သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



USA-AFRICA/BIDEN



{{Zawgyi/Unicode}}




တိုက်ရိုက် လင့်ခ်

အမေရိကန်က အာဖရိကအတွက် အကူအညီ ဒေါ်လာ ၅၅ ဘီလျံ ပေးဖို့ကတိပြု

{{Zawgyi/Unicode}}
အမေရိကန် ပြည်ထောင်စု ၊ ဝါရှင်တန်ဒီစီမြို့တော် မှာ ဒီဇင်ဘာ ၁၃ ကနေ ၁၅ ရက်နေ့အထိ အာဖရိကတိုက်ဒေသ နိုင်ငံ ၅ဝ က ခေါင်းဆောင်တွေနဲ့ အမေရိကန် ပြည်ထောင်စု တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲ ပြီးဆုံးသွားပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့ စားနပ်ရိက္ခာ မလုံလောက်တဲ့ အာဖရိကတိုက် က နိုင်ငံတွေကို ဒေါ်လာ ၅၅ ဘီလီယံ အထိ အကူအညီပေးသွားဖို့ ကတိပြုလိုက်ပြီး သမ္မတ Joe Biden လဲ အာဖရိကကို သွားရောက်ဖွယ်ရှိတယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ ဒါအပြင် သူတို့ အမေရိကန် အစိုးရအနေနဲ့ လေးနက်တဲ့ ကတိစကားတွေကို ထပ်ခါတလဲ ပြောကြားခဲ့သလို အာဖရိက ခေါင်းဆောင်တွေအနေနဲ့လည်း မိမိတို့ပြည်သူတွေရဲ့ ဆန္ဒတွေကို လေးစားတန်ဖိုးထားဖို့ ပြောကြာလိုက်ပါတယ်။

တဆက်တည်းမှာပဲ Congo, Gabon, Liberia, Madagascar , Nigeria , Sierra leone နိုင်ငံတွေမှာ ပြုလုပ်မဲ့ ရွေးကောက်ပွဲတွေဟာ ကမ္ဘာ့ ဒီမိုကရေစီအရေးအတွက် အရေးကြီးတဲ့အတွက်ကြောင့် အဲဒီနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ သမ္မတ Joe Biden တို့ ဗုဒ်ဓဟူးနေ့က သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken၊ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield နဲ့ ကာကွယ်ရေးဝန်ကြီးLioyd J.Austin တို့လည်း အဲဒီထိပ်သီးဆွေးနွေးပွဲကို တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

XS
SM
MD
LG