(Act. Spokesperson for UN Secretary General Stephane Dujarric)

“ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ေနာက္ပိုင္း ေနရပ္စြန္႔ခြာရသူ အမ်ဳိးသမီး၊ အမ်ဳိးသားနဲ႔ ကေလး အေရအတြက္ဟာ ၂၃၄,၆၀၀ အထိ စံခ်ိန္တင္ မ်ားျပားခဲ့ေၾကာင္း UNHCR ကေျပာပါတယ္။ ၾသဂုတ္လကုန္မွာ ၁၇၆,၀၀၀ ရွိေနရာကေန ထပ္တိုးလာတာေၾကာင့္ အရင္ကတည္းက စာနာမႈဆိုင္ရာ အက်ပ္အတည္း ၾကံဳေနရတဲ့ အေျခအေနဟာလည္း ပိုဆိုးလာပါတယ္။” လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က နယူးေယာက္ ကုလသမဂၢ႐ုံးခ်ဳပ္က ၾကာသပေတးေန႔ သတင္းစာ ရွင္းလင္းပဲြမွာ ေျပာလိုက္တာပါ။

ဒီႏွစ္ဆန္းပိုင္းကစလို႔ ျမန္မာႏိုင္ငံမွာ အေရးေပၚ အကူအညီနဲ႔ ကာကြယ္ေစာင့္ေရွာက္မႈ လိုအပ္သူ အေရအတြက္ဟာလည္း ၃ သန္းေက်ာ္ ရွိေနတယ္လို႔ ေျပာပါတယ္။

မၾကာေသးခင္ သီတင္းပတ္ေတြကစလို႔ တိုက္ပဲြေတြ ျပင္းထန္လာတဲ့ ခ်င္းျပည္နယ္မွာ ဆိုရင္လည္း ေနရပ္စြန္႔ခြာ ထြက္ေျပးေနၾကရၿပီး စားနပ္ရိကၡာနဲ႔ အကူအညီေတြ အေရးတႀကီး လိုအပ္ေနေၾကာင္းလည္း ျမန္မာႏိုင္ငံမွာရွိတဲ့ ကုလသမဂၢ တာ၀န္ရွိသူေတြကို ကိုးကား ေျပာဆိုခဲ့တာပါ။

ကုလသမဂၢနဲ႔ အကူအညီေပးေရး အဖဲြ႕အစည္းေတြက စာနာမႈအေထာက္အပံ့ေတြ ေပးအပ္ဖို႔ အဆင္သင့္ ရွိေနေပမဲ့ သြားလာခြင့္ရဖို႔ လိုအပ္ေနတယ္လို႔လည္း အတြင္းေရးမွဴးခ်ဳပ္ေရး ေျပာခြင့္ရက ေျပာပါတယ္။

.......................................

တိုက္႐ိုက္ လင့္ခ္

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် နေရပ်စွန့်ခွာရသူတွေ သိသိသာသာ တိုးလာနေပြီး၊ စာနာမှုအကူအညီတွေလည်း အရေးတကြီး လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

(Act. Spokesperson for UN Secretary General Stephane Dujarric)

“ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း နေရပ်စွန့်ခွာရသူ အမျိုးသမီး၊ အမျိုးသားနဲ့ ကလေး အရေအတွက်ဟာ ၂၃၄,၆၀၀ အထိ စံချိန်တင် များပြားခဲ့ကြောင်း UNHCR ကပြောပါတယ်။ သြဂုတ်လကုန်မှာ ၁၇၆,၀၀၀ ရှိနေရာကနေ ထပ်တိုးလာတာကြောင့် အရင်ကတည်းက စာနာမှုဆိုင်ရာ အကျပ်အတည်း ကြုံနေရတဲ့ အခြေအနေဟာလည်း ပိုဆိုးလာပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က နယူးယောက် ကုလသမဂ္ဂရုံးချုပ်က ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

ဒီနှစ်ဆန်းပိုင်းကစလို့ မြန်မာနိုင်ငံမှာ အရေးပေါ် အကူအညီနဲ့ ကာကွယ်စောင့်ရှောက်မှု လိုအပ်သူ အရေအတွက်ဟာလည်း ၃ သန်းကျော် ရှိနေတယ်လို့ ပြောပါတယ်။

မကြာသေးခင် သီတင်းပတ်တွေကစလို့ တိုက်ပွဲတွေ ပြင်းထန်လာတဲ့ ချင်းပြည်နယ်မှာ ဆိုရင်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး စားနပ်ရိက္ခာနဲ့ အကူအညီတွေ အရေးတကြီး လိုအပ်နေကြောင်းလည်း မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေကို ကိုးကား ပြောဆိုခဲ့တာပါ။

ကုလသမဂ္ဂနဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေက စာနာမှုအထောက်အပံ့တွေ ပေးအပ်ဖို့ အဆင်သင့် ရှိနေပေမဲ့ သွားလာခွင့်ရဖို့ လိုအပ်နေတယ်လို့လည်း အတွင်းရေးမှူးချုပ်ရေး ပြောခွင့်ရက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG