သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်ကလုန်း “မိုခါ” အလွန်အားကောင်းတဲ့မုန်တိုင်းဖြစ်လာ


မိုခါ မုန်တိုင်းလမ်းကြောင်းပြ ရုပ်ပုံ (မိုးဇလ)
မိုခါ မုန်တိုင်းလမ်းကြောင်းပြ ရုပ်ပုံ (မိုးဇလ)

ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်း မုန်တိုင်း “မိုခါ (Mocha)” ဟာ မိုးဇလဌာနက ဒီကနေ့မနက် ၉ နာရီခွဲအချိန်မှာရရှိတဲ့ နောက်ဆုံး အချက်အလက်တွေအရ အစောပိုင်းမှာ အားကောင်းတဲ့ မုန်တိုင်းအဖြစ် ရှိနေခဲ့ရာက အခုအခါမှာ ပိုမိုအားကောင်းလာပြီး အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း (Very Very Severe Cyclonic Storm) အဖြစ်ကို ရောက်ရှိခဲ့ပြီလို့ ဖော်ပြထားပါတယ်။ မုန်တိုင်းဟာ မြောက်-အရှေ့မြောက်ဘက်ကို ရွေ့လျားနိုင်ပြီး မေလ ၁၄ ရက်၊ တနင်္ဂနွေနေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar နဲ့ မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့အကြား၊ စစ်တွေမြို့အနီးက ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားကြောင်းလည်း မိုးဇလဌာနရဲ့ သတိပေးချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိအချိန်အထိ ခန့်မှန်းသိရှိရတဲ့ အချက်အလက်တွေအရ အမြင့်ဆုံးလေတိုက်နှုန်းဟာ တစ်နာရီကို ၇၅ မိုင်ကနေ ၈၅ မိုင်နှုန်းအထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

မုန်တိုင်းဖြတ်ကျော်နေတဲ့ကာလအတွင်း မုန်တိုင်းဒီရေဟာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မောင်တော ခရိုင်တို့မှာရှိတဲ့ မြစ်ဝ၊ မြစ်လက်တက်တွေမှာ (၁၀) ပေကနေ (၁၄) ပေခန့်အထိ ရှိနိုင်ပြီး၊ ကျောက်ဖြူခရိုင်အတွင်းမှာရှိတဲ့ မြစ်ဝ၊ မြစ်လက်တက်တွေမှာတော့ (၇) ပေကနေ (၁၀) ပေခန့်အထိ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းရကြောင်း ဖော်ပြထားပါတယ်။

“မိုခါ” မုန်တိုင်းရဲ့ အရှိန်ကြောင့် ဒီကနေ့မနက်ကစလို့ မေလ ၁၅ ရက်၊ တနင်္လာနေ့အကြား နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊‌ မကွေး၊ ပဲခူးင်း၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတွေ၊ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နဲ့ မွန် ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့ မိုးထစ်ချုန်းရွာပြီး၊ ပြည်နယ်၊ တိုင်းဒေသကြီးအတော်များများမှာလည်း နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG