သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီ မြန်မာ့အရေး ဗုဒ္ဒဟူးနေ့ဆွေးနွေးဖွယ်ရှိ


လုံခြုံရေးကောင်စီ
လုံခြုံရေးကောင်စီ

ရခိုင်ပြည်နယ်အတွင်း ပိုပြီးဆိုးဝါးနေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တရားဝင် အစည်းအဝေး ခေါ်ယူပြီးဆွေးနွေးဖို့ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျအဖွဲ့ဝင် ဆွီဒင်နဲ့ အမြဲ တန်းအဖွဲ့ဝင် ဗြိတိန်နိုင်ငံ တို့က စက်တင်ဘာ၁၁ရက် တနင်္လာနေ့ကတောင်းဆိုလိုက်ပါတယ်။

ကုလ သမဂ္ဂဆိုင်ရာဗြိတိန်သံအမတ်ကြီး Matthew Rycroft က သတင်းထောက်တွေကို အခုလိုပြောပါတယ်။

"လုံခြုံရေးကောင်စီအနေနဲ့ ဗုဒ္ဓဟူးနေ့မှာ မြန်မာ့အရေးတရားဝင်ဆွေးနွေးဖို့ ကျနေ်ာတို့ တောင်းဆိုပါတယ် ဒါဟာ တနည်းလမ်းနဲ့ ကြေညာချက်ထွက်လာစေဖို့ ဦးတည်စေတဲ့ နောက်ထပ်ခြေလှမ်းတရပ်ဖြစ်လိမ့်မယ်လို့ ကျနော်တို့မျှော်လင့်ပါတယ်။ ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီကို ထွက်ပြေးခဲ့ကြတာ အရေအတွက်က သိပ်များနေတာကို ကြည့်ခြင်းအားဖြင့် အခြေအနေဟာ ပိုဆိုးဝါးလာတာကြောင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေအနေနဲ့ စိုးရိမ်မကင်း ဖြစ်ကြတဲ့ အရိပ်လက္ခဏာလို့ ကျနော်ထင်ပါတယ်။"

ဗုဒ္ဓဟူးနေ့မှာ ကျင်းပဖို့ရှိတဲ့ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲကို တံခါးပိတ်ကျင်းပဖို့ရှိပေမဲ့ တိုင်ပင်နှီးနှော တဲ့ အနေအထားလည်းဖြစ်နိုင်ပြီး ကောင်စီဥက္ကဌရဲ့ဆုံးဖြတ်ချက် ပေါ်မူတည်တယ်လို့ ဗြိတိန်သံအမတ်ကြီးကပြောပါတယ်။သြဂုတ်လ၃၀ရက်နေ့တုန်းကလည်း သံအမတ်ကြီး Rycroft ရဲ့ တိုက်တွန်းချက်အရ ရခိုင်ပြည်နယ်အရေး လုံခြုံရေးကောင်စီမှာ အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပြီး အသေးစိတ်ဆွေး နွေးချက်တွေကို မထုတ်ပြန်ခဲ့ပါဘူး။

ဒါပေမဲ့ သက်ဆိုင်သူတွေအားလုံးအနေနဲ့ တင်းမာမှုတွေလျှော့ကျအောင်လုပ်ပြီး ကိုဖီအာနန်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖေါ်တာအပါအဝင် ရေရှည်အဖြေတွေရှာဖွေသင့်တယ်လို့ သံ အမတ်ကြီး Rycroftက သတင်းထောက်တွေကိုပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ကလည်း ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာမှုဆိုင်ရာ ကပ်ဘေး ဒုက္ခကြီး ရှောင်ရှားနိုင်ရေး ထိန်းထိန်းသိမ်းသိမ်းလုပ်ရေး မြန်မာအစိုးရကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ဖိအားပေးဖို့ UNOHCR တနင်္လာနေ့ကတော့ လူ့အခွင့်အရေးမဟာမင်းကြီး Zeid Ra’ad al-Hussein က မြန်မာ နိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်နေတာက လူမျိုးတုံးသတ်ဖြတ်မှု အဆင့်ရောက်နေပုံရတယ်လို့ ပြင်းပြင်းထန် ထန်ပြောလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG