သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“မြန်မာမြို့ပြမှာ ဆင်းရဲမွဲတေမှုသုံးဆတိုးလာနိုင်” ကုလစစ်တမ်း


ရန်ကုန်၊ ရွှေပြည်သာစက်မှုဇုန်က ကျူးကျော်အိမ်ရာ (မေ ၁၂၊ ၂၀၁၂)
ရန်ကုန်၊ ရွှေပြည်သာစက်မှုဇုန်က ကျူးကျော်အိမ်ရာ (မေ ၁၂၊ ၂၀၁၂)

{{Zawgyi/Unicode}}

မြန်မာနိုင်ငံ မြို့ပြလူဦးရေကြား ဆင်းရဲမွဲတေသူအရေအတွက်ဟာ သုံးဆနီးပါးတိုးမယ့် အခြေအနေမှာရှိနေပြီး နိုင်ငံလူဦးရေရဲ့ ထက်ဝက်နီးပါးဟာ နောက်နှစ်မှာ ဆင်းရဲမွဲတေ သူအဖြစ် သတ်မှတ်တဲ့အဆင့်အောက်ကို ရောက်သွားမယ်လို့ ကုလသမဂ္ဂက ဒီကနေ့ပြောပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း ရခဲ့တဲ့ တိုးတက်မှုအပေါ် ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုတို့ကြောင့် နှစ်ထပ်ကွမ်း ရိုက်ခတ်ခံရတာဖြစ်ပါတယ်။

အိမ်ထောင်စု ၁,၂၀၀ ကို ကောက်ယူထားတဲ့ စစ်တမ်းတခုအရ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး မစတင်ခင် ၂၀၀၅ ခုနှစ်ကတည်းက မမြင်ခဲ့ဖူးသေးတဲ့ ဆင်းရဲမွဲတေမှုအဆင့်ကို ရောက်သွားဖို့ရှိနေတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP) က ပြောပါတယ်။

"ဒီလိုပမာဏမျိုးနဲ့ ဆင်းရဲမွဲတေမှုထဲ ရွေ့လျားသွားမယ်ဆိုရင် လူလတ်တန်းစား ပျောက်ကွယ်သွားမယ့် အလားအလာရှိပါတယ်။ ဒါဟာ အကျပ်အတည်းကနေ ခပ်မြန်မြန် ပြန်ပြီးနာလန်ထူဖို့ ဘယ်လိုကြိုးပမ်းမှုမျိုးအတွက်မဆို မကောင်းတဲ့လက္ခဏာတခုပါပဲ" လို့ UNDP ရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာဌာန ညွှန်ကြားရေးမှူး Kanni Wignaraja ကပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ စစ်ကောင်စီပြောခွင့်ရတဦးကို ရိုက်တာက ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ပါဘူး။

အဆိုးဆုံးဖြစ်နိုင်ခြေက ဆင်းရဲမွဲတေမှုသတ်မှတ်ချက်အဆင့်အောက်ကို ရောက်သွားနိုင်ခြေရှိတဲ့ လူအရေအတွက်ဟာ နှစ်ဆတိုးပြီး ၂၄% ကျော်ကနေ ၄၆% ကျော်အထိ ရှိသွားနိုင်တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။ မြို့ပြလူဦးရေကြား ဆင်းရဲသူအရေအတွက်ကတော့ ၂၀၁၉ ခုနှစ်မှာ ၁၁% ကျော် ရှိခဲ့တာကနေ ၂၀၂၂ ခုနှစ်မှာ ၃၇% ကျော်ထိ သုံးဆတိုးသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

စစ်တမ်းထဲမှာပါတဲ့ မြို့ပြအိမ်ထောင်စုထက်ဝက်က သူတို့မှာ စုငွေမရှိတော့ဘူးလို့ပြောကြသလို သုံးပုံတပုံကတော့ မိသားစုသွားလာရေးမှာ အဓိကကျလေ့ရှိတဲ့ မော်တော်ဆိုင်ကယ်ကို ရောင်းလိုက်ရပြီးပြီလို့ ပြောကြပါတယ်။

ဝဝလင်လင် မစားရတော့တဲ့ မိသားစုအရေအတွက် ပိုတိုးလာနေပြီး အထက်တန်းအဆင့် ကျောင်းထွက်နှုန်းကလည်း ပိုများလာနေတယ်လို့ ကုလသမဂ္ဂကပြောပါတယ်။

အရင်က တိုးပွားလာတဲ့ လူလတ်တန်းစားလူဦးရေ ရှိခဲ့ဖူးတဲ့ ရန်ကုန်နဲ့ မန္တလေးလိုမြို့ကြီးတွေမှာ ဆောက်လုပ်ရေးလုပ်ငန်းကနေ ခရီးသွားလုပ်ငန်း၊ လက်လီလုပ်ငန်းနဲ့ အထည်ချုပ်လုပ်ငန်းတွေအထိ အသေးစား စီးပွားရေးလုပ်ငန်းကဏ္ဍတွေ အဆင်မပြေဖြစ်ကုန်တာကြောင့် အလုပ်အကိုင်တွေ ဆုံးရှုံးပြီး ဝင်ငွေတွေ လျော့နည်းကုန်တယ်လို့ UNDP ကပြောပါတယ်။

ဘာမှ အရေးယူလုပ်ဆောင်တာ မရှိဘူးဆိုရင်တော့ "ဒီအခြေအနေဟာ မျိုးဆက်တခုလုံးမှာ ပါသွားတာကို မြင်ရပါလိမ့်မယ်" လို့ UNDP တာဝန်ရှိသူ Kanni Wignaraja ကပြောပါတယ်။

"စစ်ပွဲကြောင့်သာမက ဝဝလင်လင်မစားရတာ၊ အဟာရချို့တဲ့တာ၊ သိပ်ကိုဆင်းရဲတာတွေကနေ ဖြစ်လာတဲ့ ချို့ယွင်းအားနည်းမှုတွေ၊ မသန်စွမ်းမှုတွေကြောင့် မျိုးဆက်တခုလုံးကို ဆုံးရှုံးရပါလိမ့်မယ်" လို့ Kannu Wignaraja က သတိပေးပါတယ်။

COVID-19 ကပ်ရောဂါဘေး ရင်ဆိုင်ခဲ့ရတဲ့ကြားမှာပဲ စီးပွားရေးတိုးတက်မယ်လို့ စစ်အာဏာမသိမ်းခင် ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့ပေမယ့် အခုတော့ ဒီနှစ်မှာ စီးပွားရေးဖွံ့ဖြိုးမှု ၁၈% ကျော် နိမ့်ကျမယ်လို့ ခန့်မှန်းထားတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေထက် အများကြီး ပိုဆိုးတဲ့အခြေအနေကို ရောက်သွားဖို့ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

============

{{Unicode}}














#MyanmarPoverty #MyanmarUN #VOABurmese


============

XS
SM
MD
LG