သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရောက် တရားမဝင်နေထိုင်သူတွေ ပြန်လည်လက်ခံဖို့ ကိုလံဘီယာ သဘောတူ


အမေရိကန်သမ္မတ Donald Trump (ဝဲ) နဲ့ ကိုလံဘီယာသမ္မတ Gustavo Petro (ယာ)
အမေရိကန်သမ္မတ Donald Trump (ဝဲ) နဲ့ ကိုလံဘီယာသမ္မတ Gustavo Petro (ယာ)

အမေရိကန်မှာ တရားမဝင် လာရောက်နေထိုင်သူတွေပြန်ပို့ရေး ကိုလံဘီယာနိုင်ငံနဲ့ သဘောတူညီမှု ရပြီဖြစ်တာကြောင့် ကိုလံဘီယာနိုင်ငံအပေါ် အခွန်ကောက်မယ့်အစီအစဉ်တွေကို ပြန်ရုပ်သိမ်း လိုက်ကြောင်း သမ္မတ အိမ်ဖြူတော်က ဇန်နဝါရီ ၂၆ ရက်၊ တနင်္ဂနွေနေ့နှောင်းပိုင်းမှာ ကြေညာပါတယ်။

စစ်လေယာဉ်တွေနဲ့ ပို့တဲ့အစီအစဉ်အပါအဝင် အမေရိကန်ကို တရားမဝင်ရောက်နေတဲ့ ကိုလံဘီယာ နိုင်ငံသားတွေကို ကန့်သတ်ချက်မရှိ အကုန်ပြန်လက်ခံဖို့ သဘောတူလိုက်တဲ့အကြောင်း အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။အစောပိုင်းတုန်းကတော့ အမေရိကန် စစ်လေယာဉ်နဲ့ ပို့လာတဲ့ နိုင်ငံသားတွေကို ပြန်လက်မခံနိုင်ကြောင်း ကိုလံဘီယာသမ္မတ Gustavo Petro က ငြင်းဆန်ခဲ့ပြီး သူ့နိုင်ငံသားတွေကို အရပ်ဘက်သုံးလေယာဉ်နဲ့ ပြန်ပို့ပေးတာအပါအဝင် ဂုဏ်သိက္ခာရှိရှိ ဆက်ဆံဖို့ တောင်းဆိုခဲ့ပါတယ်။

ကိုလံဘီယာသမ္မတရဲ့ ငြင်းဆန်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အခွန်တိုးကောက်တာအပြင် ဒဏ်ခတ် အရေးယူမှုတွေပါ ချမှတ်သွားမယ်လို့ သမ္မတ Trump အစိုးရက ပြန်လည် ခြိမ်းခြောက်ခဲ့ပါတယ်။

ကိုလံဘီယာနိုင်ငံသား တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကိုတင်ဆောင်လာတဲ့ ပထမဆုံးလေယာဉ် မဆိုက်ရောက်မချင်း ကိုလံဘီယာအစိုးရအရာရှိတချို့အပေါ် ချမှတ်ထားတဲ့ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ချက်တွေနဲ့ ကိုလံဘီယာကတင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို တိုးမြှင့်စိစစ်တဲ့ အစီအစဉ်ကို ဆက်လက် ထားရှိသွားမယ်လို့လည်း အမေရိကန်သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ရောက် တရားမဝင်နေထိုင်သူတွေ ပြန်လည်လက်ခံဖို့ ကိုလံဘီယာ သဘောတူ
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG