သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် ကာကွယ်ရေးဝန်ကြီး၂ ဦး သီးသန့်တွေ့ဆုံ


အမေရိကန် ယာယီကာကွယ်ရေးဝန်ကြီး Patrick Shanahan နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး Wei Fenghe (မေ၊ ၃၁၊ ၂၀၁၉)
အမေရိကန် ယာယီကာကွယ်ရေးဝန်ကြီး Patrick Shanahan နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး Wei Fenghe (မေ၊ ၃၁၊ ၂၀၁၉)

အမေရိကန် ယာယီကာကွယ်ရေးဝန်ကြီး Patrick Shanahan နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး Wei Fenghe တို့ သောကြာနေ့မှာ စင်္ကာပူနိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အမေရိကန်အပေါ် အခွန်တိုးကောက်တဲ့ တရုတ်ရဲ့ လုပ်ရပ်အမှားကို ပြင်ဆင်ရေး အမေရိကန်က ပြောဆိုဖို့နဲ့ အမေရိကန်-တရုတ် စစ်ရေးဆိုင်ရာ ဆက်ဆံရေးတည်ဆောက်ဖို့ အမေရိကန်ယာယီကာကွယ်ရေးဝန်ကြီးက ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

နှစ်စဉ်ကျင်းပနေတဲ့ Shangri-La ကာကွယ်ရေးအစည်းအဝေးကို အကြီးအကဲ ၂ ယောက်တို့ တက်ရောက်ဖို့ လာရင်း တွေ့ဆုံဆွေးနွေး ဖြစ်တာပါ။ ၂ နိုင်ငံကြား ကုန်သွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေကြောင့် ဆက်ဆံရေး တင်းမာလာခဲ့တာလည်း ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း လူလုပ်ကျွန်းတွေအပေါ် တရုတ်က အလွန်အကျွံ စစ်တပ်ချထားတဲ့အပေါ်မှာ စနေနေ့ မိန့်ခွန်းကြီးပြောခဲ့အခါ ထည့်ပြောသွားမယ့်အကြောင်း၂ နိုင်ငံအကြီးအကဲတွေ မတွေ့ဆုံခင် Shanahan က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မြေပြင်ကနေ ဝေဟင်ကို ပစ်နိုင်တဲ့ မစ်ဆိုင်းဒုံးတချို့ကို တရုတ်က နေရာချထားပြီး အငြင်းပွားဖွယ်ဖြစ်နေတဲ့ တခြားနိုင်ငံက တရုတ်စစ်စခန်းတွေမှာလည်း စစ်လေယာဉ်တွေ ဆင်းနိုင်ဖို့ ပြေးလမ်းရှည်တွေ ဆောက်ထားပါတယ်။

အကြီးအကဲ ၂ ယောက် သောကြာနေ့က မိနစ် ၂၀ ကြာ တွေ့ဆုံခဲ့တဲ့ အစည်းအဝေးအတွင်း နားလည်မှုလွဲမှုနဲ့ တွက်ချက်မှု လွဲမှားတာတွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြောင်း Shanahan ရုံး ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

ပါကစ္စတန် နဲ့ အာဖဂန် ခေါင်းဆောင် ၂ ဦး တွေ့ဆုံ
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG