သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်ကလုန်း "မိုခါ" ကြောင့် ကြုံရနိုင်တဲ့ အကျိုးဆက်တွေ ကုလသတိပေး


TROPICAL CYCLONE “01B (MOCHA)” / UPDATED ON 11 MAY 2023 AT 03:00PM BST/ (Courtesy: Cyclone Watch: Bay of Bengal)
TROPICAL CYCLONE “01B (MOCHA)” / UPDATED ON 11 MAY 2023 AT 03:00PM BST/ (Courtesy: Cyclone Watch: Bay of Bengal)

ဒီသီတင်းပတ်ကုန် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ဦးတည်တိုက်ခတ်မယ်လို့ ခန့်မှန်းထားတဲ့ မိုခါ ဆိုင်ကလုံးမုန်တိုင်းဟာ အင်အား သိပ်ကို ပြင်းထန်တဲ့ မုန်တိုင်း အဖြစ် ပြောင်းလဲလာနေပြီး လူတွေ အကြီးအကျယ် ထိခိုက်ပျက်ဆီးမှုတွေ ကြုံရနိုင်တယ်လို့ ဂျနီဗာ အခြေဆိုက် ကမ္ဘာ့ မိုးလေဝသနဲ့ ဇလဗေဒ ဌာန WMO က သတိပေးပြောဆိုပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတချို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြေနိမ့်ပိုင်းတွေမှာ ရေလွှမ်းမိုးနိုင်ပြီး မြေပြိုတာတွေလည်း ကြုံရနိုင်တယ်လို့ WMO ဌာန ပြောခွင့်ရ Clare Nullis (ကလယ်ရာ နားလစ်စ်) က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်း မုန်တိုင်း မိုခါ (Mocha) ဟာ မေလ ၁၄ ရက်နေ့မှာ ဘင်္ဂလားဒေရှ့်နိုင်ငံ Cox’s Bazar နဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ကြားကနေ ကုန်းတွင်းပိုင်းကို ဝင်လာဖို့ ရှိတဲ့အကြောင်း မိုးလေဝသဌာနတွေက သတိပေးထားပါတယ်။ မုန်တိုင်းဖြတ်ကျော်တဲ့အချိန် တနာရီ မိုင် ၁၀၀ ကျော်အထိ လေတိုက်ခတ်နိုင်ပြီး ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်နဲ့ မောင်တောခရိုင်က မြစ်ဝ၊ မြစ်လက်တက်တွေမှာ မုန်တိုင်းဒီရေ ၁၂ ပေကနေ ၁၆ ပေအထိ မြင့်တက်နိုင်ပြီး၊ ကျောက်ဖြူ ခရိုင်အတွင်းက မြစ်ဝ၊ မြစ်လက်တက်တွေမှာ ၉ ပေကနေ ၁၂ ပေအထိ ဒီရေ မြင့်တက်နိုင်တယ်လို့ မိုးဇလ ဌာနက ခန့်မှန်းထားပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံ (UNOCHA) ကတော့ ရခိုင်ပြည်နယ်ဟာ မုန်တိုင်း မဖြစ်ခင်ကတည်းက လူ ခြောက်သန်းလောက် လူသားချင်းစာနာမှုအကူအညီလိုအပ်ပြီး လူ ၁ သန်း ၂ သိန်းလောက် အိုးမဲ့အိမ်မဲ့ အတိဒုက္ခရောက်နေတဲ့ နေရာ ဖြစ်တယ်လို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းကြောင့် ရေလွမ်းမိုးမှုတွေ ကြုံရနိုင်တဲ့ ဘေးဒုက္ခတွေ ရင်ဆိုင်လာရရင် အရေးပေါ် အကူအညီပေးနိုင်ဖို့ တပ်လှန့်ထားတာပါ။ မုန်တိုင်းကာကွယ်ရေး ပြင်ဆင်မှု အားနည်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar က ဒုက္ခသည်စခန်းအတွက် စိုးရိမ်ရတဲ့အခြေအနေ ရှိတဲ့အကြောင်း စခန်းတာဝန်ရှိသူတွေက VOA ကို ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG