သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"သံတမန်ရေးမှာ အမျိုးသားအကျိုးစီးပွားရေးကို ဗဟိုပြုမယ်" ကန်နိုင်ငံခြားရေးဝန်ကြီး


 အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသစ် Marco Rubio
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသစ် Marco Rubio

အမေရိကန် သမ္မတ Donald Trump က သူ့ရဲ့ ဒုတိယ သမ္မတသက်တမ်းကို စတင် တာဝန်ယူလာတာနဲ့ အတူပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသစ် Marco Rubio က အမေရိကန် သံတမန်ရေးမှာ အမေရိကန် အမျိုးသား အကျိုးစီးပွားကို ဗဟိုပြုမှာ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။ သမ္မတ Trump က အစိုးရ အဖွဲ့ဝင်တွေ အဖြစ် အမည်တင်သွင်းခံရသူတွေထဲမှာ Rubio ကို အထက်လွှတ်တော်က ပထမဆုံး အတည်ပြုပေးခဲ့တာ ဖြစ်ပြီး နိုင်ငံခြားရေး ဝန်ကြီး အဖြစ် စတင် တာဝန်ယူနေပြီ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ နိုင်ငံခြား ဆက်ဆံရေးမှာ ငွေကြေး အသုံးပြုမှုနဲ့ ဆောင်ရွက်မှုတွေ အတွက် ဆန်းစစ်ရမယ့် အချက် သုံးချက်ကိုလည်း ဝန်ကြီး Rubio က မစ်ရှင် ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အဲဒီ အချက် သုံးချက်ကတော့ အမေရိကန် ပိုပြီး ဘေးကင်းလုံခြုံမှု ရှိစေမလား၊ အမေရိကန် ပိုပြီး ခိုင်မာအားကောင်း စေမှာလား ၊ အမေရိကန် ပိုပြီး ကြွယ်၀ ချမ်းသာ စေမှာလားဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ အမျိုးသား အကျိုးစီးပွား တိုးတက်ရေး အတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ ပိုပြီး ဆန်းသစ်တီထွင်၊ ထက်မြက် ကျွမ်းကျင်ပြီး ပြတ်ပြတ်သားသား ဖြစ်အောင် တည်ဆောက်မယ်လို့လည်း ဝန်ကြီး Rubio က ပြောပါတယ်။

ဒီလို တည်ဆောက်ရေး အတွက် ဦးစားပေး သတ်မှတ်ချက် တချို့ကို အစားထိုး၊ တချို့ကိစ္စတွေကို အာရုံစိုက်မှုလျှော့ပြီး တချို့ ဆောင်ရွက်ချက်တွေကိုတော့ ရပ်ဖို့ လိုအပ်မယ်လို့လည်း သူက ပြောပါတယ်။ အထောက်အထားမဲ့ ရွှေ့ပြောင်းတွေ အမေရိကန် ပြည်ထောင်စု အတွင်း ဝင်ရောက်မှုကို အဆုံးသတ်ဖို့ သမ္မတ Trump ရဲ့ ကတိကဝတ်ကိုလည်း နိုင်ငံခြားရေး ဝန်ကြီး Rubio က ထင်ဟပ် ပြောဆိုပါတယ်။ ရွှေ့ပြောင်း ဝင်ရောက်မှုတွေကို အားပေးတဲ့ ဒါမှမဟုတ်လည်း ဆောင်ရွက်ပေးတာမျိုး နိုင်ငံခြားရေး ဝန်ကြီးဌာန အနေနဲ့ လုပ်တော့မှာ မဟုတ်ဘူးလို့ ဝန်ကြီး Rubio က ပြောပါတယ်။

Forum

XS
SM
MD
LG