သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်က ပြန်ပို့တဲ့ ရွှေ့ပြောင်းတွေ ကိုလံဘီယာ လက်မခံ 


 ကိုလံဘီယာသမ္မတ Gustavo Petro
ကိုလံဘီယာသမ္မတ Gustavo Petro

ရွှေ့ပြောင်းဝင်ရောက်သူတွေကို သယ်ဆောင်လာတဲ့ အမေရိကန် လေယာဉ် ၂ စင်း ကို လက်မခံခဲ့တဲ့ အတွက် ကိုလံဘီယာ အစိုးရ အပေါ်မှာ သွင်းကုန်ခွန်၊ ပြည်ဝင်ခွင့် တားမြစ်ချက် အပြင် လက်တုံ့ပြန် အရေးယူမှုတွေ လုပ်ဖို့ ညွှန်ကြားခဲ့ကြောင်း အမေရိကန် သမ္မတ Donald Trump က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ကိုလံဘီယာ သမ္မတ Gustavo Petro ရဲ့ ဆုံးဖြတ်ချက်က အမေရိကန် အမျိုးသား လုံခြုံရေးကို ထိခိုက်စေတာကြောင့် အခုလို အရေးယူ ဆောင်ရွက်ဖို့ လိုအပ်တာ ဖြစ်တယ်လို့လည်း သမ္မတ Trump က ပြောပါတယ်။ ဒါ အစပဲ ရှိသေးတယ်လို့လည်း သမ္မတ Trump က သူ့ရဲ့ လူမှုကွန်ရက် Truth Social မှာ ရေးသားခဲ့ပါတယ်။

အမေရိကန်နိုင်ငံတွင်းကို အတင်းအဓမ္မ စေလွှတ်ခဲ့တဲ့ ရာဇဝတ်သားတွေ ပြန်လာတာကို လက်ခံရမယ့် ကိုလံဘီယာ အစိုးရ အနေနဲ့ ဥပဒေကြောင်းအရ လိုက်နာ လုပ်ဆောင်ရမှာတွေကို ချိုးဖောက်ခွင့် ပြုမှာ မဟုတ်ဘူးလို့လည်း အမေရိကန် သမ္မတက ပြောပါတယ်။

အမေရိကန် သမ္မတ Trump အစိုးရ အနေနဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ဂုဏ်သိက္ခာရှိရှိ ဆက်ဆံမယ့် လုပ်ငန်းစဉ် တခု မချမှတ် မချင်း အမေရိကန်ကနေ ရွှေ့ပြောင်းအခြေချသူတွေကို ပြန်ပို့တဲ့ လေယာဉ်တွေကို ကိုလံဘီယာ အစိုးရက လက်မခံဘူးလို့ ကိုလံဘီယာ သမ္မတ Petro က တနင်္ဂနွေနေ့ အစောပိုင်းမှာ ပြောဆိုထားပါတယ်။

ကိုလံဘီယာ သမ္မတ Petro က X လူမှုကွန်ရက်မှာ ပိုစ့် ၂ ခုတင်ပြီး အခုလို ကြေညာခဲ့တာပါ။ သူ တင်ထားတဲ့ ပိုစ့် တခုထဲမှာတော့ ဘရာဇီလ်းကို ပြန်ပို့မယ်လို့ ဆိုတဲ့ လက်ထိပ် ခြေကျင်းတွေ ခတ်ခံထားရတဲ့ ရွှေ့ပြောင်း အခြေချသူတွေ လေယာဉ်ကွင်းမှာ လမ်းလျှောက်နေတဲ့ ဗွီဒီယိုကိုလည်း တင်ထားပါတယ်။

ရွှေ့ပြောင်း အခြေချသူဟာ ရာဇဝတ်သား မဟုတ်ကြောင်း၊ လူ့ဂုဏ်သိက္ခာနဲ့ အညီ ဆက်ဆံရမှာ ဖြစ်ကြောင်း၊ ဒါကြောင့်လည်း ကိုလံဘီယာ ရွှေ့ပြောင်းတွေ ခေါ်ဆောင်လာတဲ့ အမေရိကန် စစ်လေယာဉ် ၂ စင်း ကို ပြန်လွှတ်ခဲ့တာ ဖြစ်တယ်လို့ ကိုလံဘီယာ သမ္မတက ပြောဆိုထားပါတယ်။

အမေရိကန်က ပြန်ပို့တဲ့ ရွှေ့ပြောင်းတွေ ကိုလံဘီယာ လက်မခံ
please wait

No media source currently available

0:00 0:01:34 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG