သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရဲ့ အရှေ့တောင်အာရှဒေသ မူဝါဒသစ် တရုတ်နဲ့ အားပြိုင်ဖို့မဟုတ်


အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် အာဆီယံကာကွယ်ရေးဝန်ကြီးများ (ဧပြီ ၃၊ ၂၀၁၄၊ ဟာဝိုင်အီ) သတင်းဓာတ်ပုံ- ဦးရော်နီငြိမ်း
အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် အာဆီယံကာကွယ်ရေးဝန်ကြီးများ (ဧပြီ ၃၊ ၂၀၁၄၊ ဟာဝိုင်အီ) သတင်းဓာတ်ပုံ- ဦးရော်နီငြိမ်း
ဧပြီ ၁ ရက်နေ့က နေ၊ ဧပြီ ၃ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု ဟဝိုင်ရီပြည်နယ်၊ ဟိုနိုလူလူမြို့မှာ ကျင်းပခဲ့တဲ့ အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေက ကာကွယ်ရေး ဝန်ကြီးတွေရဲ့ နှီးနှောဖလှယ်ကြတဲ့ forum ပြီးဆုံးသွားခဲ့ပါပြီ။ ဖိုရမ်နောက်ဆုံးနေ့က အမေရိကန်နဲ့ အာဆီယံကာကွယ်ရေး ဝန်ကြီးတွေဟာ အရှေ့တောင်အာရှဒေသအတွင်း လူသားချင်းစာနာတဲ့ အထောက်အကူပေးရေးလုပ်ငန်းတွေနဲ့ သဘာဝဘေးအန္တရာယ်က နေ ကယ်ဆယ်စောင့်ရှောက်ရေးလုပ်ငန်းတွေ အတွက် ပူးပေါင်းဆောင်ရွက် ကြတဲ့နေရာမှာ လုပ်ဖေါ်ကိုင်ဘက်partner တွေအဖြစ် ဆက်ဆံရေးတွေကို တိုးမြင့်သွားကြဖို့ သဘောတူခဲ့ကြတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel က ပြောခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့ မူဝါဒအသစ်ဖြစ်တဲ့ အရှေ့တောင် အာရှဒေသမှာ အင်အားချိန်ခွင်လျှာ ပြန်လည်ထိန်းညှိရေး (rebalancing power) ဆိုတာ တရုတ်နိုင်ငံနဲ့ ပြိုင်ဆိုင်မှုတွေလုပ်ဖို့မဟုတ်ပဲ၊ ဒေသအကျိုးအတွက် ပူးပေါင်းဆောင်ရွက်သွားကြရေးဖြစ်တယ်လို့လည်း ဝန်ကြီး Hagel က ပြောခဲ့ပါတယ်။ ဖိုရမ်နောက်ဆုံးနေ့အကြောင်းကိုတော့ ဟိုနိုလူလူမြို့မှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ဗွီအိုအေဝိုင်းတော်သား ဦးရော်နီညိမ်းက ဆက်ပြီး တင်ပြပေးပါမယ်။

ဧပြီလ (၃)ရက်နေ့က ဒုတိယနဲ့ နောက်ဆုံးနေ့အဖြစ် ကျင်းပခဲ့တဲ့ ဒီဖိုရမ်ဆွေးနွေးပွဲ အပြီးမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagelက သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရာမှာ အခုအခါ အောင်မြင်စွာပြီးဆုံးသွားခဲ့တဲ့ ဒီဖိုရိမ်ကနေပြီးတော့ အမေရိကန်နဲ့ အာဆီယံ (၁၁)နိုင်ငံကြားမှာ ချစ်ခင်ရင်းနှီးမှုတွေ တိုးပွားလာအောင် အမေရိကန်ပြည်ထောင်စုက လုပ်ဆောင်နိုင် ခဲ့ပြီးတော့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ရေး၊ အခွင့်အလမ်းတွေ ကိုလည်း မြှင့်တင်နိုင်ခဲ့တယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ဧပြီ-၂၀၁၄၊ ဟာဝိုင်အီ) သတင်းဓာတ်ပုံ-ဦးရော်နီငြိမ်း
အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ဧပြီ-၂၀၁၄၊ ဟာဝိုင်အီ) သတင်းဓာတ်ပုံ-ဦးရော်နီငြိမ်း

ဒီလိုဆောင်ရွက်နိုင်ခဲ့ခြင်းဟာ အရှေ့တောင်အာရှဒေသမှာ နေထိုင်နေကြသူ ဘယ်သူတစ်ဦး တစ်ယောက်အတွက်မဆို အာရှပစိဖိတ်ဒေသရဲ့လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ရာမှာ အပေးအယူ အလျော့အတင်း လုပ်ဆောင်ကြရေးကို ပိုမိုပြီးတော့ အထောက်အကူ ပြုလိမ့်မယ်လို့ မစ္စတာ Hagel က ပြောဆိုသွားခဲ့ပါတယ်။

၁၉၆၆ခုနှစ်မှာ အမေရိကန်သမ္မတ Johnson ရဲ့ ဖိတ်ကြားမှုနဲ့ အဲ့ဒီ့အချိန်က တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌလည်းဖြစ်ပြီးတော့ ကာကွယ်ရေး ဝန်ကြီးလည်းဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး နေဝင်းဟာ အမေရိကန်ပြည်ထောင်စု ကို သွားရောက်ခဲ့ပါတယ်။ အဲ့ဒီ့နောက် ၄၈နှစ်အကြာမှာ ပထမဆုံးအကြိမ် အဖြစ် မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကို ဒီဖိုရမ်ကို အမေရိကန်ပြည်ထောင်စုက ဟာဝိုင်အီမှာ တက်ရောက်ဖို့ အမေရိကန်အစိုးရက ဖိတ်ကြားခဲ့တာပါ။
US-ASEAN Defense Forum တက်ရောက်နေတဲ့ မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်။ (သတင်းဓာတ်ပုံ-ဦးရော်နီငြိမ်း)
US-ASEAN Defense Forum တက်ရောက်နေတဲ့ မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်။ (သတင်းဓာတ်ပုံ-ဦးရော်နီငြိမ်း)

အမေရိကန်ကွန်ကရက်လွှတ်တော်က သမ္မတအိုဘားမား အစိုးရ ဟာ မြန်မာအစိုးရ ကို ဦးစားပေးမှုတွေ သိပ်များလွန်းနေတယ် လို့ ဝေဖန်ပြောဆိုမှုတွေ ရှိနေချိန်မှာ အခုလို မြန်မာကာကွယ်ရေးဝန်ကြီးကို ဖိတ်ကြားဖို့ ဘယ်လိုအကြောင်းအရာတွေက စေ့ဆော်တွန်းအားပေးခဲ့ပါသလဲလို့ ဝန်ကြီး Hagel ကို ဗွီအိုအေက မေးတဲ့အခါမှာ သူက အခုလိုဖြေပါတယ်။

"ပထမဆုံးပြောချင်တာက ကျနော်တို့နိုင်ငံမှာ လူ့အခွင့်အရေးနဲ့ပါတ်သက်ပြီး
ဥပဒေနဲ့အညီ ရှိပါတယ်။ ကျနော်တို့နိုင်ငံဟာ တခြားနိုင်ငံတွေလိုပဲ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ နိုင်ငံဖြစ်တယ်။ နိုင်ငံသား တစ်ဦးချင်းစီဟာလဲ လိုက်နာကြတယ်။ ကျနော်တို့ ဟာ တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ မူဝါဒ များစွာအပေါ်မှာ အခြေခံပါတယ်။ ကျနော်တို့ဟာ အမြဲလိုပဲ တခြားနိုင်ငံတွေ ရဲ့ လူ့အခွင့်အရေး လေးစားလိုက်နာရေး ကို ဖြည်စည်းပေးပါတယ်။ အားပေးကူညီမှုတွေလည်း လုပ်ပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိလာပြီဆိုရင် ဒါဟာ ပြ ဿ နာ ရှိလာပါပြီ။ ကမ္ဘာပေါ်မှာ နိုင်ငံအများစုဟာ လူ့အခွင့်အရေးအတွက် အခြေခံစံတွေနဲ့ အညီ ကြိုးစားလုပ်ဆောင်နေကြပါတယ်။ အမေရိကန်ပြည်ထောင်စုဟာလည်း ဒီလိုကြိုးစားပြီးတော့ လုပ်ဆောင်လာအောင် အားပေးကူညီနေပါတယ်။ တချိန်တည်းမှာပဲ လူ့အခွင့်အရေးလေးစားလိုက်နာမှု အားနည်းနေတဲ့ နိုင်ငံတွေကိုလည်း အမေရိကန်ပြည်ထောင်စုက ပစ်ထားလို့ မရပါဘူး။

တဖြေးဖြေး လက်တွဲခေါ်ယူပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ အားပေးကူညီမှုတွေနဲ့ လူ့အခွင့်အရေးတွေ အဲ့ဒီ့နိုင်ငံတွေမှာ တိုးတက်လာအောင် ကြိုးစားဆောင်ရွက်နေတာဖြစ်ပါတယ်။"

အခုလို အမေရိကန် ကွန်ကရက်လွှတ်တော်နဲ့ အမေရိကန် အစိုးရကြားမှာ မြန်မာနိုင်ငံနဲ့ ပါတ်သက်ပြီး သဘောထားအမြင်ကွဲလွဲနေတာကို မြန်မာကာကွယ်ရေးဝန်ကြီးရဲ့ သဘောထားကို ဗွီအိုအေက မေးကြည့်တဲ့အခါ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က အခုလို ပြောပါတယ်။
ဗွီအိုအေနဲ့ မေးမြန်းခန်း
ဗွီအိုအေနဲ့ မေးမြန်းခန်း


""မနှစ်ကပေါ့။ မနှစ်က ၂၀၁၃ခုနှစ်၊ မေတုန်းက ကျနော်တို့ သမ္မတကြီးလည်း ဝါရှင်တန်ဒီစီကို ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပါတယ်။ အဲ့ဒီ့ လာရောက်ခဲ့တုန်းက ကျနော်တို့ သမ္မတကြီးအနေနဲ့ အမေရိကန်ရဲ့ အထက် လွှတ်တော်အမတ်တွေရော၊ အောက်လွှတ်တော်အမတ်တွေရော သွားရောက်ပြီးတော့ ကိုယ်တိုင်ကိုယ်ကျ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု အခြေအနေတွေကိုလည်း ကျနော်တို့ ရှင်းလင်းခဲ့ပါတယ်။

အဲ့ဒီ့တော့ အရင်တုန်းက အရမ်းဝေးနေတဲ့အချိန်ကနေစပြီးတော့ သမ္မတကြီး ရှင်းပြတဲ့အချိန်မှာ သူတို့တော်တော်လေးပဲ ကျနော်ခံစားရတာကတော့ သူတို့ တော်တော် နားလည်မှုပိုရတယ်လို့ ကျနော်မြင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သမ္မတကြီး ခရီးစဉ်ပြီးတဲ့ နောက်ပိုင်းမှာ သူတို့ရဲ့ လွှတ်တော် အထက် လွှတ်တော် အမတ်တွေရော၊ အောက်လွှတ်တော်အမတ်တွေရော၊ ကျနော်တို့ နိုင်ငံကို မကြာခဏ ရောက်ပြီးတော့ လာပြီးတော့ တွေ့တာတွေ၊ ဝန်ကြီးဌာနနဲ့တွေ့တာတွေ၊ မြေပြင်အခြေအနေတွေ လာပြီးတော့ လေ့လာ တာတွေ ရှိတဲ့ပုံပေါ်ပါတယ်။ ဒါကြောင့်မို့လို့ ဟိုးအရင်ထက်စာလို့ရှိရင်တော့ လွှတ်တော်အမတ်တွေရဲ့ အနေအထားတွေဟာ ပိုပြီးတော့ နားလည်မှုရ လာတယ်လို့ ကျနော်အနေနဲ့မြင်ပါတယ်။ "

မြန်မာကိုယ်စားလှယ်အဖွဲ့ကို ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ဦးဆောင်ခဲ့ပါတယ်။ အဖွဲ့ဝင်တွေအဖြစ် အမေရိကန်ပြည်ထောင်စု ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ်၊ စစ်သံမှူ း ဗိုလ်မှူ းကြီး မြင့်သိန်း (ရေ)၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူ းချုပ် ဦးအောင်ထူး၊ ကာကွယ်ရေးဝန်ကြီး ဌာနက ဒုတိယညွှန်ကြားရေးမှူ း ဦးရဲမင်းအောင်တို့က အဖွဲ့ဝင်တွေအဖြစ် ဒီဖိုရမ်ကို တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
XS
SM
MD
LG