သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကိုင် ပဋိပက္ခ နဲ့ လုံခြုံရေးပြဿနာကြောင့် စာနာမှု အကူအညီ လုပ်ငန်း ထိခိုက် ( ကုလပြောခွင့်ရ F S Nino)


ပစ်ခတ်မှုတွေကြောင့် ထွက်ပြေးနေရတဲ့ မင်းတပ်ဒေသခံများ
ပစ်ခတ်မှုတွေကြောင့် ထွက်ပြေးနေရတဲ့ မင်းတပ်ဒေသခံများ

{{Zawgyi/Unicode}}

မြန်မာနိုင်ငံအဝန်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ လုံခြုံရေးပြဿနာတွေကြောင့် စာနာမှု အကူအညီပေးရေး လုပ်ငန်းတွေမှာ ထိခိုက်နေတဲ့အပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာရသူ ၂ သိန်းလောက် ရှိနေပြီး၊ မကြာသေးခင်က မုတ်သုန်မိုး ရွာသွန်းမှုတွေကြောင့် ဇူလိုင်လကတည်းက လူပေါင်း ၁ သိန်း ၂ သောင်းခွဲလောက်ဟာလည်း ရေဘေးဒဏ် ခံနေရကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ပြောဆိုလိုက်တာပါ။

“ကုလသမဂ္ဂနဲ့ လက်တွဲဖက် အဖွဲ့အစည်းတွေဟာ အရေးပေါ် အကူအညီတွေနဲ့ ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်ရေး အပါအဝင် ကာကွယ်စောင့်ရှောက်မှုတွေ လိုအပ်နေသူ ၃ သန်းလောက်ကို အကူအညီပေးနိုင်ဖို့ ကြိုးပမ်းနေပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တွဲဖက်ပြောခွင့်ရပုဂ္ဂိုလ် Florencia Soto Nino ဗုဒ္ဓဟူးနေ့ နယူးယောက် ကုလသမဂ္ဂရုံးချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

လိုအပ်နေသူတွေ အကူအညီရရှိနိုင်အောင် သက်ဆိုင်သူတွေ အားလုံးက ခွင့်ပြုဖို့ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ တာဝန်ရှိသူတွေက ထပ်မံတိုက်တွန်းထားကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ စာနာမှု အကူအညီတွေ၊ ကာကွယ်စောင့်ရှောက်မှုတွေနဲ့ ကိုဗစ်ရောဂါ ကာကွယ်ရေး လုပ်ငန်းတွေအတွက် နိုင်ငံတကာ စံတွေနဲ့အညီ မျှမျှတတနဲ့ လွတ်လပ်စွာ ဆောင်ရွက်ဖို့ ရည်ရွယ်ထားကြောင်းလည်း ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တာ ၇ လ ရှိလာပေမဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေ၊ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ဆက်လက် ပေါ်ပေါက်နေတာကြောင့် ကုလသမဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက စိုးရိမ်နေတာ ဖြစ်ပါတယ်။

....................................................

တိုက်ရိုက် လင့်ခ်

{{Unicode}}







XS
SM
MD
LG