သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာတရားမဝင် ရာနဲ့ချီ ဖမ်းဆီး နေရပ်ပြန်ပို့


တရားမဝင် နိုင်ငံထဲရောက်နေပြီး ပြစ်မှုကျူးလွန်သူတွေကို စစ်လေယာဉ်တွေနဲ့ နေရပ်ပြန်ပို့ခဲ့တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ Karoline Leavitt က X လူမှုကွန်ရက်မှာ ထုတ်ပြန်ထားတဲ့ ဓါတ်ပုံ
တရားမဝင် နိုင်ငံထဲရောက်နေပြီး ပြစ်မှုကျူးလွန်သူတွေကို စစ်လေယာဉ်တွေနဲ့ နေရပ်ပြန်ပို့ခဲ့တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ Karoline Leavitt က X လူမှုကွန်ရက်မှာ ထုတ်ပြန်ထားတဲ့ ဓါတ်ပုံ

အမေရိကန်ပြည်ထောင်စုတဝန်း တရားမဝင်နေထိုင်နေသူ ၅၀၀ ကျော်ကို ကြာသပတေးနေ့က ဖမ်းဆီးခဲ့သလို အများအပြားကို စစ်လေယာဉ်တွေနဲ့ နိုင်ငံထဲကနေ နှင်ထုတ်ခဲ့တယ်လို့ အိမ်ဖြူတော်က ပြောကြားပါတယ်။ တရားမဝင် ဝင်ရောက်လာသူ အမြောက်အများကို နှင်ထုတ်မယ်လို့ သမ္မတ ကတိပြုထားတဲ့အတိုင်း တရားမဝင် နိုင်ငံထဲရောက်နေပြီး ပြစ်မှုကျူးလွန်သူ ၅၃၈ ယောက်ကို ဖမ်းဆီးခဲ့သလို ရာနဲ့ချီကို စစ်လေယာဉ်တွေနဲ့ နေရပ်ပြန်ပို့ခဲ့တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ Karoline Leavitt က X လူမှုကွန်ရက်မှာ ရေးတင်ခဲ့ပါတယ်။

ဇန်နဝါရီ ၂၃ ရက်၊ ကြာသပတေးနေ့မှာပဲ အမေရိကန် လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေဟာ New Jersey ပြည်နယ်၊ Newark မြို့က အလုပ်ရုံတခုကို ကြာသပတေးနေ့က ဝင်ရောက် စီးနင်းပြီး နေထိုင်ခွင့် အထောက်အထားမရှိသူတွေသာမက အမေရိကန်နိုင်ငံသားတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေထဲ စစ်မှုထမ်းဟောင်းတွေ ပါဝင်တာကြောင့် နိုင်ငံသားအခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်လို့ Newark မြို့တော်ဝန်က‌ ပြောကြားခဲ့ပါတယ်။ တရားမဝင် ဝင်ရောက်လာသူတွေကို အကာအကွယ်ပေးထားတဲ့အတွက် Sanctuary ကွန်းခိုရာမြို့တွေလို့ တင်စားခေါ်နေတဲ့ မြို့တွေမှာ တရားမဝင်တွေကို ဖမ်းဆီးမယ်လို့ သမ္မတ Donald Trump ပြောထားတဲ့အတိုင်း Newark မြို့မှာ အဖမ်းအဆီးတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ အာဏာပိုင်တွေ ဝင်ရောက် စီးနင်းရှာဖွေတဲ့ အလုပ်ရုံနာမည်ကိုတော့ မြို့တော်ဝန်ရော လူဝင်မှုကြီးကြပ်ရေးအရာရှိတွေကပါ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

ဇန်နဝါရီ ၂၀ ရက်နေ့က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ တရားမဝင်လာရောက် နေထိုင်နေသူတွေ အားလုံးကို ဖမ်းဆီးပြီး နိုင်ငံထဲက နှင်ထုတ်ဖို့ သမ္မတ အမိန့်ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလို ဝင်ရောက်စီးနှင်း ဖမ်းဆီးမယ့် အစီအစဉ်ကို အဟန့်အတားလုပ်မယ့် အစိုးရအရာရှိတွေကိုလည်း အရေးယူမယ်လို့ သမ္မတ Trump က ခြိမ်းခြောက်ထားပါတယ်။ မက္ကဆီကိုနဲ့ တောင်ပိုင်းနယ်စပ်ကိုလည်း စစ်သား ၁၅၀၀ စေလွှတ်ထားပြီး နယ်စပ်ခြံစည်းရိုးကာတာအပြင် လေကြောင်းကနေလည်း ကင်းလှည့်ထောက်လှမ်းမှုတွေ လုပ်နေပါတယ်။

အမေရိကန်မှာတရားမဝင် ရာနဲ့ချီ ဖမ်းဆီး နေရပ်ပြန်ပို့
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG