သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စားနပ်ရိက္ခာ လိုအပ်တဲ့ဒေသတွေအတွက် ယူကရိန်းကောက်နှံ တန်ချိန် ၁ သိန်းခွဲ အမေရိကန်ဝယ်မည် 


David Beasley, left, meets with villagers in the village of Wagalla in northern Kenya Friday, Aug. 19, 2022
David Beasley, left, meets with villagers in the village of Wagalla in northern Kenya Friday, Aug. 19, 2022

ကမ္ဘာပေါ်က စားနပ်ရိက္ခာလိုအပ်နေတဲ့ ဒေသတွေကို တင်ပို့ဖို့ ရှေ့လာမယ့် သီတင်းပတ် အနည်းငယ်အတွင်း ယူကရိန်းက ကောက်ပဲသီးနှံ မက်ထရစ်တန်ချိန် ၁သိန်းခွဲလောက် အမေရိကန်က ဝယ်ယူဖို့ စီစဉ်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အကြီးအကဲက ပြောပါတယ်။

စားနပ်ရိက္ခာ လိုအပ်တဲ့ဒေသတွေအတွက် ယူကရိန်းကောက်နှံ တန်ချိန် ၁ သိန်းခွဲ အမေရိကန်ဝယ်မည်

{{Zawgyi/Unicode}}
ကမ္ဘာပေါ်က စားနပ်ရိက္ခာလိုအပ်နေတဲ့ ဒေသတွေကို တင်ပို့ဖို့ ရှေ့လာမယ့် သီတင်းပတ် အနည်းငယ်အတွင်း ယူကရိန်းက ကောက်ပဲသီးနှံ မက်ထရစ်တန်ချိန် ၁သိန်းခွဲလောက် အမေရိကန်က ဝယ်ယူဖို့ စီစဉ်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အကြီးအကဲက ပြောပါတယ်။ ဘယ်ဒေသကို ပေးပို့မယ် ဆိုတာကိုတော့ အတည်မပြုရသေးဘူးလို့လည်း ကင်ညာနိုင်ငံမှာ ရောက်နေတဲ့ WFP အမှုဆောင်ဒါရိုက်တာ David Beasley က AP သတင်းဌာနကို ပြောခဲ့တာပါ။

အစီအစဉ်သစ်ဟာ မိုးခေါင်ရေရှားမှုဒဏ် ခံနေရတဲ့ အာဖရိက ဦးချိုဒေသကို ယူကရိန်းကထွက်တဲ့ ကောက်ပဲသီးနှံတွေ တင်ပို့ဖို့ WFP က စီစဉ်ထားတဲ့ မူလအစီအစဉ်ထက် ၆ ဆလောက် ပိုများမယ်လို့လည်း ပြောပါတယ်။

အာဖရိက ဦးချိုဒေသမှာ ဒီနှစ်မိုးရာသီမှာလည်း မိုးမရွာတာကြောင့် အထူးသဖြင့် ဆိုမာလီယာ နိုင်ငံမှာ မိုးခေါင်ရေရှားမှုဒဏ် ခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။ လတ်တလောမှာလည်း စားနပ်ရိက္ခာ မလုံလောက်မှုတွေကြောင့် လူပေါင်း ထောင်ချီ သေဆုံးနေပြီး၊ လူပေါင်း ၂၂ သန်းလောက်ဟာလည်း ငတ်မွတ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ WFP ကပြောပါတယ်။

ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာတဝှမ်း လောင်စာဆီနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေ ကြုံနေရတာဟာ အာဖရိကဦးချိုဒေသအတွက် ဆူနာမီရေလှိုင်းဒဏ် တခုပြီးတခု ခံရသလို ဖြစ်နေတယ်လို့လည်း WFP အကြီးအကဲက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

...................................


{{Zawgyi/Unicode}}




XS
SM
MD
LG