သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတုဖောက်ပြန်မှုဒဏ် ကလေးငယ်သန်းချီခံနေရ 

အင်အားပြင်း "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီး တွေ့ရတဲ့ စစ်တွေမြို့နယ်ထဲက ဘဆာရာရိုဟင်ဂျာဒုက္ခသည်စခန်း၊ (မေ ၁၆၊ ၂၀၂၃)
အင်အားပြင်း "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီး တွေ့ရတဲ့ စစ်တွေမြို့နယ်ထဲက ဘဆာရာရိုဟင်ဂျာဒုက္ခသည်စခန်း၊ (မေ ၁၆၊ ၂၀၂၃)

ဖောက်ပြန် ပြောင်းလဲနေတဲ့ ရာသီဥတုကြောင့် လွန်ခဲ့တဲ့ ၆ နှစ် အတွင်း နိုင်ငံပေါင်း ၄၄ နိုင်ငံက ကလေးငယ်ပေါင်း ၄၃ သန်းကျော်ဟာ အိုးပစ် အိမ်ပစ် အခြေအနေရောက်ခဲ့ကြတာမှာ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသက အဆိုးဆုံးဖြစ်တယ်လို့ UNICEF အဖွဲ့က ပြောကြားလိုက်ပါတယ်။ ကလေးသူငယ်များ စောင့်ရှောက်ရေးရန်ပုံငွေအဖွဲ့ UNICEF က ဒီနေ့ အောက်တိုဘာ ၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ တနေ့ကို ကလေးငယ်ပေါင်း ၂၀,၀၀၀ လောက် သဘာဝဘေးဒဏ်ကို ခံနေကြရတာဖြစ်ပါတယ်။

ကလေးငယ်တွေ နေရပ်ကို လုံးဝစွန့်ခွာ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြရတဲ့အထဲမှာ တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေက အဆိုးဆုံးဖြစ်တယ်လို့ UNICEF အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ UNICEF ရဲ့ အစီရင်ခံစာမှာ နိုင်ငံတခုချင်းစီအတွက် သီးခြား အသေးစိတ်ဖော်ပြထားတာ မရှိပေမယ့်လည်း အစီရင်ခံစာပါ သဘာဝဘေးဒဏ် ခံရတဲ့ မြေပုံအညွှန်းကိန်းအရ မြန်မာနိုင်ငံဟာလည်း အဆိုးရွားဆုံးခံရတဲ့ နိုင်ငံတခုထဲမှာ ပါဝင်ပါတယ်။

ရှောင်လွှဲလို့ မရတဲ့ အခြေအနေတွေကြောင့် ထွက်ပြေးခဲ့ကြရတဲ့ကလေးငယ်တွေဟာ ဘယ်တော့အိမ်ပြန်နိုင်မလဲ၊ ကျောင်းပြန်တက်နိုင်မလဲ၊ နောက်ထပ် ပြေးရှောင်ကြရဦးမှာလားဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ စိတ်ဆင်းရဲမှုတွေ ကြုံကြရတယ်လို့ UNICEF အမှုဆောင် ဒါရိုက်တာ Catherine Russell က ပြောပါတယ်။ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အကြားဖြစ်ခဲ့တဲ့ ရာသီဥတုနဲ့ဆိုင်တဲ့ သဘာဝဘေးဒဏ်တွေကြောင့် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတွေမှာ ကလေးငယ်ပေါင်း ၁၉ သန်း ဘေးဒုက္ခနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ဒါဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ နှိုင်းယှဉ်ရင် ၄၄% ရှိတယ်လို့ UNICEF ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ဒေသမှာ ရေကြီးမှုကြောင့် ကလေးငယ် ၁၂ သန်းနဲ့ မုန်တိုင်းဒဏ်ကြောင့် ၆ သန်း အိုးအိမ်စွန့်ခွာပြီး ဘေးကင်းရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြပါတယ်။

ဒီအစီရင်ခံစာဟာ ၂၀၁၆ နဲ့ ၂၀၂၁ ခုနှစ်အကြား ရေကြီးမှု၊ မုန်တိုင်း၊ မိုးခေါင်ရေရှား၊ တောမီးလောင်မှု စတဲ့ သဘာဝဘေးဒဏ်တွေကြောင့် တကမ္ဘာလုံးအတိုင်းအတာနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ ကလေးငယ်တွေအကြောင်း “Children Displaced in a Changing Climate” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပထမဆုံးအကြိမ် စစ်တမ်းကောက်ယူတာဖြစ်သလို - လာမယ့် နှစ် ၃၀ မှာဖြစ်လာနိုင်ခြေရှိတဲ့ အခြေအနေကို ကြိုတင် ခန့်မှန်းတဲ့ စစ်တမ်းလည်း ဖြစ်ပါတယ်။

ရာသီဥတုဖောက်ပြန်မှုဒဏ် ကလေးငယ်သန်းချီခံနေရ
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG