သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကိုယ္ဝန္ဖ်က္ခ်ခြင့္ ဆက္လက္ရရွိေရး အေမရိကန္တလႊား ေတာင္းဆိုဆႏၵျပ


ကုိယ္ဝန္ဖ်က္ခ်ခြင့္ ရရွိေရး အေမရိကန္ႏုိင္ငံ ၿမိဳ႕ေတာ္ ဝါရွင္တန္ဒီစီမွာ ဆႏၵျပေနသူမ်ား။ (ေမ ၁၄၊ ၂၀၂၂)

(Zawgyi / Unicode)

ကိုယ္ဝန္ဖ်က္ခ်ခြင့္ဆိုင္ရာ အေျခခံဥပေဒ အခြင့္အေရးကို အေမရိကန္ တရားရံုးခ်ဳပ္က မၾကာခင္မွာ ပယ္ဖ်က္မယ့္ အလားအလာ ရွိေနတဲ့အေပၚ မေက်နပ္မႈကိုျပသတဲ့ အေနနဲ႔ ကိုယ္ဝန္ဖ်က္ခ်ခြင့္ကို ေထာက္ခံသူေတြ စေနေန႔မွာ အေမရိကန္ျပည္ေထာင္စု တဝန္းမွာ လမ္းေပၚထြက္ ဆႏၵျပၾကပါတယ္။

“အမ်ိဳးသမီးေတြအေနနဲ႔ ကိုယ့္ရဲ႕က်န္းမာေရးကို ကိုယ္တိုင္ ေရြးခ်ယ္ႏိုင္ေရးက အေရးႀကီးတယ္လို႔ ယူဆပါတယ္။ သူတို႔ရဲ႕ ကိုယ္ဝန္ေဆာင္တာနဲ႔ ပတ္သက္လို႔ တျခားဘယ္သူကမွ ၫႊန္ၾကား စီစဥ္ပိုင္ခြင့္ မရွိသင့္ပါဘူး။ က်မအေနနဲ႔ ကိုယ္ဝန္ဖ်က္ခ်တာကို မႀကိဳက္ပါဘူး။ ကိုယ္ဝန္ဖ်က္ခ်မႈကို အားေပးသူ မဟုတ္ပါဘူး။ ဒါေပမဲ့လည္း ဒါက အေရးႀကီးတဲ့ လြတ္လပ္ခြင့္ ျဖစ္ပါတယ္။” လို႔ ၿမိဳ႕ေတာ္ ဝါရွင္တန္ဒီစီမွာ ဆႏၵျပခ်ီတက္ခဲ့တဲ့ Ellen Harrison က ေျပာခဲ့တာပါ။

ကိုယ့္ခႏၶာ၊ ကိုယ့္ေရြးခ်ယ္မႈ ဆိုတဲ့ ေႂကြးေၾကာ္သံေတြနဲ႔ ခ်ီတက္ခဲ့ၾကၿပီး တက္ႂကြလႈပ္ရွားသူေတြကေတာ့ မ်ိဳးပြားမႈဆိုင္ရာ လြတ္လပ္ခြင့္အတြက္ တိုက္ပြဲဝင္သြားမယ္လို႔ အခိုင္အမာ ေျပာဆိုၾကပါတယ္။

ကြန္ဆာေဗးတစ္ တရားသူႀကီး အမ်ားစုျဖစ္တဲ့ တရားရံုးခ်ဳပ္က သေႏၶသားဖ်က္ခ်ခြင့္ တရားဝင္ခြင့္ျပဳခဲ့တဲ့ သမိုင္းဝင္ Roe v. Wade စီရင္ထံုးကို ပယ္ဖ်က္လိုတဲ့ သေဘာထား မူၾကမ္းတရပ္ ေပါက္ၾကားထြက္လာၿပီးေနာက္မွာ တက္ႂကြလႈပ္ရွားသူေတြက မေက်နပ္ခ်က္ေတြနဲ႔ စည္းရံုးလႈပ္ရွားမႈေတြကို တိုးျမႇင့္ ေဆာင္ရြက္လာတာျဖစ္ၿပီး ရီပတ္ဘလစ္ကန္ေတြ ဦးေဆာင္တဲ့ ျပည္နယ္ေတြမွာ ကန္႔သတ္ခ်က္ေတြကို တင္းတင္းက်ပ္က်ပ္ ခ်မွတ္က်င့္သံုးဖို႔ ရွိေနပါတယ္။

ၿမိဳ႕ေတာ္ ဝါရွင္တန္ဒီစီမွာေတာ့ လူေပါင္းေထာင္ခ်ီၿပီး တရားရံုးခ်ဳပ္ကို ခ်ီတက္ ဆႏၵျပၾကၿပီး တရားရံုးခ်ဳပ္ကိုေတာ့ လံုၿခံဳေရး တင္းက်ပ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

ကိုယ်ဝန်ဖျက်ချခွင့် ဆက်လက်ရရှိရေး အမေရိကန်တလွှား တောင်းဆိုဆန္ဒပြ

ကိုယ်ဝန်ဖျက်ချခွင့်ဆိုင်ရာ အခြေခံဥပဒေ အခွင့်အရေးကို အမေရိကန် တရားရုံးချုပ်က မကြာခင်မှာ ပယ်ဖျက်မယ့် အလားအလာ ရှိနေတဲ့အပေါ် မကျေနပ်မှုကိုပြသတဲ့ အနေနဲ့ ကိုယ်ဝန်ဖျက်ချခွင့်ကို ထောက်ခံသူတွေ စနေနေ့မှာ အမေရိကန်ပြည်ထောင်စု တဝန်းမှာ လမ်းပေါ်ထွက် ဆန္ဒပြကြပါတယ်။

“အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ကျန်းမာရေးကို ကိုယ်တိုင် ရွေးချယ်နိုင်ရေးက အရေးကြီးတယ်လို့ ယူဆပါတယ်။ သူတို့ရဲ့ ကိုယ်ဝန်ဆောင်တာနဲ့ ပတ်သက်လို့ တခြားဘယ်သူကမှ ညွှန်ကြား စီစဉ်ပိုင်ခွင့် မရှိသင့်ပါဘူး။ ကျမအနေနဲ့ ကိုယ်ဝန်ဖျက်ချတာကို မကြိုက်ပါဘူး။ ကိုယ်ဝန်ဖျက်ချမှုကို အားပေးသူ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဒါက အရေးကြီးတဲ့ လွတ်လပ်ခွင့် ဖြစ်ပါတယ်။” လို့ မြို့တော် ဝါရှင်တန်ဒီစီမှာ ဆန္ဒပြချီတက်ခဲ့တဲ့ Ellen Harrison က ပြောခဲ့တာပါ။

ကိုယ့်ခန္ဓာ၊ ကိုယ့်ရွေးချယ်မှု ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြပြီး တက်ကြွလှုပ်ရှားသူတွေကတော့ မျိုးပွားမှုဆိုင်ရာ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်သွားမယ်လို့ အခိုင်အမာ ပြောဆိုကြပါတယ်။

ကွန်ဆာဗေးတစ် တရားသူကြီး အများစုဖြစ်တဲ့ တရားရုံးချုပ်က သန္ဓေသားဖျက်ချခွင့် တရားဝင်ခွင့်ပြုခဲ့တဲ့ သမိုင်းဝင် Roe v. Wade စီရင်ထုံးကို ပယ်ဖျက်လိုတဲ့ သဘောထား မူကြမ်းတရပ် ပေါက်ကြားထွက်လာပြီးနောက်မှာ တက်ကြွလှုပ်ရှားသူတွေက မကျေနပ်ချက်တွေနဲ့ စည်းရုံးလှုပ်ရှားမှုတွေကို တိုးမြှင့် ဆောင်ရွက်လာတာဖြစ်ပြီး ရီပတ်ဘလစ်ကန်တွေ ဦးဆောင်တဲ့ ပြည်နယ်တွေမှာ ကန့်သတ်ချက်တွေကို တင်းတင်းကျပ်ကျပ် ချမှတ်ကျင့်သုံးဖို့ ရှိနေပါတယ်။

မြို့တော် ဝါရှင်တန်ဒီစီမှာတော့ လူပေါင်းထောင်ချီပြီး တရားရုံးချုပ်ကို ချီတက် ဆန္ဒပြကြပြီး တရားရုံးချုပ်ကိုတော့ လုံခြုံရေး တင်းကျပ်ထားပါတယ်။

XS
SM
MD
LG