သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ စာနာမှုအကြီးအကဲ Martin Griffiths မြန်မာနိုင်ငံရောက်  


ကုလ စာနာမှုအကြီးအကဲ (UNOCHA) Martin Griffiths စစ်ကောင်စီခေါင်းဆောင်နဲ့တွေဆုံ (သြဂုတ် ၁၅၊ ၂၀၂၃)
ကုလ စာနာမှုအကြီးအကဲ (UNOCHA) Martin Griffiths စစ်ကောင်စီခေါင်းဆောင်နဲ့တွေဆုံ (သြဂုတ် ၁၅၊ ၂၀၂၃)

ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ်လည်းဖြစ်၊ အရေးပေါ် ကူညီကယ်ဆယ်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးလည်း ဖြစ်တဲ့ Martin Griffiths ဟာ မနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ စစ်ခေါင်းဆောင်တချို့ကို နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေမှာ စစ်ကောင်စီရဲ့ ကန့်သတ် ပိတ်ပင်မှုတွေကို ဝေဖန်ပြီး အကူအညီတွေ လွတ်လွတ်လပ်လပ် ပေးခွင့်ရဖို့ ကုလသမဂ္ဂက တိုက်တွန်းနေချိန်မှာ လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ အကြီးအကဲ နဲ့ မြန်မာစစ်ကောင်စီ တွေ့ဆုံတာ ဖြစ်ပါတယ်။ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ဆိုင်ရာ ကိစ္စရပ်တွေမှာ ပိုမို ပူးပေါင်း ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ဒါပေမဲ့လည်း ကုလသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံမှာ ချမှတ်ထားတဲ့ ဥပဒေတွေကို လိုက်နာပြီး သူတို့နဲ့ လက်တွဲလုပ်ဆောင်မှသာ ကုလသမဂ္ဂဘက်က အကူအညီတွေကို လက်ခံမှာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရက အရင်က ဗွီအိုအေကို ဖြေကြားဖူးပါတယ်။

UNOCHA အကြီးအကဲ Martin Griffiths ဟာ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်အပြင် စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး (၂)ဝန်ကြီး ဦးကိုကိုလှိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးဝင်း တို့နဲ့လည်း သီးခြားစီ တွေ့ဆုံခဲ့တဲ့အကြောင်း စစ်ကောင်စီ သတင်းတွေမှာ ဖော်ပြပါတယ်။ ဒီတွေ့ဆုံမှုတွေနဲ့ ပတ်သက်လို့ UNOCHA ဘက်ကတော့ ထုတ်ပြန်ချက် တစုံတရာ ထုတ်တာ မတွေ့ရသေးပါဘူး။

ကုလ စာနာမှုအကြီးအကဲ (UNOCHA) Martin Griffiths ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နဲ့ တွေ့ဆုံ (သြဂုတ် ၁၅၊ ၂၀၂၃)
ကုလ စာနာမှုအကြီးအကဲ (UNOCHA) Martin Griffiths ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နဲ့ တွေ့ဆုံ (သြဂုတ် ၁၅၊ ၂၀၂၃)

ဒီကနေ့ နေပြည်တော်ကနေ ရခိုင်ပြည်နယ်ကို ခရီးဆက်ဖို့ရှိတယ်လို့ သိရပေမဲ့၊ ဘယ်နေရာတွေကို သွားပြီး ဘယ်သူတွေနဲ့ တွေ့ဆုံမလဲ ဆိုတာ အသေးစိတ် မသိရသေးပါဘူး။ မိုခါမုန်တိုင်း နောက်ပိုင်း အရေးပေါ် အကူအညီတွေ လိုအပ်နေတဲ့ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေရဲ့ လုပ်ငန်းတွေ ကန့်သတ်ခံထား ရချိန်မှာ သွားရောက်တာ ဖြစ်လို့ မစ္စတာ Martin Griffiths ရဲ့ ခရီးစဥ်အတွင်း ဒီကိစ္စ ညှိနှိုင်း ဆွေးနွေးတာတွေ ရှိနိုင်တယ်လို့ တချို့က တွက်ဆကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကုလသမဂ္ဂ အနေနဲ့ လူသားချင်း စာနာမှု အကူအညီတွေကို စစ်ကောင်စီကတဆင့်ပဲ သွားမယ်ဆိုရင် တကယ် လိုအပ်သူတွေ လက်ထဲ အကူအညီတွေ ရောက်ဖို့ကတော့ မျှော်လင့်ချက် သိပ်မရှိလှဘူးလို့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။

ကုလ စာနာမှုအကြီးအကဲ Martin Griffiths မြန်မာနိုင်ငံရောက်
please wait

No media source currently available

0:00 0:02:01 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG