သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွေးကင်းစ သေဆုံးမှုအန္တရာယ် UNICEF အစီရင်ခံစာ ထုတ်ပြန်


ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတချို.မှာ မွေးကင်းစကလေးငယ် သေဆုံးမှုက အချမ်းသာဆုံးနိုင်ငံ တချို.ထက် အဆပေါင်း (၅၀) အလားအလာ ပိုများနေတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ က အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။

UNICEF ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ အမှုဆောင်ဒါရိုက်တာ Henrietta Fore က လွန်ခဲ့တဲ့ (၂၅) နှစ်အတွင်း အရွယ်ရလာတဲ့ ကလေးတွေရဲ့ ကျန်းမာရေး တိုးတက် လာပေမယ့် ၊ ဒီ တစ်လထက်ငယ်တဲ့ ကလေးငယ်သေဆုံးမှုကိုတော့ အလားတူ တိုးတက်အောင် မစွမ်းဆောင်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

အမှုဆောင် ဒါရိုက်တာ Fore က ဆက်ပြီး ခုလို မွေးကင်းစလေးတွေ သေရတဲ့ ရောဂါ အများစုက ကာကွယ်လို့ရတာတွေဆိုတော့ ဒီ အဆင်းရဲဆုံးနိုင်ငံက ကလေးငယ်တွေ အတွက် ဘာမှလုပ်မပေးနိုင်ပဲ ပျက်ကွက်သလိုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံပေါး ၁၉၅ နိုင်ငံကို စစ်တမ်းကောက်ခဲ့ရာမှာခုလို ချမ်းသာတဲ့နိုင်ငံတွေနဲ့ ဆင်းရဲတဲ့ နိုင်ငံတွေကြား မွေးကင်းစသေဆုံးမှုနှုန်း မတရားအကြီးအကျယ်ကွာဟနေတာကို တွေ့ခဲ့ရတာပါ။

အဆင်းရဲဆုံးနိုင်ငံမှာ ကလေး ၁၀၀၀ မွေးခဲ့ရာမှာ (၂၇) ဦး သေခဲ့ရပြီး၊ ချမ်းသာတဲ့နိုင်ငံတွေ မှာတော့ ၁၀၀၀ မှာ သုံးဦးပဲ သေဆုံးခဲ့တယ်လို့ ဒီ UNICEF အစီရင်ခံစာမှာ ပျမ်းမျှခြင်းအားဖြင့် ဖော်ပြထားပါတယ်။

ဒီအထဲမှာ အဆိုးဆုံး သေဆုံးမှုကတော့ ကလေး (၂၂) ယောက်မှာ တစ်ယောက်နှုန်းနဲ့ ပါကစ္စတန်နိုင်ငံ မှာဖြစ်ခဲ့ပြီး၊ကမ္ဘာ့အဆိုးဆုံး (၁၀) နိုင်ငံထဲမှာ အာဖရိက နိုင်ငံ (၈) နိုင်ငံ ပါခဲ့တယ်လို့ အစီရင်ခံစာမှာ ဆက်ဖော်ပြထားပါတယ်။

ဂျပန်ကတော့ မွေးကင်းစ သေဆုံးမှု အနည်းဆုံးလူပေါင်း ၁၁၁၁ မှာမှ တစ်ယောက် အဖြစ် မှတ်တမ်းတင်ခံခဲ့ရပါတယ်။

မွေးကင်းစ သေဆုံးမှုအန္တရာယ် UNICEF အစီရင်ခံစာ ထုတ်ပြန်
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG