သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွေးနွေးဖလှယ်မှု ပြုလုပ်ဖို့ ကုလအထူးကိုယ်စားလှယ် မြန်မာကိုတိုက်တွန်း


အပြန်အလှန် ဆွေးနွေး ဖလှယ်မှုဟာ မြန်မာနိုင်ငံကို ပိုမို အင်အားကောင်းစေလိမ့်မယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီလ ၁၈ ရက်ကနေ ၁၉ ရက်နေ့ အထိ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ် အပြီးမှာ ထုတ်ပြန်ကြေညာတဲ့ အခါမှာ မစ္စ ခရစ်စတီး ဘာဂနာက အခုလို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ လွတ်လပ်စွာ သွားလာခွင့်ဟာ လူသားအားလုံး အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ လက်လှမ်းမီဖို့ အတွက် အဓိက ကျတဲ့ အကြောင်း၊ လွတ်လပ်စွာ သွားလာခွင့် မရှိရင် ကလေးတွေ အတွက် ကျောင်းမတက်နိုင်သလို ဆေးရုံသွားရာမှာလည်း အခက်အခဲ ရောက်မယ်၊ ဒုက္ခရောက်မယ်၊ ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးဟာ အင်မတန် အရေးကြီးတယ်ဆိုပြီးတော့လည်း ရခိုင် အခြေအနေနဲ့ ပတ်သက်ပြီး သူ့ရဲ့ ကြေညာချက်မှာ ဆက်လက် ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ တဝန်းလုံးမှာ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရတဲ့ ကိစ္စကို ကိုင်တွယ်ဖြေရှင်း အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ IDP စခန်းတွေကို ပိတ်သိမ်းတာ၊ IDP တွေ ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိရှိ အမှီအခို ကင်းကင်း ပြန်လည် ဘ၀ တည်ဆောက်ရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာသစ် ရေးဆွဲဖို့ အစိုးရ ကြိုးပမ်းနေတယ်ဆိုတဲ့ ကိစ္စကိုလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က ကြိုဆိုတယ်လို့ သူ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်းရဲ့ အခြေအနေ အရ လူသားချင်း စာနာထောက်ပံ့မှုဆိုင်ရာ အဖွဲ့အစည်းတွေ သွားဖို့ အခက်အခဲ ရှိတယ်၊ ဒုက္ခသည်တွေ ပြန်လာဖို့ အခက်အခဲ ရှိတယ်ဆိုတာ သူက နားလည်တယ်။ ဒါပေမယ့်လည်း အဲဒီဘက်မှာ ရှိတဲ့ အရပ်သားတွေ အတွက် ကူညီဖို့ အတွက် လူသားချင်းစာနာမှုတွေ နိုင်ငံတကာ အသင်းအဖွဲ့တွေ သွားရောက်ခွင့် ပြုဖို့ အရေးကြီးတယ်လို့လည်း သူက အလေးအနက်ထား ဖော်ပြပါတယ်။ ပစ်ခတ် တိုက်ခိုက်မှုတွေကို တတ်နိုင်သမျှ အမြန်ဆုံး ရပ်တန့်ကြဖို့လည်း သူမက တိုက်တွန်းထားသလို လူမှု ဝန်းထမ်း ကယ်ဆယ်ရေး ပြန်လည်နေရာချထားရေး ဌာနက ကြိုးပမ်းနေမှုတွေကိုလည်း သူက ကူညီဆောင်ရွက်သွားမယ်လို့ ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG