သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္-အာဆီယံ ထိပ္သီးစည္းေဝးက်င္းပမယ့္ရက္ အာဆီယံႏိုင္ငံေတြ ညိွႏႈိင္းေန


အေမရိကန္၊ အာဆီယံ ထိပ္သီးေဆြးေႏြးပြဲ (ယခင္ပံုေဟာင္း) 

[[Zawgyi/Unicode]]

US ASEAN ထိပ္သီးပြဲ အေမရိကန္အဆိုျပဳထားတဲ့ရက္ကို အာဆီယံဥကၠ႒ ကေမာၻဒီးယားက ကန္႔ကြက္အၿပီး ၾကားက ညိွေပးေနတဲ့ အင္ဒိုနီးရွားႏိုင္ငံက ေရြးမယ့္ရက္ကို ႀကိဳးပမ္းေနတယ္လို႔ ဆိုပါတယ္။

ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္က ဒီထိပ္သီးပြဲရက္ကို ေရႊ႕ဆိုင္းေပးဖို႔ တနလၤာေန႔ကေျပာအၿပီး အေမရိကန္ဘက္က ျပန္မတံု႔ျပန္ေသးခ်ိန္မွာ အေမရိကန္နဲ႔ အာဆီယံၾကား ညိွေပးရတဲ့ တာဝန္ယူထားတဲ့ အင္ဒိုနီးရွားဘက္က အခုလို စေျပာလာတာပါ။ အေမရိကန္ဘက္က အဆိုျပဳထားတဲ့ ဒီလ ၂၈ နဲ႔ ၂၉ မွာ အာဆီယံေခါင္းေဆာင္အားလံုး မစံုႏိုင္တာေၾကာင့္ အခုလို ေရႊ႕ဆိုင္းဖို႔ လံုးပမ္းေနရေၾကာင္း အင္ဒိုနီးရွား ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာခြင့္ရ Teuku Faizasyah က မေန႔က ေျပာလိုက္တာပါ။ အေမရိကန္ဘက္က ၿပီးခဲ့တဲ့လထဲ အဆိုျပဳခဲ့တဲ့ မတ္လ ၂၈ နဲ႔ ၂၉ အတြက္ ဒီရက္စြဲညိွေပးေနတဲ့ အင္ဒိုနီးရွားဘက္က တျခားအာဆီယံ ႏိုင္ငံေတြနဲ႔ မညိွႏိႈင္းရေသးခင္ အေမရိကန္ဘက္က ထုတ္ျပန္ခဲ့တာလို႔လည္း ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္က ကန္႔ကြက္ေဝဖန္ခဲ့ပါတယ္။

ဒါ့အျပင္ ဒီလ မတ္ ၂၆ နဲ႔ ၂၇ မွာ ဒီထိပ္သီးပြဲလုပ္ေစခ်င္တယ္လို႔ အာဆီယံေခါင္းေဆာင္တခ်ိဳ႕က လိုလားခဲ့ေၾကာင္း အရင္ေျပာခဲ့ေပမယ့္ အေမရိကန္ဘက္ေတာ့ မအားေၾကာင္း ျပန္ေျပာထားခဲ့တယ္လို႔လည္း ဝန္ႀကီးခ်ဳပ္ Hun Sen က ဆိုပါတယ္။ ဒါေပမဲ့ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ Hun Sen ဘက္ကေန ေနာက္ထပ္ ဘယ္ေန႔ အဆင္ေျပႏိုင္မယ္ဆိုတာကိုေတာ့ ထည့္မေျပာခဲ့ဘဲ သူကေတာ့ အာဆီယံ ဥကၠ႒အေနနဲ႔ ဒီလထဲ ဘယ္ေန႔မဆို လာတက္ႏိုင္တယ္လို႔သာ ျပန္ေျပာခဲ့ပါတယ္။

ျမန္မာ့အေရး အာဆီယံေခါင္းေဆာင္ေတြၾကား သေဘထားကြဲျပားမႈေတြတိုးလာခဲ့အၿပီး ကေမာၻဒီယားဥကၠ႒ျဖစ္လာခ်ိန္ ပထမဆံုး အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးအစည္းအေဝးကိုလည္း အလားတူ ေရႊ႕ဆိုင္းက်င္းပခဲ့ရဖူးတယ္လို႔ သံုးသပ္သူေတြက ေထာက္ျပေနပါတယ္။

ဝါရွင္တန္မွာက်င္းပမဲ့ အေမရိကန္အာဆီယံ ဆက္ဆံေရး ၄၅ ႏွစ္ျပည့္အထိမ္းအမွတ္ ဒီထိပ္သီးပြဲကို အရင္အာဆီယံသေဘာတူထားခဲ့သလို ျမန္မာစစ္ေကာင္စီက ႏိုင္ငံေရးအရခန္႔ထားသူမဟုတ္တဲ့ ပံုမွန္ဝန္ထမ္းသာတက္ေရာက္ဖုိ႔ အေမရိကန္ဘက္ကေျပာထားေပမယ့္ စစ္ေကာင္စီဘက္က တုုံ႔ျပန္တာေတာ့ မရွိေသးပါဘူးခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

ကန်-အာဆီယံ ထိပ်သီးစည်းဝေးကျင်းပမယ့်ရက် အာဆီယံနိုင်ငံတွေ ညှိနှိုင်းနေ

US ASEAN ထိပ်သီးပွဲ အမေရိကန်အဆိုပြုထားတဲ့ရက်ကို အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားက ကန့်ကွက်အပြီး ကြားက ညှိပေးနေတဲ့ အင်ဒိုနီးရှားနိုင်ငံက ရွေးမယ့်ရက်ကို ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဒီထိပ်သီးပွဲရက်ကို ရွှေ့ဆိုင်းပေးဖို့ တနင်္လာနေ့ကပြောအပြီး အမေရိကန်ဘက်က ပြန်မတုံ့ပြန်သေးချိန်မှာ အမေရိကန်နဲ့ အာဆီယံကြား ညှိပေးရတဲ့ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားဘက်က အခုလို စပြောလာတာပါ။ အမေရိကန်ဘက်က အဆိုပြုထားတဲ့ ဒီလ ၂၈ နဲ့ ၂၉ မှာ အာဆီယံခေါင်းဆောင်အားလုံး မစုံနိုင်တာကြောင့် အခုလို ရွှေ့ဆိုင်းဖို့ လုံးပမ်းနေရကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Teuku Faizasyah က မနေ့က ပြောလိုက်တာပါ။ အမေရိကန်ဘက်က ပြီးခဲ့တဲ့လထဲ အဆိုပြုခဲ့တဲ့ မတ်လ ၂၈ နဲ့ ၂၉ အတွက် ဒီရက်စွဲညှိပေးနေတဲ့ အင်ဒိုနီးရှားဘက်က တခြားအာဆီယံ နိုင်ငံတွေနဲ့ မညှိနှိုင်းရသေးခင် အမေရိကန်ဘက်က ထုတ်ပြန်ခဲ့တာလို့လည်း ကမ္ဘောဒီးယားဝန်ကြီးချုပ်က ကန့်ကွက်ဝေဖန်ခဲ့ပါတယ်။

ဒါ့အပြင် ဒီလ မတ် ၂၆ နဲ့ ၂၇ မှာ ဒီထိပ်သီးပွဲလုပ်စေချင်တယ်လို့ အာဆီယံခေါင်းဆောင်တချို့က လိုလားခဲ့ကြောင်း အရင်ပြောခဲ့ပေမယ့် အမေရိကန်ဘက်တော့ မအားကြောင်း ပြန်ပြောထားခဲ့တယ်လို့လည်း ဝန်ကြီးချုပ် Hun Sen က ဆိုပါတယ်။ ဒါပေမဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen ဘက်ကနေ နောက်ထပ် ဘယ်နေ့ အဆင်ပြေနိုင်မယ်ဆိုတာကိုတော့ ထည့်မပြောခဲ့ဘဲ သူကတော့ အာဆီယံ ဥက္ကဋ္ဌအနေနဲ့ ဒီလထဲ ဘယ်နေ့မဆို လာတက်နိုင်တယ်လို့သာ ပြန်ပြောခဲ့ပါတယ်။

မြန်မာ့အရေး အာဆီယံခေါင်းဆောင်တွေကြား သဘေထားကွဲပြားမှုတွေတိုးလာခဲ့အပြီး ကမ္ဘောဒီယားဥက္ကဋ္ဌဖြစ်လာချိန် ပထမဆုံး အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကိုလည်း အလားတူ ရွှေ့ဆိုင်းကျင်းပခဲ့ရဖူးတယ်လို့ သုံးသပ်သူတွေက ထောက်ပြနေပါတယ်။

ဝါရှင်တန်မှာကျင်းပမဲ့ အမေရိကန်အာဆီယံ ဆက်ဆံရေး ၄၅ နှစ်ပြည့်အထိမ်းအမှတ် ဒီထိပ်သီးပွဲကို အရင်အာဆီယံသဘောတူထားခဲ့သလို မြန်မာစစ်ကောင်စီက နိုင်ငံရေးအရခန့်ထားသူမဟုတ်တဲ့ ပုံမှန်ဝန်ထမ်းသာတက်ရောက်ဖို့ အမေရိကန်ဘက်ကပြောထားပေမယ့် စစ်ကောင်စီဘက်က တုံ့ပြန်တာတော့ မရှိသေးပါဘူးခင်ဗျာ။

==================

XS
SM
MD
LG