သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ရိုဟင်ဂျာဒုက္ခသည်များ အကူအညီမလုံလောက်” ကုလအရာရှိပြောဆို

Cox's Bazar မှ ဆိုင်ကလုန်းမိုခါသင့် ရိုဟင်ဂျာမိသားစု မေ ၁၅၊ ၂၀၂၃
Cox's Bazar မှ ဆိုင်ကလုန်းမိုခါသင့် ရိုဟင်ဂျာမိသားစု မေ ၁၅၊ ၂၀၂၃

ရိုဟင်ဂျာတစ်သန်းကျော်ရဲ့ ဝန်ထုပ်ဝန်ပိုးဒဏ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ တစ်နိုင်ငံတည်းကပဲ ခံမနေသင့်ဘူး လို့ ကုလသမဂ္ဂတာဝန်ရှိသူတစ်ဦးက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကျွေးမွေးနေရတဲ့ အခက်အခဲတွေ ကို ကုလသမဂ္ဂ က ရင်ဆိုင်ဆိုင်နေရချိန်၊ ကုလသမဂ္ဂ ရဲ့ လူ့အခွင့်အရေး နဲ့ အလွန်အမင်း ဆင်းရဲမွဲတေမှုဆိုင်ရာ အထူးသံတမန် Olivier De Schutter က ၁၂ ရက်ကြာဘင်္ဂလားဒေ့ရှ် ခရီးစဥ် အပြီးမှာ ခုလို ပြောလိုက်တာလည်းဖြစ်ပါတယ်။

နိုင်ငံတကာ အသိုက်အဝန်းက ဒုက္ခသည်တွေကို ပံ့ပိုးပေးနေတာ အတော်ကြီးကို မလုံလောက်ဘူးလို့ သူက ဆိုပါတယ်။ ဒီဒုက္ခသည်တွေအတွက် တစ်နှစ်ကို အမေရိကန် ဒေါ်လာ သန်းပေါင်း ၈၇၆ သန်း လိုပေမဲ့ ၁၇ ရာနှုန်း ပဲ ရရှိထားပြီး၊ ကဲ့ရဲ့ပြစ်တင်စရာ ဖြစ်ပါတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒက္ကားမြို့ မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောကြားပါတယ်။ ဒီအ‌ခြေအနေက ကလေးတွေရဲ့ ဖွံဖြိုးတိုးတက်မှုအတွက် အန္တရာယ်ရှိလှတယ်လို့သူကဆိုပါတယ်။

နိုင်ငံတကာပံ့ပိုးမှုနည်းတာကြောင့် ဒုက္ခသည်တစ်ယောက်တစ်လ ကို ‌၁၂ ဒေါ်လာ ပံ့ပိုးရာကေန ၁၀ ဒေါ်လာ ကို လျှော့ချခဲ့ရပြီး ဇွန်လ ၁ ရက်နေ့က စလို့ ၈ ဒေါ်လာကို လျှော့ချရတော့မှာ ဖြစ်ပါတယ်။ အစားအသောက်တွေရဲ့ ကုန်‌စျေးနှုန်းဒီနှစ် ၈ ရာနှုန်းတက်တဲ့ အခြေအနေမှာ ဒုက္ခသည်စခန်း က ကလေးတွေ အဟာရချို့တဲ့လာကြတယ်လို့အဓိပ္ပါယ်ရကြောင်းမစ္စတာ De Schutter က ပြောပါတယ်။

လောလောဆယ်မှာတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ တရုတ်နိုင်ငံနဲ့အတူ ဒုက္ခသည်တွေကိုစမ်းသပ်စီမံချက် အဖြစ် ပြန်ပို့ဖို့ လုပ်ဆောင်နေကြပါတယ်။ ဒါပေမဲ့ ဘယ်ဒုက္ခသည်ကိုမှ အတင်းအဓမ္မ ပြန်မပို့ပါဘူး လို့လည်းဝန်ကြီးချုပ် Sheikh Hasina ကတော့ ဆိုပါတယ်။

အာဆာအဖွဲ့ က တိုက်ခိုက်တာ ကို မြန်မာစစ်တပ်က ပြန်လည်တုံ့ပြန် စစ်ဆင်ရေးဆင်နွှဲခဲ့တာကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော်ဟာ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ၂၀၁၇ နှောင်းပိုင်း မှာ ထွက်ပြေးခဲ့ကြရတာဖြစ်ပါတယ်။

“ရိုဟင်ဂျာဒုက္ခသည်များ အကူအညီမလုံလောက်” ကုလအရာရှိပြောဆို
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG