အမေရိကန်ရဲ့ မူဝါဒအသစ်ဖြစ်တဲ့ အရှေ့တောင် အာရှဒေသမှာ အင်အားချိန်ခွင်လျှာ ပြန်လည်ထိန်းညှိရေး (rebalancing power) ဆိုတာ တရုတ်နိုင်ငံနဲ့ ပြိုင်ဆိုင်မှုတွေလုပ်ဖို့မဟုတ်ပဲ၊ ဒေသအကျိုးအတွက် ပူးပေါင်းဆောင်ရွက်သွားကြရေးဖြစ်တယ်လို့လည်း ဝန်ကြီး Hagel က ပြောခဲ့ပါတယ်။
"မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး အားနည်းနေတယ်လို့ ပြောဆိုမှုတွေ ရှိနေပေမဲ့လည်း ဒါက သူတို့က လက်တွဲခေါ်ယူဖို့ အတွက်ပဲ စဉ်းစားဆုံးဖြတ်ပြီးတော့မှ မြန်မာနိုင်ငံဟာ နိုင်ငံတကာ မိသားစု အသိုင်းအဝိုင်းထဲမှာ အမြဲတမ်း ပါဝင်ဆောင်ရွက်ပြီးတော့ ပြောင်းလဲလာအောင်လုပ်မယ်" (အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel)
အမေရိကန်ပြည်ထောင်စု ရောက် မြန်မာနိုင်ငံရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ ကုလအတွင်းရေးမှူးချုပ်တို့ နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ် မှာ တွေ့ဆုံကြစဉ် မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုတွေကို အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။
အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လွှတ်တော်ရေးရာ စနစ်တွေကို လေ့လာဖို့ အကောင်းဆုံး နေရာဟာ အမေရိကန်ပြည်ထောင်စုဖြစ်တယ်လို့ သူယုံကြည်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းက ဝါရှင်တန်ဒီစီမြို့တော်က အမေရိကန် နိုင်ငံရေးနဲ့ နိုင်ငံခြားရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတဲ့ပွဲမှာ မှာ ပြောကြားလိုက်ပါတယ်။
"သမ္မတအိုဘားမားအစိုးရနဲ့ ကျနော်တို့ကြားမှာရှိပြီးသား ပူးပေါင်းဆောင်ရွက်မှုတွေ၊ အပြန်အလှန် နားလည်မှုတွေကို မြင့်တင်ဖို့ရည်ရွယ်ပါတယ်။"
ဂွမ်ဂျူးမြို့တော်ဝန်က ဒီဆုကို(၁၀)နှစ်နီးပါး ထိန်းသိမ်းထားပြီးမှ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်ခံယူတာကို ဂုဏ်ယူကြောင်းနဲ့ ဂွမ်ဂျူးမြို့သားတွေက ဒေါ်အောင်ဆန်း စုကြည် နံမည်ကို ဂုဏ်ယူစရာအဖြစ် သူတို့ကိုသူတို့ မှည့်ခေါ်ကြတယ်လို့ ပြောပါတယ်။
မြန်မာအစိုးရနဲ့ မိတ်ဆွေဖြစ်လာတဲ့ VOA ၊ RFA သတင်းဌာနတွေနဲ့ မိတ်ဆွေအဆင့် က ဆွေမျိုးသားချင်း အဆင့်ကို တက်လှမ်းလိုကြောင်း သမ္မတဦးသိန်းစိန် ပြောကြား
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဆွေးနွေးပွဲ အောက်တိုဘာ ၃၀ ရက်နေ့က ရွှေလီမြို့မှာ ကျင်းပခဲ့ပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ နဲ့ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့တို့ ပထမဆုံးအကြိမ် တရားဝင် တရုတ်နိုင်ငံ ရွှေလီမြို့မှာ တွေ့ဆုံကြတော့မှာဖြစ်ပါတယ်။
တပ်မတော်ရဲ့ ဒုတိယခေါင်းဆောင် ဖြစ်ခဲ့ဖူးသူ အငြိမ်းစားဗိုလ်မှူးချုပ် ဦးအောင်ကြီး ဟာ၊ အောက်တိုဘာ (၂၅) ရက်နေ့က အသက် (၉၄)နှစ်အရွယ်မှာ နှလုံးရောဂါနဲ့ ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့ပါပြီ။
ဒီရက်ပိုင်းအတွင်း တရုတ်ကနေ မြန်မာစစ်အစိုးရကို ရောင်းတာလား လှူဒါန်းထောက်ပံ့တာလား မသိရတဲ့ စစ်ကားအလွတ် တွေ အလုံးအရင်းနဲ့ တင်ပို့ပေးနေတာကို