သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းဒဏ် အရေးပေါ်အကူအညီ ဥရောပသမဂ္ဂ ဒေါ်လာ ၂.၇ သန်း ကူညီမည်


မိုခါမုန်တိုင်းဒဏ်သင့် ကျောက်ဖြူမြို့မြင်ကွင်း၊ မေ ၁၅၊ ၂၀၂၃
မိုခါမုန်တိုင်းဒဏ်သင့် ကျောက်ဖြူမြို့မြင်ကွင်း၊ မေ ၁၅၊ ၂၀၂၃

မြန်မာနိုင်ငံနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရ်ှ လူမှုအသိုင်းအဝိုင်းအတွက် မုန်တိုင်းဒဏ်ကယ်ဆယ်ရေး အရေးပေါ်အကူအညီအဖြစ် အီးယူဥရောပသမဂ္ဂက ယူရိုငွေ ၂ သန်းခွဲ (ဒေါ်လာ ၂.၇ သန်းကို) ပေးအပ်မယ်လို့ ဥရောပကော်မရှင်က ေကြညာပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေရှိရာ Cox Bazaar ဒေသတွေဟာ အရေးတကြီး အကူအညီတွေ အလိုအပ်ဆုံး ဖြစ်နေတာကြောင့် ဒီလို ထောက်ပံ့ကူညီတာလို့ ဆိုပါတယ်။

မုန်တိုင်းမိုခါဟာ တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက အိုးအိမ်ရွှေ့ပြောင်းနေထိုင်ရသူတွေရဲ့ ယာယီခိုနားရာ နေရာတွေကိုပါ အကြီးအကျယ် ပျက်စီးစေခဲ့ပြီး၊ ဒေသတွင်း ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမယ့်အန္တရာယ်တွေ တိုးများနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

မိုခါဆိုင်ကလုန်းဒဏ် ခံခဲ့ရတဲ့ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်း
please wait

No media source currently available

0:00 0:05:30 0:00

ရခိုင်ပြည်နယ်မှာ ၂၀၁၇ က စစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုအတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ရိုဟင်ဂျာ သိန်းနဲ့ချီ ထွက်ပြေးခိုလှုံခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ Cox Bazaar မှာ ရိုဟင်ဂျာ ၁.၂ သန်း လောက်ရှိနေတာပါ။

ဘင်္ဂလားဒေ့ရှ်- မြန်မာ ၂ နိုင်ငံ သဘောတူညီချက်အရ ရိုဟင်ဂျာဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လက်ခံမှာဖြစ်ကြောင်း စစ်ကောင်စီက ကတိပေးထားတာဖြစ်ပြီး အခုအချိန်မှာတော့ ဒုက္ခသည် ၁၀၀၀ ကျော်ကို ပြန်ခေါ်ဖို့စီစဉ်နေပါတယ်။ စမ်းသပ်အစီအစဉ်နဲ့ ပြန်လည်ခေါ်ယူ ရေးအတွက် ရိုဟင်ဂျာဒုက္ခသည်နဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တချို့ မြန်မာနိုင်ငံက ပြန်လက်ခံရေး စခန်းတွေကို မကြာခင်ကပဲ လာရောက်ကြည့်ရှုခဲ့သလို မနေ့က ကြာသပတေးနေ့မှာလည်း မြန်မာအဖွဲ့ ဘင်္ဂလာဒေ့ရှ်ဘက်ကို ထပ်မံ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

မုန်တိုင်းဒဏ်အရေးပေါ်အကူအညီ ဥရောပသမဂ္ဂ ဒေါ်လာ၁.၇ သန်းကူညီမည်
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG