သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းနယ်မြေ ဂျူးအခြေချမှု လုံခြုံရေးကောင်စီရှုတ်ချ


ကုလသမဂ္ဂ လုံခြုံရေးကောင်စီ
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ

ပါလက်စတိုင်းနယ်မြေပေါ် Israel က အခြေချနေထိုင်နေတဲ့ လုပ်ရပ်အပေါ် ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တခုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုခဲ့ပြီး ဗီတိုအာဏာနဲ့ ပယ်ချနေကြ အမေရိကန်ပြည်ထောင်စုကတော့ ဒီတကြိမ်မှာ မူဝါဒအပြောင်းအလဲတခုအဖြစ် မဲမပေးဘဲ နေခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒအပြောင်းအလဲကြောင့် ဆုံးဖြတ်ချက်ချနိုင်ခဲ့တာဖြစ်ပြီး၊ ၈ နှစ်တာကာလအတွင်း လုံခြုံရေးကောင်စီမှာ ပထမဆုံးအကြိမ် အရှေ့အလယ်ပိုင်းကိစ္စကို အတည်ပြုနိုင်တာဖြစ်ပါတယ်။ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံထဲက ၁၄ နိုင်ငံက ထောက်ခံမဲ ပေးခဲ့ကြောင်း ကြေညာလိုက်ချိန်မှာပဲ လက်ခုတ်သြဘာ ပေးခဲ့ကြတာပါ။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မှာတော့ အရှေ့ဂျေရုဆလင်အပါအဝင် သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းနယ်မြေမှာ အခြေချနေထိုင်မှု အစီအစဉ်တွေအားလုံးကို ချက်ခြင်း အပြည့်အ၀ ရပ်ဆိုင်းဖို့ အစ္စရေးလ်ကို တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အစ္စရေးလ်သံအမတ်ကြီးကတော့ သိက္ခာမဲ့တဲ့ ဆုံးဖြတ်ချက်အဖြစ် ပြောဆိုလိုက်သလို၊ အရင်လိုပဲ အမေရိကန်ရဲ့ ထောက်ခံမှုရဖို့ အစ္စရေးလ်က မျှော်လင့်ခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

Venezuela, Senegal, New Zealand နဲ့ Malaysia ၄ နိုင်ငံရဲ့ တောင်းဆိုမှုအရ မဲခွဲဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ဖို့ကို အီဂျစ်နိုင်ငံက အရင်ဆုံး အဆိုပြုခဲ့တာဖြစ်ပေမဲ့ အီဂျစ်သမ္မတ Abdel Fattah el-Sissi နဲ့ အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump တို့ တယ်လီဖုန်းဆက် စကားပြောခဲ့ကြပြီးနောက် အီဂျစ်က အဆိုပြုချက်ကို ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။

ပါလက်စတိုင်းနယ်မြေ ဂျူးအခြေချမှု လုံခြုံရေးကောင်စီရှုတ်ချ
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG