သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားကျွန်းဆွယ်မှာ ကန်ဦးဆောင်ပြီး မဟာမိတ်များ ပူးတွဲစစ်ရေးလေ့ကျင့်


မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုကို အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေ ထပ်ပြီး တုံ့ပြန်လိုက်တာမှာတော့ ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်မှုလည်း ပါဝင်ပါတယ်။

အမေရိကန် ပိုင်နက် Guam ကျွန်း အခြေစိုက် B-1 ဗုံးကျဲလေယာဉ်နှစ်စင်း၊ နောက် ဂျပန် အခြေစိုက် F-35 တိုက်လေယာဉ် ၄ စင်းတို့ ကိုရီးယား ကျွန်းဆွယ်ပေါ်မှာ စစ်အင်အားပြတဲ့ အနေနဲ့ ၁၀ နာရီကြာ ပျံသန်းခဲ့ကြပါတယ်။

အမေရိကန် စစ်လေယာဉ်တွေ ဂျပန် ပင်လယ်ပြင်ပေါ်မှာ ဂျပန် စစ်တပ် လေယာဉ်က ပူးပေါင်းခဲ့သလို ကိုရီးယား ကျွန်းဆွယ်ပေါ် အရောက်မှာတော့ တောင်ကိုရီးယား တိုက်လေယာဉ် ၄ စင်းက ပူးပေါင်းခဲ့ပြီး Pilsung Range လေ့ကျင့်ရေး ဒေသမှာ လက်နက် အစစ်တွေနဲ့ ပစ်ခတ်ခဲ့ကြတာပါ။

မြောက်ကိုရီးယားဘက်က ဂျပန်နိုင်ငံပေါ်က ဖြတ်ပြီး ဒုံးကျည် စမ်းသပ်ခဲ့ပြီးနောက် နှစ်ရက်အကြာမှာ အခုလို တပ်ဖွဲ့တွေ စစ်ရေးပြတာပါ။ မနေ့ ဗုဒ္ဓဟူးနေ့မှာလည်း အမေရိကန် ရေတပ်က ကာကွယ်ရေး စနစ်ကို စမ်းသပ်တဲ့ အနေနဲ့ ဟာဝိုင်အီ ကမ်းလွန်မှာတာလတ်ပစ် ပဲ့ထိန်းဒုံးကျည် တစင်းကို အမေရိကန် ရေတပ်သားတွေက အောင်အောင်မြင်မြစ် ပစ်ချနိုင်ခဲ့တယ်လို့ ရေတပ်က ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG