သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခကြားက မြန်မာကလေးငယ်တွေကို ကူညီဖို့ UNICEF တောင်းဆို


ကချင်ပြည်နယ် လိုင်ဇာက စစ်ပြေးဒုက္ခသည်စခန်းထဲက ဒုက္ခသည်ကလေးငယ်များ ဆော့ကစားနေတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။
ကချင်ပြည်နယ် လိုင်ဇာက စစ်ပြေးဒုက္ခသည်စခန်းထဲက ဒုက္ခသည်ကလေးငယ်များ ဆော့ကစားနေတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေပိုမိုကျယ်ပြန့်လာနေတာနဲ့အတူ ကလေးငယ်တွေကို အရေးပေါ် ကာကွယ်ဖို့လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်စောင့်ရှောက်ရေး UNICEF အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာက ပြောကြားလိုက်ပါတယ်။

စစ်ပွဲတွေအပြင် ရာသီဥတုပြောင်းလဲမှုဆိုးကျိုးတွေက ကလေးငယ်နဲ့ မိသားစုတွေအပေါ် ဘယ်တုန်းကမှနဲ့မတူတဲ့ဘေးရန်ကျရောက်နိုင်မယ့်အခြေအနေကြုံနေတယ်လို့ သူကိုယ်တိုင် စစ်ပွဲဖြစ်နေတဲ့ နေရာတွေကို သွားရောက်ခဲ့တဲ့UNICEF အမှုဆောင်ဒါရိုက်တာ Ted Chaiban ကဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ မြန်မာနိုင်ငံတဝန်းပြည်တွင်းဒုက္ခသည်ဖြစ်နေသူ ၃ သန်းခွဲနီးပါးမှာ ၄၀ ရာခိုင်နှုန်းလောက်က ကလေးငယ်နဲ့ အမျိုးသမီးတွေဖြစ်တယ်လို့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

စစ်ပွဲတွေ၊ ရာဂီမုန်တိုင်းဂယက်နဲ့ ရေကြီးတဲ့ဒဏ်ခံခဲ့ရတဲ့ နေရာတွေကိုသူရောက်ခဲ့ပြီး အဲဒီဒေသတွေက ကလေးငယ်တွေဟာ အခြေခံလိုအပ်တဲ့ ကျန်းမာရေးပညာရေးစောင့်ရှောက်မှုတွေ မရကြသလို အကြမ်းဖက်မှုတွေ၊ အိုးအိမ်ပစ်ထွက်ပြေးရတဲ့ ဒုက္ခတွေကို ခံစားနေကြရတယ်လို့ UNICEF အကြီးအကဲက ပြောပါတယ်။ သူရောက်ခဲ့တဲ့ ကချင်ဒေသမှာ နိုဝင်ဘာ ၁၅ ရက်နေ့က ကလေးငယ် ၇ ယောက်အပါအဝင် ၉ ယောက်သေဆုံးခဲ့တဲ့ ဘုရားကျောင်းအပေါ် စစ်တပ်ရဲ့ဗုံးကြဲတိုက်ခိုက်မှု သတင်းအတွက် သူအင်မတန် စိတ်ထိခိုက်ရကြောင်းလည်း ထုတ်ပြန်ချက်မှာ ထည့်ပြောထားပါတယ်။ စစ်ပွဲတွေဖြစ်နေတဲ့ နေရာတွေမှာ အခုလို ရက်စက်တဲ့ တိုက်ခိုက်မှုတွေကနေ ကလေးငယ်တွေ၊ အရပ်သားတွေကိုအကာအကွယ်ပေးနိုင်ဖို့ နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေ လိုက်နာဖို့ အရေးပေါ်လိုအပ်နေတာကိုလည်းသူကထောက်ပြထားပါတယ်။

ပဋိပက္ခမှာ သက်ဆိုင်နေတဲ့ အဖွဲ့တွေနဲ့ သူတွေ့ဆုံခဲ့စဉ်ကလည်း ကလေးငယ်တွေအပေါ်ဆိုးဝါးတဲ့ဘေးမကျရောက်နိုင်အောင် စစ်ဆင်ရေးတွေ လုပ်ကြဖို့၊ အကူအညီလိုနေတဲ့ မိသားစုတွေအတွက်အတားအဆီးမရှိ အကူအညီတွေ ပေးနိုင်ဖို့၊ အုပ်ချုပ်ရေးဆိုင်ရာ အဟန့်အတားတွေကို ဖယ်ရှားပေးဖို့ လိုအပ်တယ်ဆိုတာ အလေးထား ပြောကြားခဲ့ တယ်လို့ UNICEF အမှုဆောင်ဒါရိုက်တာ Ted Chaiban ကကြေညာချက်ထဲမှာ ပြောထား ပါတယ်။ နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီမှုတွေနည်းလာတဲ့အတွက် ၂၀၂၄ ခုနှစ်အတွင်း ပန်ကြားထားတဲ့ ရန်ပုံငွေရဲ့ ၂၅ရာခိုင်နှုန်းတောင် မရတာကို ထောက်ပြပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အကူအညီတွေ တိုးမြှင့်ပေးကြဖို့လည်းသူကတောင်းဆိုခဲ့ပါတယ်။

ပဋိပက္ခကြားက မြန်မာကလေးငယ်တွေကို ကူညီဖို့ UNICEF တောင်းဆို
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG