သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းအလုပ်သမား ၂ သိန်းကျော် နေထိုင်ခွင့် ၂ လတိုးဖို့ ထိုင်းအစိုးရခွင့်ပြု


MOU နဲ့လာရောက်တဲ့ မြန်မာအလုပ်သမားတွေ
MOU နဲ့လာရောက်တဲ့ မြန်မာအလုပ်သမားတွေ

မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို ၃နိုင်ငံက ဗီဇာသက်တမ်းကုန်တဲ့ ရွှေပြောင်းအလုပ်သမား ၂သိန်းကျော်ကို အစိုးရသစ်မဖွဲ့ခင် ကြားကာလမှာ သက်တမ်း ၂လ တိုးနေထိုင်ခွင့်ပြုတယ်လို့ ထိုင်းအစိုးရ ကြေငြာခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို ၃နိုင်ငံက ဗီဇာသက်တမ်းကုန်တဲ့ရွှေပြောင်း အလုပ်သမား ၂သိန်းကျော်ဟာ နေရပ်ပြန်ရတော့မှာဖြစ်တာကြောင့် အလုပ်ဆက်လုပ်ချင်တဲ့ အလုပ်သမားတွေ အတွက် အခက်အခဲတွေ ရင်ဆိုင်နေရတာပါ။ မြန်မာနိုင်ငံမှာတော့ နိုင်ငံရေးမတည်ငြိမ်မူတွေကြောင့် အလုပ်သမားအတော်များများက နေရပ် မပြန်ချင်ကြပါဘူး။ မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ခက်ခဲနေတာတွေကြောင့် ထိုင်းနိုင်ငံမှာပဲဆက်ပြီးအလုပ်ဆက်လုပ်လိုကြပါတယ်။ ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲပြီးလို့ အစိုးရအသစ်မဖွဲ့ခင်ကာလမှာ ဗီဇာသက်တမ်း ကုန်နေတဲ့ အလုပ်သမားတွေကို နောက်ထပ် သက်တမ်း၂လ တိုးပြီးနေထိုင်အလုပ်လုပ်ခွင့်ပြုတယ်လို့ ထိုင်းအစိုးရကေ မလ ၃၀ရက်နေ့က ကြေညာခဲ့ကြောင်း ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက အလုပ်သမားရေးရာ တာဝန်ခံဦးမင်းဦးက အခုလိုပြောပါတယ်။

"မြန်မာအပါအဝင် သုံးနိုင်ငံက အယောက် ၂သိန်းကျော်လောက်ရှိတာပေါ့ အဲဒါ ၇ လပိုင်းကုန်တဲ့အထိပေါ့ "

အခုလို သက်တမ်း၂လတိုးပေးလိုက်တာကလည်း ထိုင်းမှာအလုပ်ဆက်လုပ်ချင်သူတွေ ထိုင်းအစိုးရ ကအလုပ်လုပ်ခွင့်လက်မှတ် အသစ်တွေထုတ်ပေးတာကို စောင့်ချင်သူတွေအတွက် ကတော့အဆင်ပြေသွားတယ်လို့ အခုလိုပြောပါတယ်။

"သက်တမ်းကုန်တဲ့သူတွေ တချို့က စက်ရုံအလုပ်ရုံမှာလုပ်ပြီး ဗီဇာသက်တမ်း ကုန်တဲ့သူတွေ ဆိုရင်ပြန်မှ ရတော့မှာလေ အဲဒီလူတွေအတွက်ဆို အခုလိုလုပ်ပေးတာ ကောင်းတာပေါ့ ကြားမှာ အမ်အိုယူကနေ ပြီးရင် အလုပ်သမားမှတ်ပုံတင်တာ အသစ်ပြန်လုပ်ချင်တယ်ဆိုရင်လည်းသူတို့အတွက်အချိန်ပိုရသွားတာပေါ့"

ထိုင်းနိုင်ငံကအလုပ်သမားညွန်ကြားရေးမှူးချုပ်နဲ့ မြန်မာအလုပ်သမားရေးလှုပ်ရှားသူတချို့ တွေ့ဆုံ (မေ ၂၇၊ ၂၀၂၃)
ထိုင်းနိုင်ငံကအလုပ်သမားညွန်ကြားရေးမှူးချုပ်နဲ့ မြန်မာအလုပ်သမားရေးလှုပ်ရှားသူတချို့ တွေ့ဆုံ (မေ ၂၇၊ ၂၀၂၃)

ပြီးခဲ့တဲ့ရက်ကပဲ ထိုင်းနိုင်ငံအ‌ခြေစိုက် အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် MWRN က ထိုင်းနိုင်ငံ အလုပ်သမား ညွှန်ကြားရေးမှူးချုပ်နဲ့ တွေ့ဆုံပြီး သက်တမ်းကုန် MOU နှစ်နိုင်ငံသဘောတူစာချုပ်နဲ့လာတဲ့ အလုပ်သမားတွေ ကိစ္စနေရပ်မပြန်ပဲ ဗီဇာသက်တမ်းတိုးခွင့်ရရေးကို သွားရောက်ဆွေးနွေးခဲ့ကြပြီး ၃ရက်အကြာမှာ အခုလို ယာယီဖြေလျှော့မှု လုပ်ပေးခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG