မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေချိန်မှာပဲ တကယ့်ကို ကိုင်တွယ်ဖြေရှင်းရမယ့် လုပ်ငန်းတရပ်ကတော့ ရှိနေတုန်းပဲလို့ အမေရိကန် သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Susan Rice က ပြောလိုက်ပါတယ်။
ဒါကတော့ မြန်မာနိုင်ငံတွင်း လူမျိုးရေး အကြမ်းဖက်မှုတွေကိုလည်း ဘယ်လို ကျော်လွှားမလဲဆိုတာနဲ့၊ လူနည်းစု လူမျိုးတွေကို ဘယ်လို အကာအကွယ် ပေးသွားမလဲဆိုတာ ဖြစ်တယ်လို့ ပြောပါတယ်။
တချိန်တည်းမှာပဲ တိုးတက်မှုတွေ ဆက်ရှိနေသမျှတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အခိုင်အမာဖြစ်လာဖို့နဲ့ ဒေသတွင်း ခေါင်းဆောင်မှု ဖြစ် လာစေဖို့လည်း အမေရိကန်ပြည်ထောင်စုက အကူအညီ ပေးသွားမယ်လို့ အာမခံ ပြောခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေကြောင့် အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာအစိုးရသမ္မတ ဦးသိန်းစိန်နဲ့ရော အတိုက်အခံခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ အနီးကပ် ပူးပေါင်းဆောင်ရွက်နေပြီး၊ တိုးတက်မှုတွေ ဆက်ဖြစ်လာစေဖို့ အကူအညီတွေ ပေးသွားဖို့လည်း ရှိတယ်လို့ သမ္မတရဲ့ အမျိုးသားလုံခြုံရေးကောင်စီ အကြံပေးပုဂ္ဂိုလ် Susan Rice က ပြောသွားပါတယ်။
အာရှပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့ အနာဂတ်မူဝါဒတွေနဲ့ ပတ်သက်ပြီး ဝါရှင်တန်ဒီစီက ဂျော့ရှ်တောင်းတက္ကသိုလ်မှာ မနေ့တုန်းက Susan Rice က မိန့်ခွန်းပြောဆိုရာမှာ အာရှပစိဖိတ်ဒေသတလွှား အမေရိကန် နိုင်ငံခြားရေးမူဝါဒတွေကို ရှင်းလင်းပြောဆိုခဲ့တဲ့အထဲ မြန်မာနိုင်ငံ အခြေအနေကိုပါ ထည့်သွင်းပြောဆိုသွားတာပါ။
အာရှဒေသတလွှား ဒီမိုကရေစီ ခိုင်မာဖြစ်ထွန်းရေးမှာ တကယ်လုပ်သွားမယ်ဆို ရင် အချိန်တိုအတွင်း ဖြစ်နိုင်ချေရှိတယ်ဆိုတာကို မြန်မာနိုင်ငံကို ဥပမာထားပြီး Susan Rice က ပြောသွားခဲ့ပါတယ်။
“ပြည်သူတွေ နိုင်ငံရေးဘဝမှာ ပိုပြီး ပါဝင်ပတ်သက်လာနိုင်ဖို့အတွက် အာရှတလွှား ဒီမိုကရေစီ ခိုင်မာ ကျယ်ပြန့်လာစေဖို့ အခု ရာစုနှစ် အစောပိုင်းကာလကတည်းက အမေရိကန်ပြည်ထောင်စုက ကူညီဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံမှာ တွေ့ရတဲ့ လျှင်မြန်တဲ့ အပြောင်းအလဲတွေဟာ နှစ်နှစ်အတွင်းမှာတင် တကယ့်ကို ဖြစ်နိုင်အောင် လုပ်နိုင်ချေ ရှိတယ်ဆိုတာ ပြနေပါတယ်။ မြန်မာနိုင်ငံဟာ စစ်အစိုးရအောက်မှာ အထီးကျန်ဖြစ်ခဲ့ပြီး၊ တုန်လှုပ်စရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ဖြစ်ခဲ့ ပါတယ်။ သမ္မတအိုဘားမား သမ္မတတာဝန်ယူတဲ့အချိန်မှာ ဒေါ်အောင်ဆန်း စုကြည်ဟာ ၁၄ နှစ်ကြာ နေအိမ်အကျယ်ချုပ် ကျခံနေရပါတယ်။ လွတ်လပ်စွာ ပြောဆိုတာတွေနဲ့တင် ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ ထောင် သွင်း အကျဉ်းချ ခံထားရပါတယ်။ မြန်မာခေါင်းဆောင်တွေအနေနဲ့ကလည်း အခြားလမ်း မရွေးသမျှ ကြီးမားတဲ့ စီးပွားရေးဖိအားအောက်မှာ နိုင်ငံတကာရဲ့ ဝိုင်းပယ်မှုကို ခံခဲ့ရပါတယ်။”
မြန်မာနိုင်ငံတွင်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာတာအပါအဝင် ပြုပြင်
ပြောင်းလဲမှုတွေ ရှိလာတာကြောင့် အမေရိကန်အနေနဲ့ မြန်မာ့ဒီမိုကရေစီရေး အတွက် မြန်မာတာဝန်ရှိသူတွေနဲ့ အနီးကပ် ထိစပ်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့ တယ်လို့ ဆိုပါတယ်။ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကိုလည်း ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲတရပ်ဖြစ်စေဖို့ အကူအညီ ပေးသွားဖို့ရှိတယ် လို့လည်း ပြောပါတယ်။
ဒါပေမဲ့ အခုလို အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေကြားကပဲ မြန်မာ အနေနဲ့ အရေးတကြီး ကိုင်တွယ်ဆောင်ရွက်ရမယ့် ပြဿနာတရပ် ရှိသေးတာကိုလည်း ထောက်ပြပါတယ်။ ဒါကတော့ လူမျိုးရေးတင်းမာမှုတွေပါ။
“မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီစနစ်ကို လုံး၀ အသွင်မပြောင်းနိုင်ခင်မှာ အကြီးအကျယ်ကို လုပ်ဆောင်စရာတရပ် ရှိပါသေးတယ်။ လူမျိုးရေးတင်းမာမှုနဲ့ အကြမ်းဖက်မှုတွေကို ဘယ်လိုကျော်လွှားမလဲ၊ ရိုဟင်ဂျာလို အားနည်းတဲ့ လူနည်းစုတွေကို ဘယ်လို အကာအကွယ်ပေးသွားမလဲ စဉ်ဆက်မပြတ်
စောင့်ကြည့်သွားဖို့ လိုပါတယ်။ တိုးတက်မှုတွေ ဆက်ရှိသွားရင်တော့ သမ္မတ အိုဘားမားရဲ့ ဒုတိယသမ္မတသက်တမ်းအကုန်ပိုင်းမှာ မြန်မာအနေနဲ့ အလားအလာကောင်းတဲ့ ပေါ်ထွန်းစ ဒီမိုကရေစီနိုင်ငံအနေနဲ့ ဒေသတွင်း
ခေါင်းဆောင်မှုတရပ်အဖြစ် ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့ ကျမတို့ အကူအညီတွေ ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။”
မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲရေးမှာ လှမ်းလာတဲ့ ခြေလှမ်း တလှမ်းချင်းအလိုက် အမေရိကန်အနေနဲ့ တုန့်ပြန် ပူးပေါင်းဆောင်ရွက် သွားမယ်လို့ အစောပိုင်းကာလတွေကတည်းက အမေရိကန် တာဝန်ရှိသူတွေက ကတိပြုခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံအပေါ် ဆက်ဆံရေးဟာ အမေရိကန်အနေနဲ့ အရင်နဲ့မတူပဲ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံလာခဲ့တာပါ။
“ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းတွေအတွက် ထောက်ပံ့ကူညီသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပိုပြီး ပွင့်လင်းပြောင်းလဲမှုတွေ ဖြစ်လာတာနဲ့အမျှ အမေရိကန်အနေနဲ့ မြန်မာအပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို လျှော့ပေးပြီး၊ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြဖို့ အားပေးတိုက်တွန်းနေပါတယ်။ တင်းကျပ်တဲ့ အာဏာရှင်စနစ်အောက် နှစ်အတန်ကြာ နစ်နာခံစားခဲ့ရတဲ့ ပြည်သူတွေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်း တတ်ကြွလှုပ်ရှားသူတွေကို အင်နဲ့အားနဲ့ အကူအညီတွေ ပေးနေပါတယ်။”
တချိန်တည်းမှာပဲ ဒေသတွင်းက ကျန်းမာရေး၊ လူမှုရေးနဲ့ အရပ်ဖက် အခွင့်အရေးဆိုင်ရာ တိုးတက်ကောင်းမွန်လာဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ရှင်းလင်းသွားရင်း၊ ဒီလိုကိစ္စရပ်တွေမှာ အမျိုးသမီးတွေ ပိုမို ပူးပေါင်းပါဝင်လာနိုင်ဖို့ အမေရိကန်ရဲ့ ကူညီကြိုးပမ်းမှုကိုလည်း Susan Rice က ပြောခဲ့ပါတယ်။