သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအတြက္ စာနာမႈအကူအညီ ရန္ပံုေငြ မလံုေလာက္မႈ ကုလစိုးရိမ္


(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း စတင္ခဲ႔တဲ႔ လူသားခ်င္းစာနာေထာက္ကူမႈ အစီအစဥ္နဲ႔ ယာယီ အေရးေပၚ တုံ႔ျပန္ေဆာင္ရြက္ေရး အစီအစဥ္ အတြက္ လိုအပ္တဲ႔ ရန္ပံုေငြ မရေသးတာေၾကာင့္ ႏိုင္ငံတကာဘက္က ပိုၿပီး ထည့္၀င္ လွဴဒါန္းၾကဖို႔ ကုလသမဂၢက ပန္ၾကားလိုက္ပါတယ္။

စစ္အာဏာသိမ္းခံရၿပီးေနာက္ပိုင္း လိုအပ္သူေတြကို ကူညီေပးေနတဲ႔ အစီအစဥ္ အတြက္ ေဒၚလာ ၃၈၅ သန္း ပန္ၾကားထားတာမွာ ထက္၀က္ေတာင္ ျပည့္ေအာင္ မရေသးေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က အဂၤါေန႔က လုပ္တဲ႔ နယူးေယာက္ ကုလသမဂၢ ရံုးခ်ဳပ္ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

အကူအညီ လိုအပ္ေနတဲ႔ အမ်ိဳးသမီး၊ ကေလးငယ္နဲ႔ အမ်ိဳးသား စုစုေပါင္း လူေပါင္း ၃ သန္းကို ကူညီေပးႏိုင္ေရး အတြက္ လက္ရွိ ရန္ပံုေငြ နည္းေနတဲ႔ ကိစၥကို ျမန္မာႏိုင္ငံမွာ ရွိေနတဲ႔ ကုလသမဂၢ အဖြဲ႔ အေနနဲ႔ ပူပန္ေနရေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က ေျပာဆိုသြားတာပါ။

ကုလသမဂၢ အဖြဲ႔၀င္ ႏိုင္ငံေတြနဲ႔ အလွဴရွင္ေတြ အေနနဲ႔ ျမန္မာႏိုင္ငံတြင္း ဒုကၡေရာက္ေနၾကသူေတြနဲ႔ စည္းလံုးညီၫြတ္စြာ အတူ ရပ္တည္ၿပီး ေငြေၾကး တိုးျမႇင့္ ပံ႔ပိုးၾကဖို႔ ျမန္မာဆိုင္ရာ ကုလသမဂၢအဖြဲ႕ကလည္း တိုက္တြန္းထားေၾကာင္း သူက ေျပာပါတယ္။

ကုလသမဂၢ အဖြဲ႔အစည္းေတြနဲ႔ မိတ္ဖက္ အဖြဲ႔ေတြ အေနနဲ႔ ျမန္မာျပည္တြင္း ဆက္လက္ ေနထိုင္ေနၿပီး လိုအပ္သူေတြကို ကူညီေနေၾကာင္း၊ က်န္းမာေရး ေစာင့္ေရွာက္မႈ၊ ေသာက္သံုးေရနဲ႔ တကိုယ္ေရး သန္႔ရွင္းေရး၊ စားနပ္ရိကၡာနဲ႔ တျခား အေျခခံ ၀န္ေဆာင္မႈေတြ တိုးတက္ ေကာင္းမြန္ေရး အတြက္ ႀကိဳးပမ္းေဆာင္ရြက္ေနေၾကာင္းလည္း ေျပာခြင့္ရက ေျပာဆိုခဲ႔ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာအတွက် စာနာမှုအကူအညီ ရန်ပုံငွေ မလုံလောက်မှု ကုလစိုးရိမ်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စတင်ခဲ့တဲ့ လူသားချင်းစာနာထောက်ကူမှု အစီအစဉ်နဲ့ ယာယီ အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ် အတွက် လိုအပ်တဲ့ ရန်ပုံငွေ မရသေးတာကြောင့် နိုင်ငံတကာဘက်က ပိုပြီး ထည့်ဝင် လှူဒါန်းကြဖို့ ကုလသမဂ္ဂက ပန်ကြားလိုက်ပါတယ်။

စစ်အာဏာသိမ်းခံရပြီးနောက်ပိုင်း လိုအပ်သူတွေကို ကူညီပေးနေတဲ့ အစီအစဉ် အတွက် ဒေါ်လာ ၃၈၅ သန်း ပန်ကြားထားတာမှာ ထက်ဝက်တောင် ပြည့်အောင် မရသေးကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က အင်္ဂါနေ့က လုပ်တဲ့ နယူးယောက် ကုလသမဂ္ဂ ရုံးချုပ် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

အကူအညီ လိုအပ်နေတဲ့ အမျိုးသမီး၊ ကလေးငယ်နဲ့ အမျိုးသား စုစုပေါင်း လူပေါင်း ၃ သန်းကို ကူညီပေးနိုင်ရေး အတွက် လက်ရှိ ရန်ပုံငွေ နည်းနေတဲ့ ကိစ္စကို မြန်မာနိုင်ငံမှာ ရှိနေတဲ့ ကုလသမဂ္ဂ အဖွဲ့ အနေနဲ့ ပူပန်နေရကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ပြောဆိုသွားတာပါ။

ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေနဲ့ အလှူရှင်တွေ အနေနဲ့ မြန်မာနိုင်ငံတွင်း ဒုက္ခရောက်နေကြသူတွေနဲ့ စည်းလုံးညီညွတ်စွာ အတူ ရပ်တည်ပြီး ငွေကြေး တိုးမြှင့် ပံ့ပိုးကြဖို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ကလည်း တိုက်တွန်းထားကြောင်း သူက ပြောပါတယ်။

ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ မိတ်ဖက် အဖွဲ့တွေ အနေနဲ့ မြန်မာပြည်တွင်း ဆက်လက် နေထိုင်နေပြီး လိုအပ်သူတွေကို ကူညီနေကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှု၊ သောက်သုံးရေနဲ့ တကိုယ်ရေး သန့်ရှင်းရေး၊ စားနပ်ရိက္ခာနဲ့ တခြား အခြေခံ ဝန်ဆောင်မှုတွေ တိုးတက် ကောင်းမွန်ရေး အတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း ပြောခွင့်ရက ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG