သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါကပ်ဘေးဒဏ်ကူညီဖို့ ပြင်သစ်စီစဉ်နေ


ရခိုင်ပြည်နယ် WFP ဂိုဒေါင်မှ လူသားချင်းစာနာမှုအကူအညီများ၊ မေ ၁၄၊ ၂၀၂၃
ရခိုင်ပြည်နယ် WFP ဂိုဒေါင်မှ လူသားချင်းစာနာမှုအကူအညီများ၊ မေ ၁၄၊ ၂၀၂၃

မြန်မာနိုင်ငံမှာ "မိုခါ"ဆိုင်ကလုံး မုန်တိုင်းဒါဏ်သင့်ခဲ့သူတွေကို လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးဖို့ ပြင်သစ်အစိုးရအနေနဲ့ စီစဉ်နေတယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ မုန်တိုင်းဒါဏ်ကြောင့် လူ ၉ သိန်းလောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အများအပြား သေဆုံးခဲ့ရပါတယ်။ သေဆုံးခဲ့သူတွေအတွက် ဝမ်နည်းမိကြောင်းကိုလည်း ကျန်ရစ်သူမိသားစုတွေကို ပြောကြားလိုပါတယ်လို့ ကြေငြာချက် မှာဖေါ်ပြထားပါတယ်။ ပြင်သစ်အနေနဲ့ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသူတွေနဲ့အတူရှိနေပါတယ်လို့ပြောဆိုထားပါတယ်။

အကူအညီတွေကို မုန်တိုင်းသင့်ဒေသတွေမှာသွားရောက်ကူညီလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေကို တိုက်ရိုက်ပေးအပ်သွားမှာဖြစ်ပြီး အရေးပေါ်အမိုးအကာ၊ သောက်ရေနဲ့ အခြားလိုအပ်တဲ့ပစ္စည်းတွေကို ကူညီသွားမှာဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့ အခြေအနေတွေအပေါ်မူတည်ပြီး လိုအပ်တဲ့အကူအညီတွေ ပေးသွားဖို့အဆင့်သင့်ရှိပါတယ်လို့လည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ပြင်သစ်အနေနဲ့ လူသားခြင်း စာနာမှုဆိုင်ရာအကူအညီတွေကို လိုအပ်သူတွေထံလုံလုံခြုံခြုံနဲ့နှောင့်အယှက် မရှိရောက်အောင် ပေးပို့သွားမှာဖြစ်တယ် လို့လည်း ကြေငြာချက်မှာဖေါ်ပြထားပါတယ်။

ကုလသမဂ္ဂကတော့ လူပေါင်း ၁ ဒဿ ၆ သန်းလောက်မုန်တိုင်းဒါဏ်သင့်ခဲ့ရပြီး အရေးပေါ်အကူညီတွေ ပေးသွား နိုင်ဖို့ဆောင် ရွက်နေကြောင်းပြောဆိုထားပါတယ်။ အမေရိကန်အစိုးရကတော့ ဒေါ်လာ ၁၇ သန်းကူညီဖို့ ကတိပြုထားပါတယ်။ မုန်တိုင်းကြောင့်သေဆုံးသူ ၁၄၈ ဦးရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပေမယ့် သေဆုံးသူအရေအတွက်ဟာ ဒီထက်များနိုင်တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ခန့်မှန်းတွက်ချက်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG