သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းဒေသအပစ်ရပ်ဖို့ ကုလလုံခြုံရေးကောင်စီ တောင်းဆို


ကုလလုံခြုံရေးကောင်စီ အလှည့်ကျ ၁၀ နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ရဲ့ ကိုယ်စား ကုလသမဂ္ဂဆိုင်ရာ ဂူရာနာ (Guyana) သံအမတ်ကြီး Carolyn Rodrigues-Birkett
ကုလလုံခြုံရေးကောင်စီ အလှည့်ကျ ၁၀ နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ရဲ့ ကိုယ်စား ကုလသမဂ္ဂဆိုင်ရာ ဂူရာနာ (Guyana) သံအမတ်ကြီး Carolyn Rodrigues-Birkett

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံက အစ္စရေး၊ ပါလက်စတိုင်း၊ လက်ဘနွန်နဲ့ အီရန်အပါအဝင် အရှေ့အလယ်ပိုင်း ဒေသတွင်း ပဋိပက္ခတွေပိုမိုပြင်းထန်လာစေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရှုတ်ချလိုက်ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ချက်ခြင်းရပ်ဖို့ ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။

“အရှေ့အလယ်ပိုင်းဒေသအတွင်း ပဋိပက္ခတွေပိုမိုပြင်းထန်လာတဲ့အတွက်အလွန်စိုးရိမ်မိပါတယ်။ အပြန်အလှန် အကြမ်းဖက် တိုက်ခိုက်နေတာ တွေကို ရှုတ်ချပါတယ်။ ရန်လိုတိုက်ခိုက်နေမှုတွေကို ချက်ခြင်းရပ်ပါ။ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေနဲ့အဖွဲ့အစည်းတွေအနေနဲ့ လူသားချင်း စာနာမှုဥပဒေအပါအဝင် နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာဖို့ တောင်းဆိုပါတယ်။” လို့ အလှည့်ကျ ၁၀ နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ရဲ့ ကိုယ်စား ကုလသမဂ္ဂဆိုင်ရာ ဂူရာနာ (Guyana)သံအမတ်ကြီး Carolyn Rodrigues-Birkett ကပြောကြားခဲ့ပါတယ်။

ဖြစ်ပွားနေတဲ့ပဋိပက္ခတွေကို သံတမန်နည်းနဲ့ဆွေးနွေးဖြေရှင်းကြပါလို့လည်း သူကတိုက်တွန်းပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်ကလည်း ပစ်ခတ်တိုက်ခိုက်မှုတွေကိုရှုတ်ချလိုက်ပြီး ဂါဇာဒေသမှာ ချက်ခြင်းအပစ်ရပ်ဖို့ ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

Forum

XS
SM
MD
LG