သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သွင်းကုန် တရုတ်အခွန်မြှင့်


တရုတ်နိုင်ငံဟာ ဒေါ်လာဘီလျံနဲ့ချီ တန်ဖိုးရှိတဲ့ အမေရိကန် ကုန်ပစ္စည်းတွေကို ဒီကနေ့မှာပဲ စပြီး အခွန်တိုးကောက်လိုက်ပါတယ်။ တရုတ်ဆက်သွယ်ရေး ကုမ္ပဏီကြီးတခုဖြစ်တဲ့ Huawei ကုမ္ပဏီကို လိုအပ်တဲ့ ကုန်ပစ္စည်းတွေ ရောင်းချပေးနေတာကို ရပ်လိုက်တာကြောင့်ဒါကို ပြန်ပြီး လက်တုံ့ပြန် ဒဏ်ခတ်တဲ့အနေနဲ့ လုပ်တာဖြစ်တယ်လို့ လေ့လာအကဲခတ်ပြောတဲ့ "စိတ်မချရတဲ့ ကုမဏီများစာရင်း" ဆိုတဲ့ နာမည်ပျက်စာရင်းတခု တရုတ်က ထုတ်ဖို့လည်း လုပ်နေပါတယ်။

အချို့ ပြည်ပနိုင်ငံက ကုမ္ပဏီတွေဟာ စီးပွါးရေးအတွက်မဟုတ်တဲ့ ဈေးကွက်စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး အမေရိကန်ကုမ္ပဏီတွေလို့ တိုက်ရိုက် မရည်ညွှန်းပဲ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ Gao Feng က တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။

နိုင်ငံတကာ စီးပါွးရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ နိုင်ငံစုံ ကူးသန်းရောင်းဝယ်ရေးစနစ်ကို အကာအကွယ်ပေးဖို့အတွက် “စိတ်မချရတဲ့ ကုမ္ပဏီများ စာရင်း” ထုတ်ပြန်မှာဖြစ်တယ်လို့ ပြောခွင့်ရ Feng ကပြောဆိုသွားပါတယ်။

တနိုင်ငံထဲကြီးစိုးလုပ်ကိုင်တဲ့ ဝါဒ၊ ကုန်သွယ်ရေး အကာအကွယ်ပေးရေးဝါဒတွေက နေကာကွယ်ဖို့အပြင် တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး၊ ပြည်သူ့အကျိုးစီးပွါးနဲ့ စီးပါွးရေးလုပ်ငန်းတွေရဲ့ တရားဝင် အခွင့်အရေးနဲ့ အကျိုးစီးပွါးကို ကာကွယ်ဖို့ ခုလိုလုပ်ဆောင်ရတာဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။

ဒေါ်လာ ဘီလျံ ၂၀၀ တန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အမေရိကန်က ၂၅ ရာခိုင်နှုန်း အခွန်တိုးကောက်တာကို လက်တုန့်ပြန်တဲ့အနေနဲ့ ဒေါ်လာ ၆၀ ဘီလျံ တန်ဖိုးရှိတဲ့ အမေရိကန်သွင်းကုန်ပစ္စည်းတွေကို တရုတ်ဘက်ကလည်း ၅ ရာခိုင်နှုန်း ကနေ ၂၅ ရာခိုင်နှုန်း ထိ အခွန်တိုးကောက်လိုက်တာဖြစ်ပါတယ်။

အမေရိကန်သွင်းကုန် တရုတ်အခွန်မြှင့်
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG