သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်အထားမဲ့ မြန်မာအများအပြား ထိုင်းမှာဖမ်းဆီးခံရ


ထိုင်း-မြန်မာနယ်စပ်မှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားများ (ဓါတ်ပုံ - ထိုင်းရဲတပ်ဖွဲ့) (ယခင်ပုံဟောင်း)

ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ နေထိုင်သူတွေကို အာဏာပိုင်တွေ စစ်ဆေး ဖမ်းဆီးနေရာမှာ မြန်မာနိုင်ငံသား အများအပြားလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံ အလယ်ပိုင်း ဆမွတ်ပရာကန်နဲ့ မလေးရှားနယ်စပ်က နယ်ဆုံခလာမှာ ဒီရက်ပိုင်းအတွင်း ဖမ်းဆီးခံရသူ မြန်မာ ၃၀ နီးပါး ရှိခဲ့တာပါ။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ဆမွတ်ပရာကန်ပြည်နယ်ထဲမှာတော့ စက်ရုံတွေ ကားဂိတ်တွေမှာ ရဲတပ်ဖွဲ့နဲ့ လဝက ပူးပေါင်းအဖွဲ့တွေက မြန်မာတွေရဲ့ နေထိုင်ခွင့်သက်သေခံ ကဒ်ပြားတွေရှိမရှိ စစ်ဆေးဖမ်းဆီးမှုတွေပြုလုပ်နေတာဖြစ်ပြီး လူကုန်ကူးတဲ့ပွဲစားတွေကိုပါ လိုက်လံဖမ်းဆီးရာမှာ အထောက်အထားမဲ့ မြန်မာတဒါဇင်ကျော်ကို ဖမ်းမိခဲ့တယ်လို့အလုပ်သမားရေးလှုပ်ရှားသူဦးမိုးကြိုးကအခုလိုပြောပါတယ်။

"ထိုင်းနိုင်ငံဘန်ကောက်အနီးရှိတဲ့ဆမွတ်ပရာကန်ပြည်နယ် ဘန်ဖီမြို့နယ်ထဲမှာ တရားမဝင်မြန်မာတွေကိုပို့ဆောင်နေတဲ့ လူပွဲစား လူမှောင်ခိုသမား ၃ဦးနဲ့တရားမဝင် မြန်မာအလုပ်သမား ၁၄ဦးကိုသက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့တွေကဖမ်းဆီးလိုက်ပါတယ်။အဲဒီ လူတွေဟာ ဘန်ကောက်နဲ့ ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီမှာအလုပ်လုပ်ဖို့အတွက် ပွဲစားကို တဦးကို ထိုင်းဘတ်ငွေ ၁၇၀၀၀ ကနေ ၂၀၀၀၀ ထိပေးပြီး လာကြသူတွေဖြစ်ပါတယ်။"

လုံခြုံရေးအာဏာပိုင်တွေ တရားမဝင်နေထိုင်သူတွေနဲ့ပတ်သက်လို့သတိပေးချက်တွေ ထုတ်ပြန်ရာမှာ တရားမဝင်မြန်မာတွေကို အလုပ်ခန့်ထားတယ်ဆိုရင် စစ်ဆေးအရေးယူ ခံရမယ်လို့လုပ်ငန်းရှင်တွေကိုပါသတိပေးထုတ်ပြန်ခဲ့ပါတယ် ။ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမားတွေကိုတော့ တရားမဝင် ဝင်ရောက်နေထိုင်မှုတွေနဲ့ အရေးယူခံရမှာဖြစ်ပြီး ပွဲစားတွေကိုတော့ မြန်မာအလုပ်သမားတွေကို ကူညီပို့ဆောင် ပေးမှုတွေနဲ့ အရေးယူမယ်လို့လည်းဆိုပါတယ် ။ လူပွဲစား ၃ဦးကိုဖမ်းမိထားပြီး မြန်မာအမျိုးသမီးလူပွဲစားတဦးကိုတော့ဖမ်းဆီးဖို့ ဝရမ်းထုတ်ထားပါတယ်။

ထိုင်းမလေးနယ်စပ်မှာတော့ ထိုင်းနယ်စပ် ၂ခုကိုဖြတ်ပြီး မလေးရှားအထိ သွားရောက်အလုပ်လုပ်ကိုင်မဲ့မြန်မာတွေကို လည်းဒီရက်ပိုင်းအတွင်းမှာ ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။

"မလေးရှားနယ်စပ်ဆုံခလာပြည်နယ်ထဲမှာ အဝေးပြေးလမ်းမကြီးမှာတေ့ာမလေးရှားကိုပို့ဆောင်မဲ့ တရားမဝင်မြန်မာ ၁၃ဦးကိုဖမ်းမိပါတယ်။ အဲဒီမှာတော့ လူပွဲစားကိုဖမ်းမိခြင်းမရှိပါဘူး"

မြန်မာနိုင်ငံမှာ နိုင်ငံရေးစီးပွာရေး မတည်ငြိမ်မူတွေကြောင့် မြန်မာနိုင်ငံသားတွေဟာ အလုပ်လက်မဲ့ဖြစ်နေရကြောင့် မြန်မာနိုင်ငံရဲ့အိမ်နီးချင်း ထိုင်းနဲ့မလေးရှားနိုင်ငံတွေကို သွားဖို့အတွက် လူပွဲစားတွေကိုအခကြေးငွေပေးပြီး အစုလိုက်အပြုံလိုက် နေ့စဉ်ထွက်လာနေကြတာပါ။ ဒီအတွက် ထိုင်းမြန်မာနယ်စပ်ဖြစ်တဲ့ ကမ်ချနဘူရီနယ်စပ်နဲ့ မဲဆောက်ဘက်တွေမှာမကြာခဏဆိုသလို အစုလိုက်အပြုံလိုက် ဖမ်းမိနေတာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG