သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးငယ် ၄ ယောက်မှာ ၁ ယောက် အလွန်အမင်းငတ်မွတ်


Nasser ဆေးရုံကနေ ထွက်ပြေးလာတဲ့ မိသားစုတစုကို ရာဇာမြို့မှာတွေ့မြင်ရစဉ် (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄)
Nasser ဆေးရုံကနေ ထွက်ပြေးလာတဲ့ မိသားစုတစုကို ရာဇာမြို့မှာတွေ့မြင်ရစဉ် (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄)

ကမ္ဘာပေါ်က အသက် ၅ နှစ်အောက်ကလေး ၄ ဦးမှာ ၁ ဦးက နွမ်းပါးမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ဆိုးဆိုးရွားရွား ခံနေရပြီး အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ အလွန်အမင်း အာဟာရချို့တဲ့မှုနဲ့ ကြုံနေရတယ်လို့ ကုလသမဂ္ဂရဲ့ ကလေးငယ်များ ဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF က ထုတ်ပြန်ပါတယ်။

ကမ္ဘာတဝန်း အသက် ၅ နှစ်အောက် ကလေးတွေရဲ့ ၂၇% ၊ အရေအတွက် အားဖြင့် ကလေးငယ် ၁၈၁ သန်းဟာ UNICEF က သတ်မှတ်ထားတဲ့ နေ့စဉ်စားသင့်တဲ့ အစာအမျိုးအစား ၈ မျိုးထဲမှာ၊ ၂ မျိုးထက် ပို မစားနိုင်ကြဘူးလို့ ကြာသပတေးနေ့က ထုတ်ပြန်တဲ့ UNICEF က အစီရင်ခံစာထဲမှာ ထောက်ပြခဲ့ပါတယ်။

ဒီလို လိုအပ်တဲ့ အစားအစာ မရဘဲ အာဟာရချို့တဲ့နေတဲ့ ကလေးတွေရဲ့ သုံးပုံ နှစ်ပုံဟာ တောင်အာရှနဲ့ အာဖရိက ဆာဟာရ သဲကန္တာရ တောင်ပိုင်းနိုင်ငံတွေက ဖြစ်ပြီး နိုင်ငံပေါင်း ၂၀ ပါဝင်တယ်လို့ UNICEF က ဆက်ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင် ဂါဇာဒေသမှာလည်း အစ္စရေးက ဟာမတ်စ်တွေအပေါ် ထိုးစစ်ဆင်တာတွေ စခဲ့ချိန်ကစလို့ ကလေးငယ်တွေကြား အာဟာရ ချို့တဲ့မှုက သိသိသာသာ ပိုဆိုးလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ကနေ ဒီနှစ် ၂၀၂၄ ခုနှစ် ဧပြီလ အထိ ကောက်ယူခဲ့တဲ့ စာရင်းအရ ဂါဇာမှာ ကလေး ၁၀ ဦးမှာ ၉ ဦး အစာရေစာ ငတ်မွတ်ခေါင်းပါးမှု ဆိုးဆိုးရွားရွား ကြုံနေရပြီး ဒါဟာ စံချိန်တင် အများဆုံးနှုန်း ဖြစ်တယ်လို့ UNICEF အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် အစိုးရတွေ၊ လူသားချင်းစာနာ အကူအညီပေးရေး အဖွဲ့တွေ၊ အစားအသောက် လုပ်ငန်းတွေနဲ့ သတင်းမီဒီယာတွေ အပါအဝင် အရေးပါတဲ့ သက်ဆိုင်သူ အားလုံးက ဒီပြဿနာကို ပြတ်ပြတ်သားသား နဲ့ ထိထိရောက်ရောက် ဝိုင်းဝန်းကိုင်တွယ်ကြဖို့လည်း UNICEF က တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG