သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထက်လွှတ်တော်အမတ် ရွေးကောက်ပွဲ နိုင်ငံတဝန်း စိတ်ဝင်တစား စောင့်ကြည့်


အစိုးရရှေ့နေဟောင်း ဒီမိုကရက် ကိုယ်စားလှယ် Doug Jones နဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် Roy Moore
အစိုးရရှေ့နေဟောင်း ဒီမိုကရက် ကိုယ်စားလှယ် Doug Jones နဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် Roy Moore

အမေရိကန်ပြည်ထောင်စုတောင်ပိုင်း Alabama ပြည်နယ်က အထက်လွှတ်တော်အမတ် တနေရာ လစ်လပ်နေတာအတွက် အင်္ဂါနေ့မဲပေးနေတဲ့ မဲရုံတွေတော့ ပိတ်သွားပါပြီ။ မဲတွေ ရေတွက်နေဆဲမို့ ရလဒ်ကတော့ အခုအချိန်ထိ တရားဝင် မထုတ်ပြန်သေးပါဘူး။

လိင်ပိုင်းဆိုင်ရာ ထိပါး စော်ကားမှုနဲ့ စွပ်စွဲခံနေရပြီး အငြင်းပွားစရာဖြစ်နေတဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် Roy Moore နဲ့ အစိုးရရှေ့နေဟောင်း ဒီမိုကရက် ကိုယ်စားလှယ် Doug Jones တို့ ယှဉ်ပြိုင်နေကြတာပါ။ ကိုယ်စားလှယ်လောင်း နှစ်ဦးတို့ဟာ တနလာၤနေ့ ညပိုင်း နောက်ဆုံးအချိန်ထိ အပြိုင်အဆိုင် မဲဆွယ်ခဲ့ကြတာပါ။

ဒါဟာ ရှေ့နှစ် နိုဝင်ဘာ လွှတ်တော်ရွေးကောက်ပွဲတွေ အတွက်ရော သမ္မတ Donald Trump ရဲ့ နိုင်ငံရေး အခြေနေကိုပါ ခန့်မှန်းနိုင်တဲ့ ပွဲမို့ ဒီရွေးကောက်ပွဲကို တနိုင်ငံလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။ သမ္မတ Trump ကတော့ Moore ကိုထောက်ခံ ထားပြီး သူဟာ ဒီမိုကရက်တစ် ကိုယ်စားလှယ် Jones ကို အနိုင်ယူမယ့်သူလို့ ပြောပါတယ်။

Alabama အထက်လွှတ်တော် အမတ် Jeff Session ရှေ့နေချုပ် ဖြစ်သွားတဲ့နောက် လစ်လပ်နေတဲ့ ပြည်နယ် အထက်လွှတ်တော် အမတ်နေရာကို အယ်လ်ဘားမား မဲဆန္ဒရှင်တွေ ရွေးချယ်ကြတာ ဖြစ်ပါတယ်။

တကယ်လို့ မစ္စတာ Moore နိုင်ခဲ့မယ် ဆိုရင် အထက်လွှတ်တော်မှာ ရီပါတ်ဘလစ်ကင် ပါတီက ၅၂ ဦး နဲ့ ဒီမိုကရက်တစ်ပါတီက ၄၈ ဦးရှိပြီး ရီပါတ်ဘလစ်ကင်တွေက အများစု နေရာကို ဆက်ပြီး ရနေမှာ ဖြစ်ပါတယ်။

တကယ်လို့ မစ္စတာ Jones သာ အနိုင်ရခဲ့ရင် ရီပါတ်ဘလစ်ကင် ပါတီက ၅၁ ဦး နဲ့ ဒီမိုကရက်တစ်ပါတီက ၄၉ ဦးရှိမှာမို့ သမ္မတဟာ သူတင်သွင်းတဲ့ ဥပဒေတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ရေးရာ ဆုံးဖြတ်ချက်တွေမှာ အခက်ခဲတွေဖို့ ရှိပါတယ်။

မဲမပေးခင် အကြိုစစ်တမ်းတွေမှာတော့ အသက် ၇၀ အရွယ် Moore က အသက် ၆၃ နှစ်အရွယ် Jones နဲ့ လူကြိုက်များမှု သိပ်မကွာပေမယ့် ကွန်ဆာဗေးတစ်တွေများတဲ့ Alabama ပြည်နယ်မှာတော့ Jones က ရှုံးနိမ့်ဖို့ များနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG