သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ပြင်ဆင်


Mocha မုန်တိုင်း ခန့်မှန်းခြေလမ်းကြောင်းပြမြေပုံ
Mocha မုန်တိုင်း ခန့်မှန်းခြေလမ်းကြောင်းပြမြေပုံ

ဆိုင်ကလုန်း မုန်တိုင်း Mocha (မိုခါ) ဟာ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွေဆီကို ဦးတည်နေတဲ့အတွက် ၂ နိုင်ငံစလုံးမှာ ကူညီကယ်ဆယ်ရေး စေတနာ့ဝန်ထမ်း ထောင်ပေါင်းများစွာကို ဖြန့်ကျက်တာဝန်ပေးထားပါတယ်။ ဒါအပြင် ပင်လယ်ကမ်းချေတဝိုက် မြေနိမ့်ပိုင်းဒေသတွေမှာ နေထိုင်ကြသူတွေကိုလည်း နေရာရွှေ့ပြောင်းပေးနေကြပါတယ်။

အိန္ဒိယ မိုးလေဝသဌာန ရဲ့ တွက်ချက် ခန့်မှန်းချက်အရ တနာရီ မိုင် ၉ဝ အထိ လေတိုက်နှုန်းရှိတဲ့ အဲဒီမုန်တိုင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ဘင်္ဂလားဒေ့ရှ့် နဲ့ မြန်မာနယ်စပ် တလျှောက်ကို စတင် ဝင်ရောက်နိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် ရိုဟင်ဂျာ ဒုက္ခသည် ထောင်ပေါင်းများစွာနေထိုင်ကြတဲ့ မြေနိမ့်ပိုင်း ကမ်းရိုးတန်းတလျှောက်မှာ အဲဒီမုန်တိုင်းကြောင့် ၅ ပေကနေ ၆ ပေအထိရှိတဲ့ ဒီရေလှိုင်းတွေ ဖြစ်ပေါ်လာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဘင်္ဂလားဒေ့ရှ့် ဆိုင်ကလုန်း ကြိုတင်ကာကွယ်ရေး အစီအစဉ်ရဲ့ ညွှန်ကြားရေးမှူး Ahmadul Haque ကလည်း သူတို့အနေနဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းအတွက် ရိုဟင်ဂျာ စေတနာ့ဝန်ထမ်း ၃ ထောင် ၄ ရာ နဲ့ မုန်တိုင်းလမ်းကြောင်းပေါ်ကျရောက်နိုင်တဲ့ Cox's Bazar ခရိုင် မှာ ကူညီကယ်ဆယ်ရေး စေတနာ့ဝန်ထမ်း ၈ ထောင် ၆ ရာ ဖြန့်ကျက်တာဝန်ပေးထားကြောင်းပြောပါတယ်။ အဲဒီ မုန်တိုင်းကြောင့် မိုးအကြီးအကျယ်ရွာသွန်းနိုင်ပြီး မြေပြိုတာတွေ ဖြစ်လာနိုင်တဲ့အ ကြောင်း တောင်ကုန်း တောင်စောင်းတွေမှာ နေထိုင်ကြသူတွေကို သတိပေးထားတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ပင်လယ်ပြင် ငါးဖမ်းထွက်တဲ့ သင်္ဘောတွေကိုလည်း ပိတ်ပင်ထားလိုက်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလက ဘင်္ဂလားဒေ့ရှ့်နိုင်ငံမှာ ဆိုင်ကလုန်း Sidr မုန်တိုင်းကြောင့် လူပေါင်း လူပေါင်း ၃ ထောင်ကျော် သေဆုံးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း ၂ဝဝ၈ ခုနှစ် မေလက ဆိုင်ကလုန်း နာဂစ်ကြောင်း လူပေါင်း တသိန်း ၄ သောင်းနီးပါး သေဆုံးပြီး ပျက်စီးဆုံးရှုံးမှုတွေ ကြီးမားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG