သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအလုပ်သမားရေး လှုပ်ရှားသူတွေ ထိုင်းတာဝန်ရှိသူတွေနဲ့ MoU လုပ်သားကိစ္စဆွေးနွေး


ထိုင်းနိုင်ငံကအလုပ်သမားညွန်ကြားရေးမှူးချုပ်နဲ့ မြန်မာအလုပ်သမားရေးလှုပ်ရှားသူတချို့ တွေ့ဆုံ (မေ ၂၇၊ ၂၀၂၃)
ထိုင်းနိုင်ငံကအလုပ်သမားညွန်ကြားရေးမှူးချုပ်နဲ့ မြန်မာအလုပ်သမားရေးလှုပ်ရှားသူတချို့ တွေ့ဆုံ (မေ ၂၇၊ ၂၀၂၃)

ထိုင်းနိုင်ငံအ‌ခြေစိုက် အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် MWRN က ထိုင်းနိုင်ငံ အလုပ်သမား ညွှန်ကြားရေးမှူးချုပ်နဲ့ ဒီသီတင်းပတ်ထဲမှာပဲ တွေ့ဆုံပြီး သက်တမ်းကုန် MOU နှစ်နိုင်ငံသဘောတူစာချုပ်နဲ့လာတဲ့ အလုပ်သမားတွေ နေရပ်မပြန်ပဲ ဗီဇာသက်တမ်းတိုးခွင့်ရရေး ဆွေးနွေးခဲ့ကြပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်းနဲ့ ရွှေပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်က ကိုယ်စားလှယ်တွေဟာ ထိုင်းနိုင်ငံကအလုပ်သမားညွန်ကြားရေးမှူးချုပ်နဲ့ မေလ ၂၇ရက်နေ့က တွေဆုံခဲ့ပြီး ဗီဇာ သက်တမ်းကုန်သွားတဲ့ မြန်မာအလုပ်သမားတွေနေရပ်မပြန်ပဲ သက်တမ်းပြန်တိုးနိုင်ရေးကိစ္စတွေကိုသွားရောက်ဆွေးနွေးခဲ့တယ်လို့ ရွှေပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်ရဲ့ ဥက္ကဌ ဦးအောင်ကျော်ကအခုလိုပြောပါတယ်။

"လေးနှစ် ခြောက်နှစ် ဗီဇာကုန်တဲ့အလုပ်သမားတွေကို နေရပ်ရင်းကိုပြန်ပြီးစာချုပ်ပြန်ချုပ်ဖို့ဆိုတဲ့ ကိစ္စတွေကိုလေးလေးနက်နက် ပြန်စဉ်းစားပေးဖို့တောင်းဆိုလိုက်တာ။ ကမ္ဘောဒီးယား၊ လာအို၊ဗီယက်နမ်အလုပ်သမားတွေအနေနဲ့ အိမ်ပြန်ရင် ပြဿနာမရှိပေမယ့် ကျနော်တို့နိုင်ငံကလူတွေပြန်သွားရင်တော့ပြဿနာရှိတယ် ဒါကိုထောက်ပြတာ ကျနော်တို့ကဒါကိုအကြိမ်ကြိမ်ထောက်ပြခဲ့တယ်။ ဒါကို အခုကတော့ တရားဝင်ထုတ်ပြန်လိုက်တာပါ"

နေရပ်ပြန်ပြီး ဗီဇာသက်တမ်းတိုးတဲ့အခါမှာ ကုန်ကျစရိတ်တွေ ကြန့်ကြာမူရှိတာတွေ နိုင်ငံရေးမတည်ငြိမ်မူတွေကြောင့် နေရပ်ပြန်တွေ စစ်ဆေးခံရမယ့်အန္တရယ်တွေကြောင့် အလုပ်သမားတွေအတွက် အခက်အခဲတွေရှိနေတာပါ။ မြန်မာနိုင်ငံကို ပြန်ပြီး သက်တမ်းပြန်တိုးရမယ့် ကာလကြန့်ကြာတဲ့အခါ အလုပ်တွေမှာ ပြန်မခန့်တော့မှာကိုလည်း အလုပ်သမားတွေက စိုးရိမ်နေပါတယ်။ဒီအတွက် ထိုင်းနိုင်ငံမှာ အလုပ်သမားတွေ တရားဝင်အလုပ်လုပ်ခွင့်ရအောင် ဆောင်ရွက်ပေးဖို့တွေကိုလည်း မေတ္တာရပ်ခံတောင်းဆိုခဲ့တယ်လို့လည်းဆိုပါတယ်။

"ဒီလုပ်သားတွေကို အတတ်နိုင်ဆုံး တရားဝင်နေထိုင်အလုပ်လုပ်ခွင့်ရဖို့အတွက် ထိတ်တန်းဦးစားပေးဆောင်ရွက်ပေးပါလို့တောင်းဆိုခဲ့တာပါ"

ထိုင်းနိုင်ငံကအလုပ်သမားညွန်ကြားရေးမှူးချုပ်နဲ့ မြန်မာအလုပ်သမားရေးလှုပ်ရှားသူတချို့ တွေ့ဆုံ (မေ ၂၇၊ ၂၀၂၃)
ထိုင်းနိုင်ငံကအလုပ်သမားညွန်ကြားရေးမှူးချုပ်နဲ့ မြန်မာအလုပ်သမားရေးလှုပ်ရှားသူတချို့ တွေ့ဆုံ (မေ ၂၇၊ ၂၀၂၃)

ဒီကာလမှာတော့ထိုင်းအစိုးရအနေနဲ့ ထိုင်းနိုင်ငံရွေးကောက်ပွဲ လွန်ကာလမှာ အစိုးရတရပ်ခိုင်ခိုင်မာမာ မဖွဲ့နိုင်သေးတဲ့ကာလဖြစ်တာကြောင့် ဒီကိစ္စတွေကို ဦးစားပေး ဆောင်ရွက်တာတွေလည်း မလုပ်နိုင်ကြသေးပါဘူး။ ဒီအတွက်ကြိုတင်ဆွေးနွေး ညှိနှိုင်းခဲ့ကြတာ ဖြစ်တယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားနေသူတွေကဆိုပါတယ် ။

အခုကာလမှာ ပန်းရောင်ကဒ်လို့ခေါ်တဲ့အလုပ်လုပ်ခွင့်ကဒ်ရိုက်ပေးမယ် ဆိုပြီး ပွဲစားတွေက အခကြေးငွေ ရယူနေတာတွေလည်းရှိတဲ့အတွက် အလုပ်သမားတွေ လိမ်လည်ခံရမှာကိုလည်း အလုပ်သမားရေးဆောင်ရွက်နေသူတွေက စိုးရိမ်ပူပန် နေကြပါတယ်။ လတ်တလောမှာတော့ ထိုင်းနိုင်ငံထဲမှာတရားဝင်ကော တရားမဝင်ပါ မြန်မာအလုပ်သမား ၅ သိန်းထက်မနည်းရှိနေပါတယ်။ နေ့စဉ်လည်းအလုပ်လုပ်ကိုင်ဖို့ နယ်စပ်တံတားကနေဝင်ရောက်လာကြသူတွေ တရားမဝင်လမ်းတွေကနေ ခိုးဝင်လာကြသူတွေလည်း အများအပြားရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG